မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၉ ရက်နေ့ထိ စက်ရုံအလုပ်ရုံ စုစုပေါင်း ၂၈၀ ဖွင့်ခွင့်ပြုထားပြီးဖြစ်ကာ ၃၃၉ ရုံအား စစ်ဆေးပြီးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးက သိရသည် ။
စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများ၊ ဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ COVID ကာကွယ်ရေးနှင့်ပတ်သက်ပြီး ထုတ်လုပ်သည့် စက်ရုံများ၊ တိရိစ္ဆာန်အစား အစာ ဆေးဝါးထုတ်လုပ်သည့် စက်ရုံများ စသည်တို့ကို ယခင်ကတည်းက ဖွင့်ရန်ညွှန်ကြားထားကြောင်း သိရသည်။
``စက်ရုံတွေကို စစ်တဲ့အချိန်မှာလည်း အရင်ကတည်းက ပိတ်ဖို့မပြောတဲ့ စက်ရုံတွေကို ဦး စားပေးစစ်တယ်။ စစ်ပြီးတော့ ဒီစက်ရုံတွေထဲကပဲ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ စက်ရုံတွေကို စစ်လည်းစစ်တယ်။ ဖွင့်ခွင့်လည်း စစ် ဆေးရေးအဖွဲ့က တစ်ခါတည်းလုပ်ဆောင်ပေးတယ်´´ ဟု မန္တလေးတိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးစိန်မြင့် က ပြောသည် ။
စက်ရုံများကို စစ်ဆေးရာတွင် မြို့နယ် အ လုပ်သမားရေးရာဦးစီးဌာန၊ ထွေ/အုပ်၊ စည် ပင်သာယာ၊ ကျန်းမာ ရေးအဖွဲ့ ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီစသည့်အဖွဲ့များ စုပေါင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည် ။
ထိုသို့ စစ်ဆေးရာတွင် စက်ရုံအလုပ်ရုံများသည့် မြို့နယ်များတွင် တစ်ဖွဲ့မကဘဲ တစ်ဖွဲ့ထက်ပိုသည့် အဖွဲ့များဖွဲ့၍ စစ်ဆေးရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားပြီးဖြစ်သည် ။
Source - The Fifth Wave News
0 comments:
Post a Comment