ကိုဗစ် အရေးပေါ်ကာလ ကြေငြာထားတဲ့ ဧပြီလအတွင်း ထိုင်းမြန်မာနယ်စပ် ချင်းရိုင် ဒေသကနေဝင်ရောက် လာနေတဲ့ မူးယစ်ဆေးဝါးတွေကို ထိုင်းနယ်ခြားစောင့် တပ်နဲ့ မူးယစ် နိမ်းနင်းရေးအဖွဲ့တွေဟာ ပိတ်ဆို့ဖမ်း ဆီးနိုင်ခဲ့ရာမှာ စိတ်ကြွဆေး ပြားပေါင်း (၉) သန်း နဲ့ ရာအိုင့် ရေခဲ ၃၉ ကီလိုနဲ့ အတူ မူးယစ်တရားခံတွေ အ များအပြား ဖမ်းဆီးနိုင်ခဲ့ရာမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
အများဆုံးဖမ်းဆီးနိုင်ငံခဲ့တာကတော့ ဧပြီလ ၂၉ ရက်နေ့က ချင်းဒေါင်ခရိုင် ကျောက်လှိုင် ငူအတွင်းဖွက်ထားတဲ့ wy1 ရာဘ စိတ်ကြွဆေးငါးသန်း သုံးသိန်းကျော်ကို နယ်ခြားကင်းလှည့်နေကြတဲ့ ထိုင်းတပ်ဖွဲ့ကတွေ့ရှိသွားခဲ့တာပါ၊ ယခုရက်ပိုင်းအတွင်း ချင်းရိုင်ဒေသမှာ စိတ်ကြွဆေးသယ်ဆောင် လာတဲ့ မူုးယစ်မှောင်ခိုဂိုဏ်းတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ချင်းရိုင်ခရိုင် Mae Salong တောင်တန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစိတ်ကြွ ဆေး တွေနဲ့အတူ မူးယစ်မှောင်ခိုသမားတစ်ဦးကို ဒဏ်ရာနဲ့ ဖမ်းမိခဲ့ပါတယ်။
ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ မူးယစ်သယ်ဆောင်အဖွဲ့တွေဟာအသုတ်လိုက် လမ်းကြောင်းတွေ ခွဲပြီး ထိုင်းနယ်မြေအတွင်း သယ်ဆောင်လာကြပြီး တချို့နယ်စပ် လမ်းကြောင်းတွေကနေ ဖမ်းမမိပဲ လွတ်ထွက်သွားခဲ့တာတွေလည်း တွေရပါတယ်။
ကိုဗစ်အရေးပေါ်ကာလ ထိုင်းနိုင်ငံအတွင်းအရက် မရောင်းရ တားမြစ်ထားတာကြောင့် အရက်အစား စိတ် ကြွဆေးတွေ ကို အစားထိုး သုံးလာနေတယ်လို့လည်း ထိုင်းသတင်းတွေမှာဖေါ်ပြနေပါတယ်၊ ထိုင်းမြန်မာနယ်စပ် မဲဆောက်နဲ့ မဲဆိုင် မြို့တွေမှာ စိတ်ကြွဆေး ရောင်းနေကြတဲ့ မြန်မာနိုင်ငံသား ၈ ဦးထက်မနည်း ဖမ်းမိသွားခဲ့တာကိုလည်း သတင်းတွေမှာတွေ့ရပါတယ်။
Source - SAW
0 comments:
Post a Comment