Tuesday, January 17, 2023

ဒေါ်လာဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်အေး

လတ်တလော ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်နဲ့ အရောင်းအဝယ်အေးနေဆဲဖြစ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။

ဇန်နဝါရီလအစမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်ထိ ကာလအတွင်း ပြင်ပဒေါ်လာလဲလှယ်နှုန်းက အမေရိကန်တစ်ဒေါ်လာကို ၂၈၅၀ ကျပ်မှ ၂၉၀၀ ဝန်းကျင်ကြားရှိပြီး အဲ့ဒီဈေးတန်းဝန်းကျင်မှာပဲ ငြိမ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ရွှေနဲ့ ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး ဒေါ်လာဈေးကစားသူတွေကိုစစ်ဆေးဆောင်ရွက်ကာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးရောက်အောင်ထိ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာကို အဓိကအားဖြင့် မဖြစ်မနေ တင်သွင်းရမယ့် သွင်းကုန်တွေအတွက် ဦးစားပေးရောင်းချပေးနေတယ်လို့ သိရပါတယ်။

အခြားငွေကြေးတွေအတွက် နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်လုပ်ငန်းစနစ် ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်ဖို့နဲ့ ယွမ်၊ ထိုင်းဘတ်ငွေတွေ ပြန်လည်ဝင်ရောက်လာစေဖို့ကိုလည်း ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြစ်ပြီး တရားမဝင် ပြင်ပဒေါ်လာပေါက်ဈေးနဲ့ ကွာဟချက်ကြီးမားတာကိုလျှော့ချနိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ် ၅ ရက်က စတင်ပြင်ဆင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။


MyanmaPlatform

0 comments:

Post a Comment