Friday, May 1, 2020

Covid-19 အတည်ပြုလူနာအမှတ် ၁၅၁ နေထိုင်သော အိမ်နှင့်လမ်းကို Lockdown ချပြီး မိသားစုဝင်များကို Quarantine Center သို့ပို့မည်

No photo description available.
ယနေ့မေလ ၁ ရက်နေ့နံနက် ၇ နာရီအချိန် MoHS၏ထုတ်ပြန်ကြေညာချက်အရ ထပ်တိုးလူနာသစ် ၁ ဦးတွေ့ရှိခဲ့ပြီး အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်ကြောင်းသိရှိသည်။

အဆိုပါ လူနာအမှတ် ၁၅၁ မှာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်း ( BPI မှတ် တိုင်အနီး )တွင် နေထိုင်သူဖြစ်ပြီး ၎င်းနေထိုင်သည့် ခဝဲခြံ ၂လမ်းနေအိမ်နှင့်လမ်းကို Lock Down ချခြင်း၊ မိသား စုဝင်များကို Quarantine Centerသို့ပို့ဆောင်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု အင်းစိန်မြို့နယ်မှ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဝေဖြိုးဟန်က ၎င်း၏ Facebook မှ အသိပေးရေးသားထားသည်။
MoHS ၏ ထုတ်ပြန်မှုအရ အင်းစိန်မှ ထပ်တိုးလူနာသစ်သည် ပိုးရှိလူနာများနှင့်ထိတွေ့မှု မရှိခဲ့သလို ပြည်ပခရီးသွား ရာဇဝင်လည်းမရှိခဲ့ဟု သိရှိရသည်။

သို့သော် အဆိုပါလူနာမှာ အင်းစိန်ဆေးရုံကြီးမှစောင့်ကြည့်လူနာတစ်ဦးဖြစ်ပြီး တောင်ဥက္ကလာပ ဆေးရုံသို့လွှဲပြောင်းပို့ဆောင်မည်ဟုလည်း MoHS၏ ထုတ်ပြန်မှုအရ သိရှိရသည်။
No photo description available.
Source - Wai Phyo Han

0 comments:

Post a Comment