အမျိုးသားလွှတ်တော်၊ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို မေလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့်အတွက် အဆိုပါ အစည်းအဝေးများသို့ တက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့နေထိုင်ရာ အဆောင်တွင် Quarantine ၅ ရက် နေရမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားကော်မတီဥက္ကဌ ဒေါက်တာဇော်လင်းထွဋ် ကပြောသည်။
ထို့အတူ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များလည်း အဆိုပါ ရောဂါပိုးရှိ မရှိ စစ်ဆေးနိုင်ရန်အတွက် နေပြည်တော်သို့ မေလ ၉ ရက် ၁၀ ရက်များတွင် အရောက် လာရမည်ဖြစ်ကြောင်း သိရသည်။
“လွှတ်တော်ကျင်းပရေးဗဟိုကော်မတီနဲ့ ကျန်းမာရေး၀န်ကြီးဌာန တို့၏ အစည်းအ ဝေးဆုံးဖြတ်ချက် အရ လွှတ်တော် မကျင်းပခင် တပတ်လောက်အလိုမှာ ကိုယ်စားလှယ် အားလုံးကို COVID ရှိ မရှိ ဓာတ်ခွဲစစ်ဆေးမယ်လို့ သိရတယ်။ ကိုယ်စားလှယ် အားလုံးကို ကိုယ်စားလှယ် အဆောင်တွေမှာ Home Quarantine ၅ ရက်ထားမယ်။ ၅ ရက်ပြည့်တာနဲ့ နှာခေါင်း၊ အာခေါင်ဖတ်တို့ကို နမူနာယူပြီး ကျန်းမာရေး၀န်ထမ်းတွေက လာယူပြီး ဓာတ်ခွဲစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု ဒေါက်တာဇော်လင်းထွဋ် ကပြောသည်။
ကိုယ်စားလှယ်များ နည်းတူ လွှတ်တော်ရေး ရာကော်မတီမှ ၀န်ထမ်းများကိုလည်း ရော ဂါပိုးရှိမရှိ စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုယ်စားလှယ်များ အနေဖြင့် နေ ပြည်တော်သို့ အစည်းအဝေး လာတက်ရောက်စဉ်အတွင်း မိသားစု ၀င် / လူပိုများခေါ်ဆောင်လာခြင်း မပြုရန် သတ်မှတ်ထားကြောင်း သိရသည်။
ယခု အကြိမ်ပြုလုပ်မည့်လွှတ်တော် အ စည်းအဝေးကို COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အစည်းအဝေးသို့ Lockdown ဧရိယာအတွင်းရှိ ကိုယ်စားလှယ်များ၊ Quarantine ၀င်နေရသည့် ကိုယ်စားလှယ်များ ရောဂါကူးစက်ခံထားရသည့် ကိုယ်စားလှယ်များအနေဖြင့် တက်ရောက်ရန်မလိုကြောင်းသိရသည်။
Ref ; The Fifth Wave News
0 comments:
Post a Comment