ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်အတွင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံကြိုဆိုမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ဝင်ရောက်လုပ်ကိုင်သူများသာ ပြန်လည်ရောက်ရှိလာတာကိုလည်း တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် အတွင်းပိုင်းမှ ပြန်လာကြသူများမှာ ထိုင်းအစိုးရ၏ COVID-19 အရေးပေါ်ကာလ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရမိန့်ကို ထုတ်ပြန်ခြင်းနှင့် ခရိုင်းချင်း ဆက်သွယ်သွားလာမှု ကန့်သတ်တားမြစ် ထားမှုများကြောင့် နေရပ်ပြန်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရပါတယ်။
မြန်မာ-ထိုင်း အမှတ်၂ ချစ်ကြည်ရေးတံတား မြဝတီဘက်ခြမ်းသို့ ရောက်ရှိလာသူများကို စနစ်တကျ ကြိုဆိုပြီး social distance ဆောင်ရွက်မယ့်အနေအထားတွေရှိကြောင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးနေရန်အတွက် မြဝတီ ခရိုင်ကြက်ခြေနီမှလည်း လာရောက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ နေရပ်ပြန်လာသူများတွင် ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ လာရောက် ပို့ဆောင်ခဲ့သည့် မဲဆောက်အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံရသူ ၅၁ ဦးကို ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ရသေးသည့်အတွက် ကျန်းမာရေးစစ်ဆေးရန်အတွက် ထိုင်းနိုင်ငံ မဲဆောက်သို့ ထိုင်းရဲတပ်ဖွဲ့မှ ပြန်လည်ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
Ref; Eleven
#Myanmar_Online_News
>>zawgyi<<
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာတဲ့ ထိုင်းရောက်မြန်မာလုပ်သားတွေကို ယနေ့နံနက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် စတင် လက်ခံကြိုဆိုနေ
Friday, May 1, 2020
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား BCF ဇုန်အတွင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံကြိုဆိုမှု စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမဲဆောက်အပါအဝင် တာ့ခ်ခရိုင်အတွင်း ဝင်ရောက်လုပ်ကိုင်သူများသာ ပြန်လည်ရောက်ရှိလာတာကိုလည်း တွေ့ရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်အပါအဝင် အတွင်းပိုင်းမှ ပြန်လာကြသူများမှာ ထိုင်းအစိုးရ၏ COVID-19 အရေးပေါ်ကာလ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရမိန့်ကို ထုတ်ပြန်ခြင်းနှင့် ခရိုင်းချင်း ဆက်သွယ်သွားလာမှု ကန့်သတ်တားမြစ် ထားမှုများကြောင့် နေရပ်ပြန်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရပါတယ်။
မြန်မာ-ထိုင်း အမှတ်၂ ချစ်ကြည်ရေးတံတား မြဝတီဘက်ခြမ်းသို့ ရောက်ရှိလာသူများကို စနစ်တကျ ကြိုဆိုပြီး social distance ဆောင်ရွက်မယ့်အနေအထားတွေရှိကြောင်း ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်ပေးနေရန်အတွက် မြဝတီ ခရိုင်ကြက်ခြေနီမှလည်း လာရောက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ နေရပ်ပြန်လာသူများတွင် ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ လာရောက် ပို့ဆောင်ခဲ့သည့် မဲဆောက်အချုပ်ထောင်အတွင်း ပြစ်ဒဏ်ကျခံရသူ ၅၁ ဦးကို ကျန်းမာရေး စစ်ဆေးမှု မပြုလုပ်ရသေးသည့်အတွက် ကျန်းမာရေးစစ်ဆေးရန်အတွက် ထိုင်းနိုင်ငံ မဲဆောက်သို့ ထိုင်းရဲတပ်ဖွဲ့မှ ပြန်လည်ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။
Ref; Eleven
0 comments:
Post a Comment