Tuesday, January 17, 2023

Bar များ KTV များကို PDF ဗုံးခွဲနေသော်လည်း နေ့စဥ်သောက်စားပျော်ပါးနေသည့်ပြည်သူများကို အပြစ်မတင်ဟု NUG ယာယီသမ္မတ ပြော

စစ်ဘေးကြုံနေသည့် ပြည်သူအမြောက်အမြားရှိသလို နေ့စဥ်သောက်စားပျော်ပါးနေသည့် ပြည်သူများလည်း အမြောက်အမြားရှိနေသည်ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ပြောသည်။
လက်ရှိအခြေအနေတွင် NUG ၏ ဩဇာခံ PDF များက သောက်စားပျော်ပါးနေသည့်ပြည်သူများရှိရာ Bar များ KTV များကို ဖောက်ခွဲတိုက်ခိုက်နေသော်လည်း ဒူဝါလရှီးလကမူ ထိုသို့သော သောက်စားပျော်ပါးနေသူများကို အပြစ်မတင်ဟု ဆိုသည်။
"လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူ လူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်''ဟု ဒူဝါလရှီးလက ဆိုသည်။
ထို့ပြင် တစ်ဖက်တွင် တော်လှန်ခုခံနေသူများလည်း ရှိနေသလို အခြားတစ်ဖက်တွင်လည်း ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်များရှိကြောင်းလည်း ဒူဝါလရှီးလက ဆက်ပြောသည်။

0 comments:

Post a Comment