Tuesday, January 17, 2023

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အာဆာနဲ့ ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၊ အမှတ်(၃)နယ်မြေ၊ တောင်ပြိုလက်ယာ အနီးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေနားမှာ၊ ဇန်နဝါရီလ ၁၈ရက်၊ ဒီကနေ့ မနက် ၇နာရီလောက်က အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်လို့ အမည် ပေးထားတဲ့ ARSA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့လက်အောက်က RAB အထူးတပ်ဖွဲ့တို့အကြား တိုက်ပွဲတစ်နာရီ နီးပါးကြာအောင် ဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
Rapid Action Battalion (RAB) ဟာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ အောက်မှာ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ပုံစံမျိုးဖြစ်ပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့နေရာက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ် နယ်စပ်မျဥ်းအနီး မြန်မာဘက်ခြမ်းမှာ နေထိုင် နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ မြောက်ဘက်မှာဖြစ်ပါတယ်။ ပစ်ခတ်မှုတွေကို တောင်ပြိုလက်ယာ ဘက်ကလည်း ကြားသိခဲ့ရသလို၊ ဘင်္ဂလားဒေ့ရှ် စခန်းတွေဘက်ကလည်း ကြားသိခဲ့ရတယ်လို့ ဆိုကြပါ တယ်။
ပစ်ခတ်တိုက်ခိုက်တွေအတွင်း ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုတွေရှိမရှိဆိုတာကို တိတိကျကျမသိရ သေးဘူး။
၂၀၂၂ခုနှစ် ဒီဇင်ဘာလကနေ ဇန်နဝါရီလ အတွင်း ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှား ဦးဆောင်ကြသူတွေ အယောက် ၂၀ လောက်ကို ARSA အဖွဲ့က ပစ်မှတ်ထားသတ်ဖြတ်ခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအရေး၊ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ Rohingya Society for Peace and Human Right(ARSPH) က ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ တောင်ပြိုလက်ဝဲအပိုင် ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်မိုင်တိုင် ၃၅ အနီးက စစ်ဘေး ရှောင် စခန်းတွေထဲမှာ အာဆာအဖွဲ့ဝင်တွေက ခြေကုတ်ယူပြီး နှစ်နိုင်ငံအတွင်းကရိုဟင်ဂျာ စခန်းတွေကို ဝင်ရောက်လှုပ်ရှားနေကြတာလို့လည်း ရိုဟင်ဂျာ ဒေသခံတွေက ပြောပြကြပါတယ်။
၂၀၁၈ခုနှစ်နောက်ပိုင်းကစလို့ အခုလိုသတ်ဖြတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅၀၀ လောက်သေဆုံးခဲ့ပြီလို့ NUG အစိုးရလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အကြံပေး ဖြစ်သူဦးအောင်ကျော်မိုးက သူရရှိထားတဲ့ အချက် အလက်တွေကို ကိုးကားပြောပြပါတယ်။
ကော့ဘဇားခရိုင်ထဲက အူကီးယား မြို့နယ် နဲ့ တက္ကနာဖ့် မြို့နယ်စတဲ့မြို့နယ် ၂ခုအတွင်း ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ ရိုဟင်ဂျာ ၉သိန်းကျော် နေထိုင်နေကြတာပါ။

ဓာတ်ပုံ - Getty
BBC

0 comments:

Post a Comment