လတ်တလော ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်အေးနေဆဲဖြစ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
လတ်တလော ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်အေးနေဆဲဖြစ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မန်စီမြို့နှင့်မြန်မာနိုင်ငံ မန္တလေးမြို့ကို တိုက်ရိုက်ပြေးဆွဲနေတဲ့ မန်စီ-မန္တလေးလေကြောင်းခရီးစဉ်ကို ဇန်နဝါရီလ၂၁ရက်မှစတင် ပြန်လည်ပြေးဆွဲပေးမှာဖြစ်တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တဟုန်းပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားကို ယခုလအတွင်းပြန်ဖွင့်နိုင်ရန် သန့်ရှင်းရေးလုပ်ငန်းများစတင်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတစ်ဦးက MT News သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အောင်တိုင်ကျေးရွာအုပ်စု၊ ပလ္လင်ပြင်ကျေးရွာမှာ ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီလောက်က မိသားစု အမွေကိစ္စ စကားအချေအတင်စကားများကြရာကနေ ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေရောင်မေတ္တာဖောင်းဒေးရှင်း တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အောင်မြင့်မိုရ်အိမ်ရာနှင့် သန်လျင်-ကျောက်တန်းမြို့နယ်ရှိ သီလဝါအိမ်ရာမှ တန်ဖိုးနည်း/တန်ဖိုသင့်အခန်း ၂၀၄ ခန်းကို ဇန်နဝါရီလအတွင်း ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်း ကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ ကြောင်း ဇန်နဝါရီ ၁၇ ရက်ညပိုင်းတွင် နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေးအတိုင်းအတာတစ်ခုအထိ တိုးတက်လာပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိုင်းမောနှင့် နမ့်တစ်မြို့နယ်အပါအဝင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တို့တွင် အိမ်ထောင်စုလူဦးရေစာရင်း လေးထောင်ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ် တစ်သောင်းကျော်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံရှိ ဒေသအများအပြားသို့ ခရီးသွားလာခြင်း မပြုကြရန် ဗြိတိန်အစိုးရက ဇန်နဝါရီ ၁၆ ရက်တွင် အကြံပြုချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရုရှားဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ လုပ်မှာဖြစ်ပြီး ယူကရိန်းစစ်မြေပြင်မှာ လနဲ့ချီ အဆင်မပြေမှုတွေ ကြုံလာရပြီးနောက် သူ့ရဲ့ စစ်တပ်ဖွဲ့စည်းပုံကိုလည်း ပြန်ဖွဲ့စည်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ (၃၅)ကို ဇန်နဝါရီ ၁၇ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်ကိုင် အမျိုးသားတယောက် ဓားပြတိုက်ရာမှာ ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ယောက် ထပ်မံပြီးတော့ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံကနေ MOU စနစ်နဲ့ ပြည်ပမှာ တရားဝင်သွားရောက်လုပ်ကိုင်မယ့် ရွှေ့ပြောင်းလုပ်သားတွေကို ခြွင်းချက်အနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် ပေးထားတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် တရားမဝင်သွားရောက်မှုတွေ ပိုများလာနိုင်တယ်လို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။