Wednesday, October 23, 2013

အသုံးဝင် Windows Run Command များ


Windows ရဲ့  Run Command မှာ အသုံးဝင်မယ့် Command စာများကို မျှဝေ ပေးလိုက် ရပါတယ်။

[A]

Add/Remove Programs = appwiz.cpl
Administrative Tools = control admintools
Authorization Manager= azman.msc "New"

“သမိုင်းဝင်ဈေးများ တည်ရာမြို့နယ်”

Photo: “သမိုင်းဝင်ဈေးများ  တည်ရာမြို့နယ်”

ပန်းဘဲတန်းဆိုသည်မှာ သံထည်အမျိုးမျိုးကိုသွန်းထုသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းကြသူများ အခြေချနေထိုင်သောအရပ်ဖြစ်သည်။ “ဘုရားမတင်၊ နတ်မ၀င်” ပန်းဆယ်မျိုးမှာပါဝင်နေသည်။ မြန်မာအဘိဓာန်နှင့် စာလုံးပေါင်းသတ်ပုံကျမ်းအရ ပန်းပဲဟုသာရေးသားသုံးနှုန်းရမှာဖြစ်သော်လည်း ပန်းဘဲတန်းလို့ ရေးသားသုံးနှုန်းနေကြသည်။ သမိုင်းကြောင်းအရ ကုန်းဘောင်ခေတ်ဦးတွင် ပန်းဘဲ(ပဲ)လုပ်ကိုင်အသက်မွေးသူများနေထိုင်ခဲ့ရာဖြစ်သည်။ မြတ်ဘုရားရွှေတိဂုံကို မင်းတုန်းမင်းကြီး ထီးတော်တင်လှူခဲ့စဉ်က ပန်းဘဲတန်းရပ်နေ ပန်းပဲဆရာကြီးဦးစနှင့် ဦးညိုတို့က ထီးတော်အောက်ခံသံကိုင်း၊ သံလက်တွေပြုလုပ်ပေးခဲ့ရသည်။ သာယာဝတီမင်းတည်ဆောက်ခဲ့သော ဥက္ကလာပအောင်မြင်ရန်နှင့် ပန်းဘဲတံခါးမှထွက်လျှင် ပန်းဘဲတန်းရပ်သို့ရောက်သည်။ ကုန်းဘောင်ခေတ်က ရန်ကုန်မြို့၏ လမ်းအမည်တွေကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအလိုက် မှည့်ခေါ်ခဲ့သည်။

ယခုအခါ သံထည်လုပ်ငန်းလုပ်ကိုင်သူတွေကို အစွဲပြုကာ မှည့်ခေါ်ခဲ့သော ပန်းဘဲတန်းရပ်သည် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ အချက်အချာအကျဆုံးနှင့် ရောင်းဝယ်ဖောက်ကားမှု အစည်ကားဆုံးမြို့နယ်ဖြစ်နေသည်။ Down Town ဟုလည်းကောင်း၊ Central Business District
(CBD) ဟုလည်း ခေါ်ဝေါ်သတ်မှတ်ကြသည့် မြို့လယ်မြို့နယ်များ၏ အလယ်ဗဟိုတွင် တည်ရှိနေသောမြို့နယ်ဖြစ်သည်။

အရှေ့ဘက်တွင် ဆူးလေဘုရားလမ်း၊ အနောက်ဘက်တွင် ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်တွင် ကမ်းနားလမ်းနှင့် မြောက်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့ပိုင်းခြားထာပြီး ဂဏန်းသင်္ချာတပ်လမ်းတွေအနေနှင့် ၂၅ လမ်းကနေ ၃၂ လမ်းအထိရှိသည်။ သုည ဒသမ ၂၉၃ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း ၁၁ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ 
၁၉၅၈ခုနှစ်၊ အမှတ် (၆) နယ်မြေ၊ ပန်းဘဲတန်းဒေသစိပ်ကနေ၊ ၁၉၇၂ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးကာလရောက်သောအခါ ပန်းဘဲတန်းမြို့နယ်ဖြစ်လာပြီး ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်အတွင်း ပါဝင်သည့်မြို့နယ် (၁၃)မြို့နယ်တွင် သမိုင်းဝင်ထင်ရှားသော ရဟန္တာသိမ်တော်ကြီး၊ ဘာသာပေါင်းစုံ၏ ဘာသာရေးအဆောက်အအုံများ၊ သမိုင်းဝင်ဈေးကြီးများ၊ သမိုင်းဝင်အဆောက်အအုံများ စုပုံတည်ရှိရာမြို့နယ်ဖြစ်သည်။

“ပန်းပဲတန်းမြို့နယ် အတွင်းကသမိုင်းဝင်ဈေးများ”

ဈေးဆိုတာ ကုန်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရာ အရပ်ဖြစ်သည်။ ပန်းဘဲတန်းမြို့နယ်အတွင်း ပထမဦးဆုံးတည်ရှိခဲ့သည့်ဈေးကို ကမ်းနားဈေးကြီး Strand Bazaar ဟုခေါ်သည်။ ကမ်းနားလမ်းမကြီး Strand ရွှေဘုံသာလမ်း(မဂိုလမ်း)နှင့် ရွှေတိဂုံဘုရားလမ်း(China Street)အတွင်း လှပခံ့ညားထည်ဝါစွာ ရေပန်းနှင့် အလှဆင်ပေးထားသည့်ဈေးဖြစ်သည်။ ခရစ်နှစ် ၁၈၈၄ခုနှစ်တွင် ရန်ကုန်ဆိပ်ခံတံတားတွေ တည်ဆောက်ဖို့အတွက် လှပသည့်ဈေးကြီးကို ဖျက်သိမ်းပေးခဲ့ရသည်။

ခရစ်နှစ် ၁၈၅၃ ခုနှစ် စူရတီဘုရားဘဇား Surati Bara Bazaar ခေါ်သည့် သိမ်ကြီးဈေးကို A ရုံ မှနေစတင်တည်ဆောက်ခဲ့သည်။ သိမ်တော်ကြီး၏ မြေတစ်စိတ်တစ်ဒေသပေါ်မှာ တည်ဆောက်ထားသည့်အတွက် အများသူငါက သိမ်ကြီးဈေးကို A, B, C, D,
E  စသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးရုံကြီးတွေ ခွဲခြားတည်ဆောက်ပေးထားခဲ့သည်။ 

ခရစ်နှစ် ၁၉၂၆ ခုနှစ်တွင် ဖျက်သိမ်းပေးလိုက်ရသည့် ကမ်းနားဈေးကြီးအစား ဗိုလ်ချုပ်အောင်ဆန်းဈေှး Scott Market ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဈေးသစ်ကြီးအဖြစ် တည်ဆောက်ပေးခဲ့သည်။ ရန်ကုန်မြူနီစီပါယ်က  Gain Scott အမည်ဖြင့် Scott Market လို့ခေါ်ခြင်းဖြစ်သည်။ ဂျပန်ခေတ်မှာ ရန်နိုင်ဈေးအမည်ရခဲ့ပြီး လွတ်လပ်ရေးရပြီးအချိန်မှ  ဗိုလ်ချုပ်အောင်ဆန်းဈေး အမည်ရလာခြင်းဖြစ်သည်။

“ကုန်ုသေးတန်း၊ ကုန်ဈေးတန်း၊ Edward Street”

အလောင်းဘုရားမြို့ ကွက်တွင် ကုန်သေးတန်းအမည်ရခဲ့ခြင်းမှာ ကုန်ပစ္စည်းအသေးအဖွဲတွေ ရောင်းဝယ်ဖောက်ကားခဲ့၍ဖြစ်သည်။ နယ်ချဲ့ခေတ်မှာ ကပ္ပလီသွေးနှောသူ Robert
Samuel Edward  အမည်ဖြင့် အက်ဒွပ်လမ်းအမည်ရခဲ့သည်။ ဂျပန်ခေတ်အတွင်းရောက်သောအခါ ကုန်ဈေးတန်းအမည်ရခဲ့သည်။

“စဆိုတန်း၊ ပုဆိုးတန်း၊သံဖြူတန်းသင်္ဘောသားလမ်း”

ပန်းဘဲတန်းမြို့နယ်အတွင်းက အသက်မွေးဝမ်းကျောင်းအလိုက် မှည့်ခေါ်ထားသောလမ်းအမည်များသည် နယ်ချဲ့တို့၏ရန်ကုန်မြို့ကွက်တွင် ဂဏန်းသင်္ချာတပ်လမ်းများဖြစ်လာသည်။ စာဆိုတန်းက ယခု ၂၅ လမ်း၊ ပုဆိုးတန်းက ၂၇ လမ်း(ယခု ထီဆိုင်တန်း)၊ သံဖြူတန်းက ယခု ၂၈ လမ်းဖြစ်လာသည်။အာရက်ကတီ(အာရတ်) သင်္ဘောသားလမ်းက (အခု လမ်း ၃ဝ) ဖြစ်သည်။ 

"ကျောက်တံတား၊ ကုလားတန်း၊ မုံတီကုန်းနှင့် ရှော်တန်း"

အလောင်းဘုရား၏ရန်ကုန်မြို့ကွက်က အမည်ြဖစ်ခဲ့သည့် ကျောက်တံတားသည် ယခု ၂၆ လမ်း၊ ကုလားတန်းက ရွှေဘုံသာလမ်း (မဂို)နှင့် ၂၉ လမ်း အပါအဝင်ဖြစ်ခဲ့သည်။ မုံတီကုန်းသည် နယ်ချဲ့ခေတ်က စစ်ကဲမောင်ထော်လေးလမ်း (ယခု ဗိုလ်ဆွန်ပတ်လမ်း)နှင့် ၃၂လမ်းက ရေလယ်ကျောင်းလမ်း အမည်ရခဲ့သည်။ ရှော်တန်းဆိုသည်မှာ ယခုဆူးလေဘုရားလမ်းနှင့် ၀န်းကျင်ကိုခေါ်တွင်ခဲ့သည်ဖြစ်သည်။

Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။
ပန်းဘဲတန်းဆိုသည်မှာ သံထည်အမျိုးမျိုးကိုသွန်းထုသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ကြသူများ အခြေချနေထိုင်သောအရပ်ဖြစ်သည်။ “ဘုရားမတင်၊ နတ်မ၀င်” ပန်းဆယ်မျိုးမှာပါဝင်နေသည်။ မြန်မာအဘိဓာန်နှင့် စာလုံးပေါင်းသတ်ပုံကျမ်းအရ ပန်းပဲဟုသာရေးသားသုံးနှုန်းရမှာဖြစ်သော်လည်း ပန်းဘဲတန်းလို့ ရေးသားသုံးနှုန်းနေကြသည်။ သမိုင်းကြောင်းအရ ကုန်းဘောင်ခေတ်ဦးတွင် ပန်းဘဲ(ပဲ)လုပ်ကိုင်အသက်မွေးသူများနေထိုင်ခဲ့ရာဖြစ်သည်။

" မလုပ်စကောင်း အလုပ်ကောင်းလို့ "

Photo: How to become a zombie

                 ဒီတခေါက်တော့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ ခဏတာကျောင်းတက်ခဲ့စဉ်အချိန်တုန်းက ခင်မင်ရင်းနှီးခဲ့တဲ့ တိုင်းရင်းသားမိသားစုတစုရဲ့အကြောင်းကို ပြန်ဖောက်သည်ချမယ်။ အဲ့ဒီမိသားစုထဲက သားဖြစ်တဲ့သူနဲ့ ကျွန်တော်နဲ့က တကယ့်ညီရင်းအစ်ကိုတွေလို ခင်မင်နေကြတာ။

"ကြက်တိုက်ပွဲ"

Photo: "ကြက်တိုက်ပွဲ"

လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ်အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင်ဆောင်ရွက်သည်ကို ကြည့်ရှုနှစ်သိမ့်သောပျော်ရွှင်မှုများဖြစ်သည်။ ဥပမာ လူအများနှင့် စုပေါင်းယှဉ်ပြိုင်ရသော ဘောလုံးကန်ခြင်း၊ အပြေးပြိုင်ခြင်း၊ လှေပြိုင်ခြင်းစသော ကစားနည်းမျိုးတို့သည် ပါဝင်ဆောင်ရွက်သူများနှင့် ကြည့်ရှုသူများ ကိုပါ ပျော်ရွှင်စေလေသည်။ သို့ရာတွင် လက်ဝှေ့ထိုးခြင်း၊ နပန်းလုံးခြင်း၊ ဓါးခုတ်ခြင်း စသော တစ်ဦးချင်းယှဉ်ပြိုင် ကစားနည်းများ၌မူ ကိုယ်တိုင်ဆောင်ရွက်သူများထက် ကြည့်ရှု သူများက ပိုမို၍ပျော်ရွှင်မှုရနိုင်လေသည်။ ထိုသို့ယှဉ်ပြိုင် ကစားနည်းနှစ်မျိုးရှိသည့်အနက် လူတို့သည် ရံဖန်ရံခါ အသင်းအဖွဲ့နှင့် ယှဉ်ပြိုင်ရသောပွဲများကို ကြည့်လိုကြ၍ ရံဖန်ရံခါ တစ်ဦးချင်း ယှဉ်ပြိုင်ရသောပွဲများကို ကြည့်ရှုလိုကြသည်။ ထို့ကြောင့် လူလူချင်း ယှဉ်ပြိုင်ရသော ပွဲများကိုသာမက နွားတိုက်ပွဲ၊ ကျွဲတိုက်ပွဲ၊ ကြက်တိုက်ပွဲ စသော တိရိစ္ဆာန်တိုက်ပွဲများကိုလည်း ပြုလုပ်ကျင်းပလေ့ရှိကာ ပျော်ရွှင်မှုကို ရှာဖွေကြံဖန်ယူတတ်ကြသည်။

တိရိစ္ဆာန်တိုက်ပွဲများအနက် ကြက်တိုက်ပွဲကို နိုင်ငံတကာတိုင်းမှာလိုပင် ပြုလုပ်လေ့ရှိသည်မှာ ကြက်သည် အတိုက်အခွပ်သန်၍ အလွယ်တကူရရှိနိုင်သော အိမ်မွေးတိရိစ္ဆာန်မျိုးဖြစ်သောကြောင့်ဟု တွေးထင်ရသည်။

ကမ္ဘာပေါ်တွင် ကြက်တိုက်ပွဲများ မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်ကို အတိအကျ မသိရှိရသော်လည်း လူတို့သည် ကြက်ကို စတင်မွေးမြူသည့်အချိန်မှစ၍ ကြက်တိုက်ပွဲများ စတင်ခဲ့သည်ဟု ထင်ရသည်။ ကြက်တိုက်ခြင်းသည် မြန်မာလူမျိုးများ၏ မျိုးရိုးစရိုက် ပျော်ရွှင်မှုတစ်ခုဖြစ်၍ မင်းညီမင်းသားမှအစ သူဆင်းရဲများအထိ ကြက်တိုက်ခဲ့ကြသည်။ တိုက်ကြက်မှာ အတိုက်အခွပ်သန်သော ကြက်မျိုးမှ သီးသန့် ဖောက်ယူရရှိသော ကြက်မျိုးဖြစ်၍ သာမန်ကြက်များထက် သန်မာပြီးလျှင် ဇွဲရှိသဖြင့် အတိုက်အခွပ်ကောင်းလေသည်။ တိုက်ကြက်များကို အမွေးအရောင်အလိုက် အမည်ပေးလေ့ရှိသည်။ အနီရောင် ပေါ်လွင်လျှင် နီဟူ၍လည်းကောင်း၊ ဘုတ်မွေးရောင်ရှိလျှင် ဖောင်းဟူ၍လည်းကောင်း၊ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ တိုက်ကြက်ကောင်း၏ လက္ခဏာများမှာ ဘုတ်ငှက်အရောင်ကဲ့သို့ အမွေးမျိုးရင်မှာ သက်ရမည်။ အတက်နက်၍ အမောက်ချွန်းရမည်။ ခြေထောက်မှ အကြေးဖတ်မှ ၃ဝ ရှိရမည်ဟု ဆိုလေသည်။ ထို့ကြောင့် 'ဘုတ်မွေးရင်သက်၊ တက်နက်မောက်ချွန်း၊ မြီးစွန်းထင်းစည်း၊ မောက်လုံးကြီး နှင့်၊ ခြေကြေးသုံးဆယ်၊ ဝိုင်းကြီးပယ်၊'ဟု တိုက်ကြက်လက္ခဏာများကို ဖော်ပြထားလေသည်။ ခြေကြေးပတ် ၃ဝ ကို ရေတွက်ပုံမှာ ခြေခလယ်အကြေးပတ်မှ အတက်နှင့်တည့်တည့် အကြေးပတ်အထိ အကြေးပတ်ပေါင်း ၃ဝ ရှိရမည်ဟု ဆိုလိုသည်။

ဖောင်းအမျိုးအစားထဲမှ ကြက်ကောင်းလက္ခဏာမှာ ကျောနှင့် နေရာများတွင် ဖောင်းရောင်သက် ရမည်။ အဖီမွေး၊ ချေးခံမွေး၊ ဒူးကွပ်မွေးများမှလည်း ဖောင်းရောင်ရှိရမည်။ ထို့ပြင် နှုတ်သီးအရောင်နှင့် ခြေထောက် အရောင်တို့ တူရမည်ဟု ဆိုလေသည်။

တိုက်ကြက်ကို အိပ်တန်းသီးသန့်ထားပေးရသည်။ နံနက်တိုင်း အစာကြေ မကြေသိရန် စလုတ်ကို ဂရုစိုက်၍ ကြည့်ရှု ရသည်။ ကြက်ချေးမာလျှင် ကြက်ကျန်းမာနေသည်ဟု သိရသည်။ ကြက်ကို နံနက်တိုင်းရေ ဝဝ တိုက်ပေးရသည်။ ထို့နောက် ခြေထောက်ကို ဒူးဆစ်အထိ ရေစိမ်ပေးပြီးလျှင် တောင်ပံကို ရေမစွတ်စေဘဲ ရင်အုပ်နှင့် ပေါင်တံများကို ဆုပ်နယ်ပေးရသည်။

ထို့ပြင် ကြက်ကောင်းကြိုးမကွာ ဆိုသည့်စကားအတိုင်း ကြက်မများနှင့် ရောနှောမနေစေရန် ငုတ်စိုက်၍ ကြိုးဖြင့် တည်းထားရသည်။ အနောက်နိုင်ငံများတွင်လည်း ကြက်ဝါသနာအိုးများသည် ငွေကြေးအကုန်အကျခံကာ ဆေးဝါးအကူအညီဖြင့် တိုက်ကြက်များကို မွေးမြူကြ၏။ အနောက်နိုင်ငံများ၌ ခေတ်စားသော တိုက်ကြက်မျိုးများမှာ ပလိုင်းမောက်ရောခ့်(Plymouth Rock)၊ ဝိုင်ယန်ဒေါ့(Wyandotte)၊ ဂျာစီဂျိုင်းယင့်(Jersey Giant)၊ ရုတ်ဒ်ကျွန်း အနီ(Rhode Island Red)၊ နယူဟမ်ရှိုင်းယာ(New Hampshire)၊ အောပန်တန်(Orpington) စသည်တို့ ဖြစ်ကြသည်။

"စည်းကမ်းချက်များ"

ကြက်တိုက်ပွဲ စည်းကမ်းချက်များမှာ တစ်နေရာနှင့် တစ်နေရာမတူကြချေ။ ဥပမာ၊ မြန်မာနိုင်ငံ၌ တိုက်ကြက်များကို နဂိုမူလအတက်နှင့် တိုက်လေ့ရှိသည်။ အိန်ဒိယနိုင်ငံ၌ ကြက် အတက်တွင် ဓါးသွားငယ်များ တပ်၍ တိုက်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ကြက်ပွဲကျင်းပပုံမှာ ရှေးဦးစွာ ကြက်ပွဲ စည်းမျဉ်းများကို နားလည်သူတစ်ဦးအား ဒိုင်ခန့်ရသည်။ ထို့ပြင် ကြက်များကို ကုသရန်အတွက် ကြက်ဆွဲနှစ်ဦးကိုလည်း ခန့်ထားရသည်။ ဒိုင်လုပ်သူက သတ်မှတ်ထားသော စည်းကမ်းချက်များကို ကြက်ရှင်များက ကျေနပ်လျှင် ကြက်များကို ဆိုင်ပေး၍ ကြက်တိုက်ပွဲ စလေတော့၏။ ထိုသို့တိုက်ရာတွင် တစ်ကောင်ကောင် ပိုင်းပိုင်းလဲလျှင်လည်းကောင်း၊ ပြားပြားကပ် အရှုံးခံလျှင်လည်းကောင်း၊ စည်းဝိုင်းအပြင်ဖက်သို့ ထွက်ပြေးလျှင်လည်းကောင်း၊ ကြက်ပွဲပြီးလေသည်။ အင်အားချင်းမျှ၊ စွမ်းရည်ချင်းတူသော ကြက်များ ခွပ်ကြလျှင် တစ်ခါတစ်ရံ ၂ နာရီနီးပါး ကြာတတ်ကြသည်။

အခြားစည်းကမ်းချက် အချို့မှာ-
- ကြက် ၂ ကောင် ခွပ်နေစဉ် ဝိုင်းအတွင်းမှ ကြက်ကိုလည်း မထူရ။
- ကြက်နှုတ်သီး၌ ကြက်မွေးများ အကယ်၍ ကပ်နေလျှင်လည်း မဖယ်ရချေ။
- ရေဖွာမှုတ်၍ မကူရ၊ လေကိုသာ မှုတ်၍ ကူပေးနိုင်၏။
- ကြက်၌ရရှိသော ဒဏ်ရာများကို ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက် စသည့် သွေးတိတ်ဆေးများဖြင့် မကုသရ။ ကြက်ဝိုင်းအတွင်းမှရသော ဖုံမှုန်မြေမှုန့်၊ ကြက်မွေးတို့ကိုသာ အသုံးပြုနိုင်သည်။
- သတ်မှတ်ထားသော စည်းပေါ်သို့ အမြီးထောက်မှ ကောက်ယူရမည်။
-  စည်းဝိုင်းအတွင်း၌ ကြက် ၂ ကောင် အခွပ် ရပ်ဆိုင်းနေလျှင် ၃ ခါစီ လေဖြင့်မှုတ်ပေးနိုင်သည်။

သို့ဖြင့် မခွပ်သေးလျှင် ဒိုင်ကခွင့်ပြုသော် ကြက်ဆွဲများက ကောက်ယူကုသနိုင်သည်။ ကုသပုံမှာ ကြက်၏ အာခေါင်တွင်းမှ ချွဲများကို ကြက်တောင်ဖြင့်ကျပ်၍ထုတ်ပစ်ခြင်း၊ ကြက်ကို ရေဖြင့်မှုတ်ပေးခြင်း၊ လက်ပူတိုက်ခြင်း၊ အညောင်းဆန့်ပေး ခြင်းများ ဖြစ်သည်။ အချို့ကြက်များသည် ပွဲဦးထွက်စ၌ အသင့်အတင့် မျှသာ ခွပ်ပြီးလျှင် တစ်ရေ နှစ်ရေ ထိုးပြီးသောအခါမှ အထူးအခွပ်ကောင်းလာတတ်လေသည်။

အကယ်၍ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ခုန်ပျံ၍ မခွပ်နိုင်ကြသောအခြေအနေသို့ ရောက်နေလျှင် ဒိုင်က တစ်တောင်ပတ်လည် စည်းဝိုင်းရေးပေးလေသည်။ ကြက်များကို ထိုစည်းအတွင်းသို့ အသာအယာ လက်ဆုပ်ဖြေလွှတ်ကာ တေ့ဆိုင်ပေးရသည်။ ကြက်များ အကယ်၍ စည်းအပြင်ဖက်သို့ ရောက်သွားလျှင် ချက်ခြင်းကောက်ယူ၍ ကုသခြင်းမပြုဘဲ စည်းဝိုင်းထဲသို့ လွှတ်ပေးရသည်။ ထိုကဲ့သို့ ၃ ခါ ကောက် ယူပြီးမှ တစ်ခါကုသနိုင်သည်။ တစ်ခါကုသလျှင် လက်ပူ ၃ ခါသာ ထိုးရသည်။ ၃ ခါ လွှတ်ပြီး သည့် နောက်ပိုင်း၌ တစ်ကောင် ၃ ချက်ဆိတ်၍ ကျန်တစ်ကောင်က ပြန်မဆိတ်နိုင်လျှင် ထိုပြန်မဆိတ် နိုင်သောကြက်သည် ရှုံးပြီဟု ဒိုင်က ကြေညာလေသည်။ မြန်မာနိုင်ငံတွင် ကြက်ပွဲများကို စပါးပေါ်ချိန် ဆောင်းရာသီများတွင် ကျင်းပလေ့ရှိသည်။ ပွဲရသောကြက်များ ပါဝင်သော ခွပ်ပွဲကြီးများသည် အထူးစည်ကား၍ အလောင်းအစားပြုရာတွင်လည်း ကြေးပါလှ၏။ တိုက်ကြက်များ မိမိရရခွပ်ပုံမှာ ကြည့်ရှု၍ကောင်းလှသည်။ 

ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကြက်ခွပ်ခြင်းကို စကားတင်စား ပြောဆိုရေးသားကြသည်။ ဥပမာ၊ စကားကြီး ၁ဝ ခွန်း တွင် ကြက်ဆုတ်ခွပ်ပစ် ဟူ၍လည်းကောင်း၊ မြန်မာစကားပုံတွင် ကြွေတစ်လက်၊ ကြက်တစ်ခုန်ဟူ၍လည်းကောင်း၊ ပြောဆိုရေးသားကြသည်။ ရေသည် ပြဇာတ်တွင်မူ 'သို့သော်လဲ ယောက်ျား၊ ကံရှေ့သွား၊ ကံထားရာဟဲ့၊ မနုန့်နဲ့ပါဘူး၊ အလှဲ့သင့်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ'ဟု ဦးပုညက ဖွဲ့ဆိုခဲ့သည်။ ရှေးအခါက မြန်မာလုလင်ပျိုများ တိုက်ကြက်နှင့် စောင်းများခင်တွယ်ပုံကို ရှေးဟောင်းအိုင်းချင်း တစ်ပုဒ်၌ 'မဲလီပင် နှင့် ဒန်းပင်နွဲ့နောင်း၊ ရှက်ကာငယ်ပေါင်း၊ ကင်းကြောင်းဆိပ်ဝယ်၊ ထိုးဝါးငယ်ဝယ်၊ တကယ်စုန်ဖြစ်မလားတော်။ စုန်မယ်ဆို၊ စုန်မဲ့ရက် ဆက်ဆက်မစုန်၊ တီးသည့်စောင်းနှင့် လောင်းသည့်ကြက်ကို၊ ပိုက်လို့ငယ်ငို၊ မောင့်ကိုကုန်သွားထည့်သလားတော်' စသဖြင့် စပ်ဆိုဖွဲ့နွဲ့ထားလေသည်။


"ကြက်ခွပ်တမ်း"

ကြက်များခွပ်သည်ကို အတုယူ၍ မိန်းကလေးများက ကြက်ခွပ်တမ်းကစားလေ့ရှိကြသည်။ "ကြက်ဖတိန်ညင်၊ တောကိုဝင်၊ မောင်ရင်လာမှ လေးနဲ့ပစ်" အစချီသော ကြက်ခွပ်သီချင်းမှာ လူသိအများဆုံး ကလေးသီချင်းတစ်ပုဒ် ဖြစ်၏။
ကြက်ခွပ်တမ်းတွင်လည်း ကြက်တိုက်ပွဲလိုပင်လဲသူအရှုံးဖြစ်သည်။
ကြက်များကဲ့သို့ မျက်နှာခြင်းဆိုင်ကာ ဒူးကွေးထိုင်ချပြီး အပြင်ဘေးသို့
ခြေများထုတ်ကာ ကြက်ယက်သကဲ့သို့ပြုမူ၍ ကစားသည့် မြန်မာကစားနည်းတစ်မျိုးဖြစ်သည်။

ကမ္ဘာအရပ်ရပ်တွင် ကြက်တိုက်ပွဲများကို နှစ်ပေါင်းများစွာကပင် သာသနာရေးဖက်နှင့် အခြားတိရိစ္ဆာန်ကာကွယ်ရေးအသင်းအဖွဲ့များက အပြင်းအထန် ကန့်ကွက်ခဲ့ကြသော်လည်း ကြက်တိုက်ပွဲများမှာ ယခုတိုင် ပြုလုပ်မြဲ ပြုလုပ်နေကြသေး သည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများတွင် ၁၈၅ဝ ခုနှစ်ကပင် ကြက်ပွဲများကို တားဆီးပိတ်ပင်နိုင်သောဥပဒေများ ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ၁၈၉၉ ခုနှစ် ဧပြီလတွင် ပြဌာန်းခဲ့သော မြန်မာပြည် လောင်းကစားမှု အက်ဥပဒေအရ ကြက်တိုက်လောင်းတမ်း ကစားခြင်း ကို အရေးယူခဲ့သည့်အတိုင်း ယခုအခါ အပျော်သက်သက် ကြက်တိုက်ပွဲအချို့လောက်သာ ကျန်ရှိနေတော့သည်။ 

Ref: မြန်မာ့စွယ်စုံကျမ်း၊ Wikipedia

လူတို့ပျော်ရွှင်မှု ခံစားပုံကို အချုပ်အားဖြင့် ၂ မျိုး ခွဲခြားနိုင်သည်။ တစ်မျိုးမှာ မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော ပျော်ရွှင်မှုများဖြစ်၍ ကျန်တစ်မျိုးမှာ အခြားသူများ ပါဝင်ဆောင်ရွက်သည်ကို ကြည့်ရှုနှစ်သိမ့်သောပျော်ရွှင်မှုများဖြစ်သည်။ 

Tuesday, October 22, 2013

စအိုလမ်းကြောင်း ကင်ဆာ (Anal Cancer)


စအိုလမ်းကြောင်း ကင်ဆာရောဂါဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ သာမန်လူတွေထက် အဆ ၅၀ ပိုပြီး အဖြစ်များပါတယ်။ ကျွန်တော်တို့ ကြိုတင်ဆေးစစ်ဖို့နဲ့ ရောဂါစောစီးစွာရှာဖို့ လှုံ့ဆော်သင့်ပြီလား…… ၂၀၀၉ ခုနှစ် မေလက ဆောင်းပါးတစ်ခုမှာ အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်းကို ဖတ်ရတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ အလွန်မှ ကြောက်စရာကောင်းလှတဲ့ HumanPapilloma Virus (HPV) ပိုးကြောင့် ဖြစ်တာကြောင့် နှစ်စဉ် အမျိုးသမီးများဟာ အထူးသတိပြုပြီး ဆေးစစ်တာတွေ လုပ်ရမယ်လို့ ဖတ်ရပါတယ်။

ဆီမလိုသည့်ကား အနာဂတ်မှာ ဘယ်လိုထုတ်မလဲ

ဆီမလိုသည့်ကား အနာဂတ်မှာ ဘယ်လိုထုတ်မလဲ 


အောင်ခမ်း ( TSJ Team )

နိုင်ငံတကာမှာ ခေါ်ဆိုတဲ့ ကားနာမည်ကတော့ Green ကား ဖြစ် ပါတယ်။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်တော့ အစိမ်းရောင်ကားပေါ့။ သို့ပေမယ့် အမှန်တကယ် အနက်ကတော့ စိမ်းစိမ်းဆိုဆို အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိသော ကားလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

စိမ်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်တယ်ဆိုတာကလည်း အခြားမဟုတ်ပါဘူး။ စိမ်းဆိုတဲ့ ပတ်ဝန်းကျင်ရဲ့  ဇီဝနဲ့ ဖြစ်စဉ်တွေကို အနည်းနိုင်ဆုံး ထိခိုက်မှုလျော့ချပေးတဲ့ ကားလို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ကားရယ်လို့ ဖြစ်လာ ကတည်းက ပတ်ဝန်းကျင်ကတော့ ထိခိုက်မှာပါပဲ။ ယနေ့ရန်ကုန်မှာပဲ ကြည့်ရင်မြင်နိုင်ပါတယ်။ နေရာတိုင်း ကားတွေပိတ်နေပြီး ဟွန်းတီးသံတွေ၊ စက်နိုးသံတွေ၊ မီးခိုးငွေ့တွေနဲ့ အလိမ့်လိုက်တက်နေတာ ပတ်ဝန်းကျင် ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ တော်တော်များများ သတိမထား မိပါဘူး။ သတိမထားမိဆိုတာထက် သတိမထားအား တာလည်းဖြစ်ရင်ဖြစ် မယ်၊ မသိတာလည်း ဖြစ်ရင်ဖြစ်ပါမယ်။ တရုတ်ပြည်က ချယ်ရီကားတွေ ကျောက်ဂွမ်းပါတယ်ဆိုတုန်းကတော့ အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်ရောဂါဖြစ်မယ်လို့ သတိထားမိလိုက် ကြသေးတယ် ဆိုတော့ မြန်မာပြည် ခေတ်မနောက်ကျသေးပါဘူး။ ဒီတော့ ထပ်ပြီး ခေတ် မနောက်ကျအောင် အစိမ်းရောင်ကားများဆိုတာ သိဖို့လည်း အကြမ်းဖျင်း ရေးသားမျှဝေ လိုက်ရပါတယ်။


ကားတစ်စီးမှာ

- လောင်ကျွမ်းဓာတ်ငွေ့ ခေါ် မီးခိုးတွေ အထွက်နည်းမယ်။ (သို့တည်းမဟုတ်) မထွက်သလောက်နည်းမယ်။
- လောင်စာဆီ အသုံးပြုမှု နည်းမယ် (သို့မဟုတ်) လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်။

အကြမ်းဖျင်း ဒီနှစ်ချက် ရှိယုံနဲ့တင် ယင်းကားကို အစိမ်းရောင်ကား လို့ ခေါ်လို့ရပါတယ်။ အစိမ်းရောင် ကာလာ၊ ဆေးတွေသုတ်ထားလို့ အစိမ်းရောင်ကားလို့ ဆိုလိုခြင်း မဟုတ်ပါ။ အထက်ပါနှစ်ချက်နဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးနည်းအောင်ဖန်တီးပေးတဲ့အတွက် အစိမ်းရောင်ကားလို့ဆိုလိုခြင်း ဖြစ်ပါတယ်။


လောင်ကျွမ်းဓာတ်ငွေ့ နည်းအောင်လုပ်မယ်

ဒီမှာ အရေးကြီးဆုံး အချက်ပါပဲ။ လောင်ကျွမ်းဓာတ်ငွေ့ဆိုတာ မထွက်ပါနဲ့လို့ တားလို့မှ မရတာလေ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်တွေသာ အသုံးပြုမယ် ဆိုရင်ပေါ့။ ဒီတော့ ယင်းဆီတွေ သုံးနေသရွေ့  မီးခိုးအထွက်နည်းအောင် လုပ်မယ့်နည်းက အကြမ်းဖျင်း ၂ နည်းရှိပါတယ်။ အဆင့်မြင့် အသန့်ရှင်းဆုံး ဆီကိုသုံးမယ်။ နောက်တစ်နည်းကတော့ ဆီလျော့သုံးမယ်။ ဒါပါပဲ။

အသန့်ရှင်းဆုံးဆီကတော့ထားလိုက်တော့ ဆီလျော့သုံးမယ်ဆိုတော့ ကား Performance မကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာက စဉ်းစားစရာ တစ်ချက် ဝင်လာပြန်ပါပြီ။ ဒါလည်းလွယ်ပါတယ်။ ဆီစားအင်ဂျင် သေးသေးလေးနဲ့ လျှပ်စစ်မော်တာကိုမောင်းပေးမယ့် ဘက်ထရီတပ်ဆင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ဟိုင်းဘရစ်လို့ခေါ်ပါလေရော၊ စက်တစ်မျိုးတည်း မဟုတ်ပဲ နှစ်မျိုးသုံးတဲ့ကားကို ဟိုင်းဘရစ်လို့ခေါ်တယ် ဆိုပေမယ့် ဆီအင်ဂျင်နဲ့ ဘက်ထရီအသုံးပြု မော်တာတို့ ပေါင်းတဲ့ကားကို ဟိုင်းဘရစ် (Hybrid) ကားလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။


မီးခိုးမထွက်သလောက် နည်းအောင်လုပ်မယ်

ဒါဆိုရင်တော့ ကြိမ်းသေ ဆီသုံးလို့မရတော့ပါဘူး။ ဒီတော့ ဆီအင်ဂျင်တွေ ဖယ်ပြီး သူ့နေရာမှာ အစားထိုး အင်ဂျင်များ ထည့်ရပါမယ်။ လက်ရှိ ခေတ် စားတာကတော့ လျှပ်စစ်ကားများ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားကို အသုံးပြုလို့ မော်တာကိုလည်ပတ်စေပြီး ယင်းမော်တာက ဘီးအူတိုင် ကိုလည်စေတဲ့အခါ ကားက တစ်ရွေ့ ရွေ့ နဲ့ သွားတော့ ဘာပဲဖြစ်ဖြစ် ဒါဟာ လျှပ်စစ်ကားလို့ လက်မထောင်ကုန်ကြ ပါတယ်။ မှန်ပါတယ်။ လျှပ်စစ်ဓာတ်အားချည်း သီးသန့်သုံးရင်တော့ လျှပ်စစ်ကားလို့ ကြိမ်းသေခေါ် မှာပါ။ ကမ္ဘာမှာ ဒီနည်းပညာကိုပဲ အာရုံစိုက်နေကြပြီမို့ ဖြစ်ပါတယ်။ ဆီ (ရေနံဆီ) က နောင်အနှစ် ၅၀ မှာ အရေခံလုနီးနီးကုန် သွားမယ်လို့ ဗေဒင်ဟောထားကြပါတယ်။

ဗေဒင်မဟုတ်ပါဘူး။ ကမ္ဘာ့မြေထု နဲ့ သယံဇာတကို အမြဲစောင့်ကြည့်နေတဲ့ အဖွဲ့တွေက လေ့လာပြီးဟော ထားတဲ့စကား ဖြစ်ပါတယ်။ ဒီတော့ အားလုံးက လျှပ်စစ်ဓာတ်အားကို အာရုံစိုက်ကြပါလေရော။ ရေနံဆီကနေ ဆက်ထွကမယ့် ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုတာ မရှိတော့ရင် မှီခိုစရာက လျှပ်စစ်စွမ်းအင်ဖြစ်လာမှာ အမှန်ပါပဲ။ ဆိုလာပယ်နယ်နဲ့ထုတ် မလား၊ ရေကနေထုတ် မလား၊ လေကနေထုတ်မ လား သတ္တုဘက်ထရီအိုး ကနေပဲ ထုတ်မလား အစရှိသဖြင့် အားလုံးခေါင်းစား ၊ကြိုးစားနေကြပါတယ်။

လောင်စာဆီ အသုံးပြုမှု နည်းမယ် ဒါက အထက်မှာ ပြောပြီး သွားပါပြီ။ လောင်စာဆီ လို့ခေါ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂက်ဆိုလိုင်း အစရှိသဖြင့်တို့ကို နည်းအောင်လုပ်ဖို့က ဘက်ထရီပေါင်း မယ်၊ မော်တာပေါင်းမယ်၊ ကားအူတိုင်ကို အတူလှည့်ချင်လှည့်မယ်။ မော်တာ တစ်လုံးတည်းက လက်စွမ်းပြလို့ လှည့်ချင်လှည့်မယ်၊ ဘာပဲဖြစ်ဖြစ် ကားရွေးနေတာလေး မြင်ရတော့ ဟိုင်းဘရစ်ဆိုတာလေးက မျက်နှာပန်းလှလာပါတယ်။ မြန်မာပြည်မှာတောင် ဟိုင်းဘရစ်တွေ များလာပါပြီ။ နောက်တစ်နည်းကတော့ ဆီအချိုး၊ လေအချိုး ကစားတာပါပဲ။ ဒါက လူတိုင်းကစားလို့မရပါဘူး။ အနောက်တိုင်း နဲ့ ဂျပန်က ကိုရွှေ အင်ဂျင်နေယာများက ဆီအချိုး၊လေအချိုး ကစားလို့ ဆီအသုံးပြုမှု နည်းအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီတော့ နောက်ပိုင်း မှာ ခေတ်စားလာတာက Ecoboost လို့ခေါ်တဲ့ အကုန်ကျ သက်သာ အင်ဂျင်အမျိုးအစားပါပဲ။ ဒါကလည်း ဖြေရှင်းနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။


လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်

ဒါကလည်း အထက်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ လက်ရှိ အများစု အာရုံစိုက်နေတာက လျှပ်စစ်ဓာတ်အားဖြစ် ပါတယ်။ နေရောင်ခြည်က ထုတ်မလား၊ ရေကထုတ်မလား၊ လေကထုတ်မလားဆိုတာပါပဲ။ အပင်တွေ၊ အသီးတွေကနေ ထုတ်တဲ့ စွမ်းအင်ကလည်းရှိနေပါသေးတယ်။ ဒါကလည်း တစ်ကဏ္ဍပါ။ သူက ဆီအစားထိုးပေမယ့် ပတ်ဝန်းကျင် ထိခိုက်မှုက သိပ်မကွာလေတော့ မထူးပါဘူး။ သို့ပေမယ့် ပညာရှင်တွေက ပိုတော်လေေ တာ့ ပတ်ဝန်းကျင်ကို မထိအောင် ပိုတီထွင်နိုင်ရင်တော့ အားလုံး လိုက်အသုံးပြုလာကြမှာပါပဲ။ အခုဆို ပေါက်ပေါက်ရှာရှာ ကြင်ငယ်ရေ နဲ့မောင်းတဲ့ မီးစက်တွေရော၊ လေအိုး နဲ့ မောင်းတဲ့ ကားရော၊ ရေသက် သက်နဲ့ မောင်းတဲ့ကားရော စုံနေအောင် ပေါ်လာပါတော့တယ်။ ]

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေအားလုံးက အစိမ်းရောင်ကား ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားဝင်ပါတယ်။ ဒီတော့ အစိမ်းရောင်ကား ဆိုတာ ဆယ်စုနှစ်မကြာပဲ ကမ္ဘာမှာ ရေပန်းစားလာမှာမို့ အကြမ်းဖျင်း သဘာလေး သိအောင် မိတ်ဆက်ပေးလိုက် ရပါတယ်။

http://blog.techspace.com.mm/2013/10/blog-post_9685.html

.
နိုင်ငံတကာမှာ ခေါ်ဆိုတဲ့ ကားနာမည်ကတော့ Green ကား ဖြစ် ပါတယ်။ မြန်မာလို တိုက်ရိုက်ဘာသာပြန်တော့ အစိမ်းရောင်ကားပေါ့။ သို့ပေမယ့် အမှန်တကယ် အနက်ကတော့ စိမ်းစိမ်းဆိုဆို အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိသော ကားလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

Monday, October 21, 2013

" ခေါ်ပုံရယ် ဆန်းလေသည်လား "

ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် သောကြာနေ့၏ ညပိုင်းအချိန်တွင် စာရေးသူ၊ စာရေးသူ၏မိဘနှစ်ပါးနှင့် စာရေးသူ၏ သား စုစုပေါင်းမိသားစုလေးယောက်တို့ Taxi တစီးငှား၍ ဘူတာရုံသို့ထွက်လာခဲ့ကြသည်။ ယခုအခေါက်ထွက်လာသည့်ခရီးကား စာရေးသူ၏မွေးသမိခင်၏ ဇာတိရပ်ရွာဖြစ်သည့် ညောင်လေးပင်မြို့သို့သွားရောက်ကာ နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျ ကထိန်အလှူ ပွဲဆင်နွှဲရန်အလို့ငှာ ထွက်လာခဲ့ကြခြင်းဖြစ်လေသည်။ ကံကြမ္မာ၏နှိပ်စက်ခြင်းကို ခံရတော့မည့် စာရေးသူတို့မိသားစု ဘူတာရုံသို့ရောက်သွားသည့်အခါတွင် ယနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ရထားနောက်ကျ မည့် အဖြစ်နှင့် ကြုံလိုက်ရလေသဖြင့် စာရေးသူ၏မိခင်မှ ကိုယ့်ကားနှင့်ကိုယ်သွားရန် အစီအစဉ်ပြောင်းလျက် နောက်ကြောင်းပြန်လှည့်ကာ အိမ်ပြန် ကားယူပြီး ညောင်လေးပင်မြို့ဆီသို့ ချီတက်လာခဲ့ကြပါတော့သည်။

“ရွှေတိဂုံစေတီတော်ကို ပုံမှန်ဆွမ်းကပ်သူတို့၏ ဒေါပုံမြို့နယ်”

Photo: “ရွှေတိဂုံစေတီတော်ကို ပုံမှန်ဆွမ်းကပ်သူတို့၏ ဒေါပုံမြို့နယ်”

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း ပါဝင်နေသည်။ ဒေါပုံမြို့နယ်သည် တစ်ချိန်ကကျေးရွာငယ်အဆင့်သာရှိခဲ့သော်လည်း သမိုင်းကြောင်းက ကြီးမားလှသည်။ ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့နှင့်ချောင်းခြားဖြစ်နေခဲ့စဉ်က ဆန်စက်နှင့် သင်္ဘောကျင်းသာရှိခဲ့သည်။ ထိုအခါက ဆန်စက်လုပ်သား၊ သင်္ဘောကျင်းလုပ်သားတွေသည် အိန္ဒိယနွယ်ဖွားတွေသာ ဖြစ်ခဲ့ကြသည့်အတွက် အိန္ဒိယအမည်ပေးထားသော လမ်းနှင့်ရပ်ကွက်အမည်တွေအပြင် ချောင်းကမ်းပါးဘေးက ရွာကလေးဖြစ်ခဲ့လို့ ဒေသကိုလိုက်၍အမည်ပေးထားသော ရပ်ကွက်နှင့် လမ်းအမည်လေးတွေပါရှိခဲ့ဖူးသည်။

“သမိုင်းကောက်ကြောင်းထဲက ဒေါပုံအမည်နာမ”
ဒေါပုံမြို့နယ် တည်ရာသည် ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ဒေါပုံ၊ ပုဇွန်တောင်၊ ငမိုးရိပ်ချောင်းတို့ ဆုံစည်းရာ မြစ်သုံးဆိုင်နှင့် မလှမ်းမကမ်း ရန်ကုန်မြို့ကြီး၏ချောင်းတစ်ဖက်မှာ တည်ရှိနေသည်။ ဒီရေအတက်အကျ ကြမ်းတမ်းလှသည့် မြစ်သုံးဆိုင်အနားမှာရှိနေလို့ ဒေါပုံခေါ်သည်။ တစ်ခါငမိုးရိပ်ဇာတ်လမ်းနှင့် ဆက်စပ်ကာ ငမိုးရိပ်မိကျောင်း ပုန်းအောင်းခဲ့ရာဖြစ်လို့ တောပုန်းကနေ ဒေါပုန်ကရွေ့လျားကာ ဒေါပုံဖြစ်လာသည်ဆိုသည့် ယူဆချက်တွေလည်းရှိသည်။
 
ဘာသာဗေဒအရ ဒေါပုံအရေးအသားသည် မွန်ဘာသာက ဒေါပွန်ကနေရွေ့လျားလာခြင်းဖြစ်သည်။ ဒေါ(ဆက်ကပ်)+ပွန်း(ဆွမ်း)= ထမင်း၊ဆွမ်းဆက်ကပ်ခြင်းဖြစ်ကာ မြတ်ဘုရားရွှေတိဂုံကို အာစိဏ္ဏကံ(ပုံမှန်) ဆွမ်းကပ်သူတွေ နေထိုင်ခဲ့ရာ အရပ်ဖြစ်ခဲ့လို့ဖြစ်သည်။

“သမိုင်းကြောင်း ကြီးမားခဲ့တဲ့ ဒေါပုံဝန်းကျင်”

ဒုတိယမြန်မာနိုင်ငံကာလတွင် နယ်ချဲ့မျိုးရိုး ပေါ်တူဂီလူမျိုးဖိလစ်ဒီဗရစ်တို(ခ) သန်လျင်မြို့စား ငဇင်ကာသည် အမြောက်လက်နက်သွန်းလုပ်ရန်အတွက် စေတီ၊ ပုထိုးတွေမှာ တပ်ဆင်ထားတဲ့ကြေးခေါင်းလောင်းတွေကို အဓမ္မဖြုတ်ယူခဲ့သည်။ အထင်ရှားဆုံးက ဓမ္မစေတီမင်းခေါင်းလောင်းတော်ကြီးဖြစ်သည်။ ကြေးစင်အချိန်တစ်သိန်းရှစ်သောင်း၊ အစောက် တစ်ဆယ့်ခုနစ်တောင်၊ အဝငါးတောင်၊ တန်ချိန် (၂၇ဝ) ရှိသည့် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတော်ကြီးကို ကောဇာ ၉၇၄၊ ခရစ် ၁၆၁၂ ခုနှစ်တွင် ဘရင်ဂျီကုလားငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် ယူဆောင်သွားရာ ငဇင်ကာနှင့်တကွ လှေပါ (ပန်းအလွဲချောင်း) ဒေါပုံမြစ်တွင်နစ်မြုပ်ခဲ့သည်မှာ အခုထိဖြစ်သည်။

တတိယမြန်မာနိုင်ငံ တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကာလမှာ ဒေါပုံသည် စစ်ရေးအချက်အချာဖြစ်လာသည်။ ''ဒေါပုံတပ်ကား သန်လျင်မြို့၏အသက်ဖြစ်သည်။ ဒေါပုံတပ်မရှိလျှင် သန်လျင်ကို အလွယ်နှင့်ရနိုင်မည်၊ ဒေါပုံတပ်ကား သစ်တပ်မျှသာ''လို့ သတ်မှတ်ကာ အပြီးသတ်တိုက်ခိုက်ဖြိုခွင်းခဲ့ဖူးသည်။

“ဆန်းသစ်လာတဲ့ ဒေါပုံမြို့နယ်”

၁၉၆၇ ခုနှစ်တွင် သာကေတတံတားသစ်ကြီးကို တည်ဆောက်ပြီးချိန်မှာ ဒေါပုံဟာ အသစ်မွေးဖွားလာပြန်သည်။ ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စနစ်သစ်အုပ်ချုပ်ရေး၏ အသီးအပွင့်အနေဖြင့် ဒေါပုံမြို့နယ် ပေါ်ပေါက်လာသည်။ မြို့နယ်၏အကျယ်အဝန်း ၁ဒသမ ၄၂ စတုရန်းမိုင်မျှသာ ကျယ်ဝန်းကာ၊ ရပ်ကွက် ၁၄ ရပ်ကွက်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ မြစ်သုံးသွယ်ဆုံရာဝန်းကျင်မှာ တည်ရှိခဲ့လို့ နိမိတ်ပုံအမည်တွေဖြစ်သည့် လမုတန်း၊ ကြည်စု၊ ယမုံနာ (၁)၊ ယမုံနာ(၂)တို့အပြင် အေးရွာဆိုတာပါရှိခဲ့သည်။
 
ယင်းကာလမတိုင်မီက ဒေါပုံသင်္ဘောကျင်းနှင့် ဆန်စက်တွေမှာ လုပ်ခဲ့ကြသည့်အိန္ဒိယနိုင်ငံသား၊ အင်ဂျင်တံတေး၊ တေးလ်ဝါလား၊ ပေတံတေ၊ ပန်ကာဝါလား၊ ပတ်တောဝါးလား၊ ပူစီဝါလား တွေနေထိုင်ခဲ့ကြတဲ့ ကုလားစု (India Busti) ပင်ရှိခဲ့ဖူးသည်။ ထို့အပြင် ကျဉ်းမြောင်းရှုပ်ထွေးလှသည့် ခြေလိမ်ရပ်ကွက်နှင့် အရက်ပုန်းချက်၊ တိုးတိုးသား(အမဲ)ပေါ်ရောင်းသော အေးရွာဆိုသည့် ကျေးရွာကလေးလည်းရှိခဲ့ဖူးသည်။

ဒေါပုံမြို့နယ်ကာလမှာ အေးရွာအမည်ကနေ ဗမာအေး၊ ခြေလိမ်ကနေ နွယ်အေးအမည်သို့ ပြောင်းလဲထားသလို ဝါတွင်းကာလမှာ ဆွမ်းဆက်ကပ်သည့်ဓလေ့ကို ဖော်ကျူးသည့်ဝါဆိုရပ်ကွက်၊ သင်္ဘောဆေးစက်ရုံတည်ရာကို ညွှန်ပြသည့် ဆေးစက်၊ စက်ဆန်း၊ ပုသိမ်ညွန့်တို့၏ဆက်စပ်မှုကို ဖော်ညွှန်းသောပုသိမ်မြေဆိုသည့်ရပ်ကွက်များအပြင် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် သူ့ကျွန်မခံတော်လှန်ခဲ့သူ ဗိုလ်ထွန်းဇံကို ဂုဏ်ပြုမှည့်ခေါ်ထားသည့် ဗိုလ်ထွန်းဇံရပ်ကွက် ၊ လမ်းအမည်များပါရှိနေပြီဖြစ်သည်။ 

ထည်ဝါလှပခဲ့သည့် သာကေတတံတားကြီးနှင့် မဟာဗန္ဓုလတံတားများကြောင့် ဒေါပုံမြို့နယ်သည် ယခုအခါမှာ ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်လာကာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့လာသည်။ သို့သော် ကျေးရွာအဆင့်မှသည် မြို့နယ်ဖြစ်တည်လာရသည့်အတွက် ရှေးဟောင်းလက်ရာအဆောက်အအုံ မရှိသေးသောမြို့နယ်အဖြစ် မှတ်တမ်းပြုလိုက်ရပါသည်။

ရည်ညွှန်း။(၁)အလောင်းမင်းတရားကြီး အရေးတော်ပုံ ၂ စောင်တွဲ၊ (၂) သန်လျင် ရာဇဝင် J.Furnivell၊ (၃) မြို့တော်မဂ္ဂဇင်းအမှတ် (၁၇၇)၈/၂ဝဝ၆
Ref: မောင်မြတ်မွန် (ဆူးလေ)၊ မြို့တော်သတင်း။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် (၁၄)မြို့နယ်တွင် ဒေါပုံမြို့နယ်လည်း ပါဝင်နေသည်။ ဒေါပုံမြို့နယ်သည် တစ်ချိန်ကကျေးရွာငယ်အဆင့်သာရှိခဲ့သော်လည်း သမိုင်းကြောင်းက ကြီးမားလှသည်။ ဒေါပုံမြို့နယ်သည် ရန်ကုန်မြို့နှင့်ချောင်းခြားဖြစ်နေခဲ့စဉ်က ဆန်စက်နှင့် သင်္ဘောကျင်းသာရှိခဲ့သည်။ ထိုအခါက ဆန်စက်လုပ်သား၊ သင်္ဘောကျင်းလုပ်သားတွေသည် အိန္ဒိယနွယ်ဖွားတွေသာ ဖြစ်ခဲ့ကြသည့်အတွက် အိန္ဒိယအမည်ပေးထားသော လမ်းနှင့်ရပ်ကွက်အမည်တွေအပြင် ချောင်းကမ်း ပါးဘေး က ရွာကလေးဖြစ်ခဲ့လို့ ဒေသကိုလိုက်၍အမည်ပေးထားသော ရပ်ကွက်နှင့် လမ်းအမည်လေးတွေ ပါရှိခဲ့ဖူးသည်။

နန်းခင်ဇေယျာနဲ့ နိုင်ငံတကာ မယ်အဖွဲ့ ပုဂံဒေသကို ခရီးဆက်

မနှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss International ပြိုင်ပွဲမှာ Miss Internet ဆုရခဲ့တဲ့ နန်းခင်ဇေယျာ ဟာ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာက Miss International တွေကို အခုရက်ပိုင်း ရန်ကုန်မှာ လိုက်လံ ရှင်းလင်းပြသရတဲ့ တိုးရစ်ဂိုက် တာဝန် ယူနေပါတယ်။

ဓာတ်ပုံများ- နန်းခင်ဇေယျာ

သီတင်းကျွတ်ကာလ လူငယ်အတွေး စိတ်ကူးပုံရိပ်နှင့် လွှမ်းပိုင် ထက်ထက် (Bobby Soxer)

မြန်မာ့ယဉ်ကျေးမှုအနှစ်သာရပွဲတော်တစ်ခုဖြစ်တဲ့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလမှာ လူငယ်တို့ အနေနဲ့ မိမိတို့ကြည်နူး ရင်ခုန် ဖွယ်ရာကောင်းတဲ့ နေရာလေးတွေမှာ သီတင်းကျွတ်ကာလ ပုံရိပ်လေးတွေဖြစ်တဲ့ မီးရှူးမီးပန်း၊ မီးပုံပျံလေးများနဲ့အတူချစ်သူမိတ်ဆွေတို့နဲ့ဝိုင်းဖွဲ့လို့ လွတ်လပ်စွာဖြတ် သန်းပျော်ရွှင်လေ့ရှိကြပါတယ်။ဒါ့ကြောင့် လူငယ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ရဲ့ လူငယ်စိတ်ကူးနှင့် ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ကာလပျော်ရွှင် စွာဖြတ်သန်းပုံတွေ ကိုဖန်တီးပုံဖော်ရိုက်ကူးခဲ့ပြီးသူတို့ရဲ့သီတင်းကျွတ်လူငယ်ရင်ခုန်သံစကားများကိုလည်းမေးမြန်းဖြစ်ခဲ့ပါတယ်

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

“မြို့နယ်တကာ့ထိပ်ခေါင်ဗိုလ်တထောင်”

Photo: “မြို့နယ်တကာ့ထိပ်ခေါင်ဗိုလ်တထောင်”

မြို့နယ်တကာ့ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှာအမှတ်စဉ် (၁) တွင် ပါဝင်နေသည်။ မြို့နယ်အကျယ်အဝန်း ဝ ဒသမ ၉၂ မိုင်အတွင်း ရပ်ကွက် (၁ဝ) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အရှေ့ဘက်မှာ သန်လျက်စွန်းလမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ မြောက်ဘက်မှာ ပုဇွန်တောင်လမ်းနှင့် တောင်ဘက်မှာ ကမ်းနားလမ်းမကြီး (Strand) အတွင်းတည်ရှိနေသည်။

“တဖုဿနှင့် ဘလ္လိကညီနောင်တို့၏ မဇ္ဈိမဒေသမှ မြတ်ဘုရား”

ဂေါတမ၏ဆံတော်ရှစ်ဆူကို ပင့်ဆောင်လာကြပြီး ပေါက္ခရဝတီဆိပ်ကိုရောက်ရှိသီတင်းသုံးစဉ် ဥက္ကလာပမင်းကြီးက ဗိုလ်ခြေတစ်ထောင်ဖြင့်လာရောက်ကြိုဆိုပင့်ဆောင်ခဲ့တဲ့အတွက် ဗိုလ်တထောင်အမည်တွင်ခဲ့သည်လို့လည်းကောင်း၊ ရွှေတိဂုံစေတီကြီးတည်ရာ သိင်္ဂုတ္တရကုန်းမြတ်၏ အရှေ့တောင်ထောင့်စွန်းစွန်း၊ တာတစ်ထောင့်ခန့်အကွာတွင်တည်ထားလို့ တာတစ်ထောင်မှ ဗိုလ်တထောင်မည်သည်လို့လည်းကောင်း၊ နယ်ချဲ့တို့ကို စစ်အင်အားပြသရန်အတွက် စစ်သည်ရဲမက်များကို အကွပ်အကဲဗိုလ်တစ်ထောင်နှင့် တပ်စခန်းတည်ဆောက်ချရပ်ခဲ့သည့်ဒေသဖြစ်လို့ ဗိုလ်တထောင်ရပ် အမည်တွင်ခဲ့သလို မွန်ဘာသာကျိုက်ဒေးအပ်အရ အဘိုးအိုက ဆံတော် ခေတ္တစံပယ်ရန် တောင်းဆိုခဲ့သဖြင့် အဘိုးတောင်းကနေ ဗိုလ်တထောင်ဖြစ်လာသည် လို့လည်းကောင်း ယူဆချက် အထွေထွေရှိခဲ့သည်။၊ 

“ဗိုလ်တစ်ထောင်မြို့နယ်က ဧကရီကျွန်း”

ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ပေါင်းဆုံရာ မြစ်သုံးဆိုင်ထိပ်မှာ ကျွန်းဦးတည်ရာ သန်လျက်ခုံနှင့် မြို့တော်ရန်ကုန်ကို အနားကွပ်ပေးထားသည့်အစွန်းအငူဖြစ်သောကြောင့် အနွတ္တသညာပြုကာ သန်လျက်စွန်းလို့ ခေါ်တွင်သလို ဒီရေရောက်အရပ်တွင် ဓနိပင်၊ လမုပင်စသည့် ဒီရေရောက်တောအုပ်ကြီးဖြစ်၍ ဧကရီကျွန်း (Queen's Island) ဟုအမည်ရခဲ့ဖူးသည်။

နယ်ချဲ့အင်္ဂလိပ်တွေက ရန်ကုန်မြို့ကို အလစ်အငိုက်မှာ ဝင်တိုက်သည့်အခါ တောအုပ်ထဲရှိ မျောက်တွေက အနှောင့်အယှက်ပြုခဲ့၍ မျောက်ကျွန်း (Monkey Point) ဟုခေါ်ခဲ့ကြတာဖြစ်သည်။ ထိုကြောင့် Monkey Point အမည်နှင့် ဓနိတောအမည်များပါ ဗိုလ်တထောင်မြို့နယ်မှာ အခုထိတည်ရှိနေဆဲဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ရှေးဟောင်းသမိုင်းဝင် ဈေးနှစ်ဈေးရှိသည်။ ရန်ကုန်မြူနီစီပါယ်၏ ပထမဦးဆုံး ဈေးဖြစ်သည့် ဗိုလ်တထောင်ဈေးသည် စတင်ဖွင့်လှစ်ချိန်ကပင် စည်ကားမှုမရှိသောဈေးဖြစ်သည်။ Colonel Foule ၏သားဖြစ်သူ Edward Foule တည်ဆောက်ခဲ့သည့်သူဌေးဈေးကို အင်္ဂလိပ်ဘိုကလေး တည်ဆောက်ခဲ့လို့ ဘိုကလေးဈေးအမည်တွင်နေတာ မျက်မှောက်ကာလတိုင်ရှိနေပါသည်။

ဆူးလေဘုရားတည်ထားသည့် Sule Pagoda Road အမည်သည် ရန်ကုန်မြို့ကွက်တည်ခါစကပင် တည်ရှိခဲ့သော်လည်း၊ ဗိုလ်တထောင်ဘုရားတည်ရှိသည့်လမ်းသည် ကိုလိုနီခေတ်ကပင် Thompson Road အမည်တွင်ခဲ့ကာ၊ ၁၉၈၉ ခုနှစ်ရောက်သောအခါ ကိုလိုနီအမည်ကနေ ဗိုလ်တထောင်ဘုရားလမ်း အမည်သို့ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်မှာ ဗိုလ်မြတ်ထွန်းလမ်း Creek Street သည် ဗိုလ်တထောင်ချောင်းလက်တက်ကလေး စီးဝင်ခဲ့သည့်လမ်းဖြစ်ခဲ့သည်။ 

ဗိုလ်အောင်ကျော်လမ်းသည် ရန်ကုန်မြို့၏ ပထမဆုံးအရေးပိုင်ဖြစ်သူ Major T.Spark ကို အကြောင်းပြုပေးထားသည့် Spark လမ်းကနေပြောင်းလဲလာသောလမ်းအမည်ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းသည် ရန်ကုန်မြို့၏အရှေ့ဘက်နယ်နိမိတ်ဖြစ်ခဲ့စဉ်က အရှေ့လမ်း East Road အမည်ရခဲ့ရာမှ ဂျူးသူဌေးကြီး ဂျူဒါအီဇကယ် အမည်သို့ပြောင်းခဲ့သည်။ ယခုတော့ သိမ်ဖြူလမ်းဖြစ်သည်။

မေယုလမ်းအမည်သည် ဗိုလ်တထောင်မြို့နယ်အတွင်းမှာရှိသည်ဆိုသည်ကို သိသူနည်းလှသည်၊၊ Lord Mayo ကို အကြောင်းပြု ခေါ်ခဲ့သည့် Mayo Street  ကို စစ်ရေယာဉ်မေယုအား အမှတ်ရစေဖို့အတွက် ပြောင်းပေးထားခြင်းဖြစ်သည်။ အလားတူ Brooking Street ကို ဘိုကလေးဈေးလမ်းနှင့် Landsdown Road ကို ရာဇာဓိရာဇ်လမ်းလို့ အမည်ပြောင်းပေးထားခြင်းဖြစ်သည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်းစာ
မြို့နယ်တကာ့ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ် (၁၄)မြို့နယ်မှာအမှတ်စဉ် (၁) တွင် ပါဝင်နေသည်။ မြို့နယ်အကျယ်အဝန်း ဝ ဒသမ ၉၂ မိုင်အတွင်း ရပ်ကွက် (၁ဝ) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အရှေ့ဘက်မှာ သန်လျက်စွန်းလမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ မြောက်ဘက်မှာ ပုဇွန်တောင်လမ်းနှင့် တောင်ဘက်မှာ ကမ်းနားလမ်းမကြီး (Strand) အတွင်းတည်ရှိနေသည်။

သွားများကို ပျက်စီးစေသော အမူအကျင့်များ

သွားများကို ပျက်စီးစေသော အမူအကျင့်များ


ရေခဲဝါးစားခြင်း- ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင် ၀ါးခြင်းဟာ မာကြောတဲ့အရာတစ်ခုကို ၀ါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊ သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး ဆက်တိုက် သွားကိုက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ပူလွန်းခြင်း၊ အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ ခဏ၀ါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။
နို့ဘူးများ – ကလေးတွေကို ညဖက် နို့ဘူးစို့ပြီး အိပ်စေခြင်းဟာ အသက်ကြီးလာပြီဆိုရင် သွားတွေရေစီးကမ်းပြိုလိုက်ခြင်းကို ဖြစ်စေတယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။နို့ဘူးစို့ပြီး အိပ်ပျော်သွားတဲ့ ကလေးငယ်တွေဟာ သကြားဓာတ်နဲ့ နေ့စဉ်တွေ့နေရတဲ့အတွက် သွားပိုးစားခြင်းကိုလည်း ဖြစ်စေပါတယ်။
လျှာအပေါက်ဖောက်ခြင်း – ဒါဟာ ဖက်ရှင်ကျတယ်လို့ ထင်စရာရှိပါ တယ်။ဒါပေမယ့် လျှာမှာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းမှာပဲဖြစ်ဖြစ်သတ္ထု အသုံးပြုပြီး အလှဆင်ခြင်းဟာ သွားပျက်စီးခြင်းကိုဖြစ်စေပါတယ်။နောက်ခံတွင်းမှာလည်း ဘက်တီးရီးယားခိုအောင်းနိုင်ပြီး ပိုးဝင်မှုနဲ့အနာတွေဖြစ်နိုင်ပါ တယ်။ဖောက်ပြီးသွားပြီဆိုရင်လည်း သွားဖက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသပေးဖို့ လိုအပ်ပါတယ်။
သွားကြိတ်ခြင်း- သွားကြိတ်ခြင်းကို bruxismလို့ခေါ်ဆိုပြီး သွားတွေ ကျွတ်ထွက်စေတဲ့အထိ ဆိုးရွားတဲ့အခြေအနေထိရှိနိုင်ပါတယ်။ဒါဟာအိပ်စက်မှု အလေ့အထရယ်၊ စိတ်ဖိစီးမှုတွေရယ်ကနေဖြစ်ပေါ်စေနိုင်ပါတယ်။နေ့ခင်းဖက်မှာ မာတဲ့အစားအစာတွေ စားထားရင်တော့ ညဖက် သွားကြိတ် သူတွေညဖက်မှာ ပိုပြီး သွား၊ သွားဖုံးတွေပိုနာတဲ့အပြင် သွားတွေပိုထိခိုက်နိုင်ပါတယ်။သွားကို အကာအကွယ်ရစေဖို့ mouth guard လေးတွေဝယ်ထားပြီးပါးစပ်မှာ တပ်ထားရင်အဆင်ပြေနိုင်ပါတယ်။
ပါးစပ်ဖြင့် ပုလင်းဖွင့်ခြင်း – အချိုရည် ပုလင်းဖွင့်ခြင်း၊ပလတ်စတစ်မုန့် ထုတ်ဖောက်ခြင်း စတာတွေကိုသွားကိုအသုံးပြုပြီးဖောက်တာဟာလည်း လူတွေသိပ်ဂရုမပြုမိတဲ့ သွားကိုပျက်စီးစေတဲ့အပြုအမူဖြစ်ပါတယ်။သွားဟာ ကိရိယာတစ်မျိုးမဟုတ်ပါဘူး။အဲဒါကြောင့်ပုလင်းဖောက်တံ၊ကပ် ကြေးတွေကို အလွယ်တကူ သုံးနိုင်မယ့်နေရာမှာထားပြီး အသုံးပြုပေးပါ။ သွားဟာ အစာစားဖို့အတွက် သုံးသင့်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။
ခဲတံကိုက်ခြင်း – ခဲတံထိပ်ပိုင်းလေးတွေကို ကိုက်တာဟာ အာရုံစူးစိုက်ဖို့လား၊စာပိုရအောင်လား၊၊ ရေခဲဝါးစား သလိုပါပဲ၊ သွားကိုနာကျင်ကိုက်ခဲ   စေနိုင်ပါတယ်။ ခဲတံကို ကိုက်နေလေ့ ရှိတဲ့ ကလေးတွေကို သကြားဓာတ်မပါ တဲ့ ပီကေကိုပဲဝါးစေသင့်ပါတယ်။အဲဒါဟာ တံတွေးစီးဆင်းမှုကိုလဲ ပိုမိုကောင်းမွန်စေပြီးသွားကိုပိုပြီးခိုင်မာစေပါတယ်။
ကော်ဖီသောက်ခြင်း – ကော်ဖီရဲ့ အက်စစ်ပါဝင်မှုနဲ့အရောင်ဟာ သွားကိုဝါစေပါတယ်။ဒါပေမယ့် သွားကိုအရောင်ချွတ်ခြင်းကတော့ အဲဒီပြဿနာကို အဆင်ပြေစေနိုင်ပါတယ်။သွားဖက်ဆိုင်ရာဆရာဝန်တွေနဲ့တိုင်ပင်ပြုလုပ်နိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း – စီးကရက်နဲ့ ဆေးရွက်ကြီးထုတ်ကုန်အများစုဟာ သွားကိုအရောင်စွဲစေတဲ့အပြင်သွားဖုံးတွေကို ရောဂါရစေပါတယ်။ ခံတွင်း၊ လျှာနဲ့နှုတ်ခမ်းတွေပါ ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အပြုံးတွေ အသက်ဝင်လှပချင်ရင်တော့ ဆေးလိပ်ကိုဖြတ်သင့်ပါတယ်။

သက်ကို
ref;webmd

Health Updates Journal No. 88

ရေခဲဝါးစားခြင်း- ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင် ၀ါးခြင်းဟာ မာကြောတဲ့အရာတစ်ခုကို ၀ါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊ သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး ဆက်တိုက် သွားကိုက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ပူလွန်းခြင်း၊ အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ ခဏ၀ါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။

ဒူးနာရောဂါ


ဆေးကုတယ်ဆိုတာဆရာဝန်ကတဖက်သတ်ကုပေးလို့မရပါဘူး။ လူနာကလည်းကိုယ်ခံစားရတဲ့ရောဂါအကြောင်း၊ကုသမှုအကြောင်း၊ဘေးထွက်ဆိုးကျိုးအကြောင်းသိရှိနားလည်ပြီးနောက်ပါဝင်ဆွေးနွေးပေးဖို့
လိုအပ်ပါတယ်။

ရုပ်ရှင်ကန့်လန့်ကာ နောက်မှဖုံးဖိခဲ့တဲ့အတွင်းရေး၊ဗိုလ်ချုပ်အောင်ဆန်းတည်ထားခဲ့သော စေတီတစ်ဆူ

ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ် သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။

အမျိုးသား သားဆက်ခြားနည်းများအကြောင်း တစေ့တစောင်း

7

အမျိုးသားများအတွက် သားဆက်ခြားနည်းများဟာ အမျိုးသားများရဲ့ အခြေခံဇီဝကမ္မဗေဆိုင်ရာ ကွဲပြားမှုအပေါ်မှာ အခြေခံပါတယ်။   ဈေးကွက်ထဲမှာမိမိတို့အတွက် သန္ဓေတားနည်းကို ရွေးချယ်လိုသူ အိမ်ထောင်ရှင် အမျိုးသားများအတွက် ရွေးစရာတွေကတော့ ရှိနေပါတယ်။

သူတို့ပြောသော မြန်မာ့ ယဉ်ကျေးမှုပေတံနှင့် မြန်မာမယ်များ


တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်နှစ်ရပ်အောက် နှစ်ပေါင်း ၅ဝ ကျော် နေခဲ့ရသော မြန်မာလူမျိုးများသည် အရာရာ မျက်စိပိတ်၊ နားပိတ်။ တစ်ဖန် စာပေစိစစ်ရေး ဆိုသော အာဏာရှင်လက်ကိုင်တုတ်ကလည်း စာပေအနုပညာနှင့် ပတ်သက်၍ ပိတ်။ အနုပညာရှင်အမျိုးသမီးများ ဒူးပေါ်ပေါင်ပေါ်ပိတ်။ အရာရာ အပိတ်ခံခဲ့ရသောသူတို့ အပွင့်ခေတ်ရောက်လာသောအခါ ရိုင်းသည်ဟု မြင်နေကြသူများလည်းရှိသည်။ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ခင်လပြည့်ဇော်၊ မိုးစက်ဝိုင် စသည့် မြန်မာမော်ဒယ်လ် မလေး များသည် သက်ဆိုင်ရာ မယ်ပြိုင်ပွဲများ၌ အောင်မြင်မှုများ ရရှိသော် လည်း ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဝေဖန်သူများလည်း မနည်းခဲ့ပေ။ သက်ဆိုင်ရာ နယ်ပယ်ရှိ သူများ၏ အမြင်သည် စာဖတ်ပရိသတ်နှင့် တူ၊ မတူ တင်ဆက်လိုက်ပါသည်။

" ဘော်ဒါကြီး "

Photo
သိုက်နန်းရှင်တို့ အိမ်မှာ အကိုအကြီးဆုံး အတိုကောက်ပဲပြောမယ်နော် ကျော်
ပြီးတော့ သိုက်သိုက်နာမည်က .................................................ဇင်
သိုက်သိုက်အောက်က ..........................................................စု
စုပြီးတော့..........................................................................အိ
အိပြီးတော့..........................................................................ခက်၊ အားလုံး မိန်းခလေးလေးယောက် ယောက်ျားလေးတယောက်အိမ်မှာရှိတယ်။
အကိုကြီးနဲ့ဇင်က ကိုယ်ပိုင်အလုပ်လုပ်တယ်၊ ကျန်တဲ့ညီအမတွေက သူများအလုပ်လုပ်တယ် မနက်မိုးလင်းပြီးဆို ကိုးနာရီနောက်ဆုံးပဲ
အလုပ်ကို သွားကြရတယ်။ တဦးခြင်းဆီကြုံရတာလေးတွေကိုပြောပြမယ်နော်။ အကိုကြီးကတော့ သူ့ညီမတွေ ကြောက်မှာစိုးလို့ ဘာမှတော့သူ့အတွေ့ အကြုံကိုမပြောပြပေမယ့် တို့တတွေပြောရင်တော့ လုံးဝထောက်ခံတယ်။ အားလုံးတညီတညွတ်ထဲ နာမည်ပေးထားကြတဲ့ သူမရဲ့နာမည်က " ဘော်ဒါကြီး "

Sunday, October 20, 2013

မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း

Photo: မန်း NLD ၁၅၀ ကျော် နှုတ်ထွက်၊ ၁၂ ဦး ပါတီပြောင်း
Monday, October 21, 2013

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။ 

လက်တလောအားဖြင့် ဒီမိုကရက်တစ်ပါတီမှ အဆိုပါ ပါတီပြောင်းလဲသူ ၁၂ ဦးအား မိမိသဘောအတိုင်း NLD ပါတီမှ နှုတ်ထွက်ခြင်း ဖြစ်သည့် ထောက်ခံချက်များ တောင်းဆိုထားကြောင်း ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးမှ အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်… ပါတီပြောင်းချင်လို့ဆိုပြီး ပြောပါတယ်.. ၁၂ ယောက် ပါ.. နောက်ထပ် ၁၅၀ ထပ်ပြောင်းမယ်လို့လည်း ပြောပါတယ်.. လောလောဆယ်တော့ သူတို့ဆန္ဒအတိုင်း နှုတ်ထွက်တယ် ဆိုတဲ့ ထောက်ခံချက်တွေ တောင်းထားတယ်… ကျွန်တော်တို့ပါတီက တစ်ယောက်ယောက် က တိုက်တွန်းလို့၊ စည်းရုံးလို့ ပြောင်းလာတာ မဟုတ်ဘူး ဆိုတဲ့ သဘောပါ..” လို့ ဆိုပါတယ်။

နောက်ထပ် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှ ၁၅၀ ကျော် နှုတ်ထွက်မယ်လို့ သိရသော်လည်း ၎င်းတို့ အားလုံး ဒီမိုကရက်တစ်ပါတီ သို့ ပါတီပြောင်း မပြောင်းဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်ပြီးနောက်ပိုင်း ပါတီဝင် တစ်သိန်း ရရှိရေးအစီအစဉ်ဖြင့် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပေမယ့် ဗဟိုဦးစီးမှု လွန်ကဲခြင်း၊ မြို့နယ်ပါတီ ကိုယ်စားလှယ်များအပေါ် မကျေနပ်ကြခြင်း များကြောင့် နှုတ်ထွက်သူများ နှင့် ပါတီကူးပြောင်းသူများ တစ်နှစ်အတွင်း အများအပြားပေါ်ပေါက်ခဲ့ပါတယ်။ နှုတ်ထွက်လာသူ အများစုမှာ ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေ ဦးစီးသည့် NDF ပါတီသို့လည်းကောင်း၊ ဦးသိန်းညွန့် ဦးဆောင်သည့် ဒီမိုကရေစီ ပါတီသစ် သို့လည်းကောင်း၊ ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့လည်းကောင်း အသီးသီး ပြောင်းလဲသွားကြကြောင်း သိရပါတယ်။

ကိုစိုးကြီး

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင် ၁၂ ဦးမှာ NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်သို့) ပါတီ ကူးပြောင်းသွားကြောင်း သတင်းရရှိပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ တနင်္ဂနွေနေ့က မန္တလေးတိုင်းဒေသကြီး NLD ပါတီဝင် ၁၂ ဦးဟာ ပါတီဝင်အဖြစ်မှ အပြီးအပိုင် နှုတ်ထွက်ခဲ့ပြီး ချမ်းအေးသာစံရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) သို့ ဝင်ရောက်သွားကြောင်း သိရပါတယ်။