Tuesday, January 17, 2023

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်း ကူးတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ ကြောင်း ဇန်နဝါရီ ၁၇ ရက်ညပိုင်းတွင် နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ သံ တောင်ကြီးမြို့နယ်၊ သပြေညွန့်-မုတ္တိမြောင်-ဇင်းတိုင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်း ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲမှု ကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတား ပြို ကျပျက်စီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း ထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက် စီးခဲ့သည့်တံတားအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအ တွက် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။


Eleven

0 comments:

Post a Comment