မြန်မာနိုင်ငံ၏ အနောက်ဘက်ခြမ်းလုံခြုံရေးအတ ွက် ရခိုင်ပြည်နယ်အတွင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ်ဒေသ လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ်ဆောင်ရွက်လျက်ရှိသ ည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည ် ဧပြီ ၂၉ ရက်နံနက်ပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်အမှတ် ဘီပီ-၄၁ ၏မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ သို့အရောက်၌ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးအားတွေ့ရှိခ ဲ့သောကြောင့် စစ်ဆေးရန် ခေါ်ယူခဲ့ရာ လာရောက်ခြင်းမရှိဘဲထွက်ပြေး သွားခဲ့သဖြင့် သတိပေးပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရသည်။ ၎င်းတို့ထွက်ပြေးသွားရာနေရာ တစ်ဝိုက်အား လိုက်လံရှာဖွေခဲ့ရာ ဘင်္ဂါလီအမျိုး သားနှစ်ဦးအား Unicef တံဆိပ်ပါအပြာနုရောင် ကျောပိုးအိတ်အတွင်းမှ အချင်း ၄ လက်မ၊ အမြင့် ၆ လက်မရှိ သံဘူးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မိုင်းပြု လုပ်ရာတွင်အသုံးပြုသည့် ဝါယာကြိုးများ၊ ဓာတ်ခဲများ၊ ဓားရှည် ၁ ချောင်း၊ WY စာတန်း ပါ စိတ် ကဆေးပြား ၄၇၅၀၀ ပြားတို့နှင့်အတူ အသေတွေ့ရှိဖမ်းဆီးရမိခဲ့ပြီ း ၎င်းတို့ နှစ်ဦးမှာ နယ်စပ်မျဉ်းတစ်လျှောက်လုံခြ ုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ခြ င်းများကို ပြုလုပ်လျက်ရှိသည့် ARSA အစွန်း ရောက်ဘင်္ဂါလီအကြမ်းဖက်သမား များနှင့် ပတ်သက်ဆက်နွယ်နေသူများဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖ က်သမားများနှင့် ပတ်သက်ဆက် နွယ်နေသည့် အသေဖမ်းဆီးရမိဘင်္ဂါလီအမျို းသား ၂ ဦး၏ ရုပ်အလောင်းများ၊ မူးယစ်ဆေး ဝါး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အ ညီဆောင်ရွက်နိုင်ရေး အောင်ဇူနယ်မြေရဲစခန်းသို့ ဆက်လက်လွှဲပြောင်းသွားမည်ဖြ စ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရ ေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
Source :တပ်မတော် #Myanmar_Online_News
0 comments:
Post a Comment