တစ်ပါတီအာဏာရှင်နှင့် 
စစ်အာဏာရှင်နှစ်ရပ်အောက် နှစ်ပေါင်း ၅ဝ ကျော် နေခဲ့ရသော 
မြန်မာလူမျိုးများသည် အရာရာ မျက်စိပိတ်၊ နားပိတ်။ တစ်ဖန် စာပေစိစစ်ရေး 
ဆိုသော အာဏာရှင်လက်ကိုင်တုတ်ကလည်း စာပေအနုပညာနှင့် ပတ်သက်၍ ပိတ်။ 
အနုပညာရှင်အမျိုးသမီးများ ဒူးပေါ်ပေါင်ပေါ်ပိတ်။ အရာရာ အပိတ်ခံခဲ့ရသောသူတို့ 
အပွင့်ခေတ်ရောက်လာသောအခါ ရိုင်းသည်ဟု မြင်နေကြသူများလည်းရှိသည်။ 
နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ခင်လပြည့်ဇော်၊ မိုးစက်ဝိုင် စသည့် 
မြန်မာမော်ဒယ်လ် မလေး များသည် သက်ဆိုင်ရာ မယ်ပြိုင်ပွဲများ၌ 
အောင်မြင်မှုများ ရရှိသော် လည်း ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဝေဖန်သူများလည်း
 မနည်းခဲ့ပေ။ သက်ဆိုင်ရာ နယ်ပယ်ရှိ သူများ၏ အမြင်သည် စာဖတ်ပရိသတ်နှင့် တူ၊ 
မတူ တင်ဆက်လိုက်ပါသည်။
ဆွေဇင်ထိုက်
Miss  ပြိုင်ပွဲတွေများလာတာနဲ့အမျှ 
မြန်မာ့ယဉ်ကျေးမှုအတွက် စိန်ခေါ်မှုတစ်ရပ်လို့ မြင်ရင်တော့ လုံးဝကို 
မြန်မာတွေဝင်မပြိုင်ပါနဲ့။ စပြီးပြိုင်မယ်လို့ ဆုံးဖြတ်ပြီး လူရွေးက တည်းက 
အပြည်ပြည်ဆိုင်ရာ အမှတ်ပေးစည်းမျဉ်းတွေကို နားမလည်မသိရင်ဝေဖန်ကြမှာပဲ။ 
ညနေခင်းဝတ်စုံမှာ အမှတ်ပေးသလို ဒီဘီကီနီ ဝတ်စုံမှာလည်း အမှတ်ပေးပါ တယ်။ 
ဒါကို မြန်မာ့ယဉ်ကျေးမှုအနေနဲ့ မတိုင်းတာသင့်ပါဘူး။ တစ်ကမ္ဘာလုံးဆိုင်ရာ 
အားကစားနည်းတစ်ခုပဲ။ လုံးဝကိုယ့်မြန်မာ ယဉ်ကျေးမှု ကို မြတ်နိုးတယ်ဆိုရင် 
ဝင်ကို မပြိုင်နဲ့။  မြန်မာလုံးဝမပါနဲ့။ Miss  တစ်ယောက်ကလည်း ပြီးစလွယ် 
ရွေးလို့မရပါဘူး။  အလှအပ၊ ဗဟုသုတ၊ ဖော်ရွေမှု အများကြီးကြည့်ပြီး ရွေးရတယ်။ 
လူမှုရေး၊ ပရဟိတစိတ်လည်းရှိရမယ်။ တချို့မယ်တွေက ပရဟိတကို 
စာချုပ်အတိုင်းမလုပ်နိုင်လို့ ရိုက်ကူးရေးဘက်များတာတို့ ဒီအလှမယ်တွေ သရဖူ 
ပြန်အပ်ရတာလည်း ရှိတယ်။
မီဒီယာတွေ မထွန်းကားသေးခင်ကနဲ့ 
အခုထွန်းကားလာတဲ့အချိန် နှစ်ခုစလုံး နဲ့ ဒီပြိုင်ပွဲတွေ ဖော်ပြလို့ 
အတုယူတာနဲ့ မဆိုင်ဘူး။ မယ်ပြိုင်ပွဲဝင်မယ်လို့ ဆုံးဖြတ် ရင် ဘီ ကီနီရော၊ 
ညနေခင်းဝတ်စုံရော ဝတ်သာဝတ်။ ကျန်တဲ့လူငယ်တွေလည်း ဒီပြိုင်ပွဲတွေကိုကြည့်မှ 
ဝတ်တာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်ယဉ်ကျေးမှုကို ကြည့် ရင် 
လုံလုံခြုံခြုံ ဝတ်ပြီးနေပါ။  Miss  တစ်ယောက်က ဘီကီနီကိုပဲဝတ်ပြီး 
တစ်ချိန်လုံးမနေပါဘူး။ ပြိုင်ပွဲယှဉ်ပြိုင်မှု ခဏလေးဝတ်တာပါ။ ယနေ့ 
ခေတ်လူငယ်တွေ ဒါကို အတုယူ မှာ စိုးရိမ်ရင်တော့ လုံးဝမှားတယ်။ သူက 
သူ့နိုင်ငံကို ဂုဏ်ဆောင်တာ ကျန်တဲ့အတိုအပြတ်လုံလုံခြုံခြုံမဝတ်တဲ့ 
လူငယ်တွေတစ်ပုံကြီးပါ။ Miss  ပြိုင် ပွဲကို မြန်မာ့ ယဉ်ကျေး မှုနဲ့ 
မတိုင်းတာသင့်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုက ဘယ်လိုလဲဆိုတာ 
သူပြိုင်ပွဲဝင်တုန်းကလည်း ပြကိုပြတာပါ။
မြရွှေဝါ (Myanmar Model Management)
အခု Miss ပြိုင်ပွဲတွေများလာတယ်။ 
အဝတ်အစားပိုင်းမှာလည်း ခေတ်စားလာတယ်။ ဒါကို မြန်မာ့ယဉ်ကျေးမှုအတွက် 
စိန်ခေါ်မှုတစ်ရပ်လို့ဆိုတာထက် အစ်မ ကတော့ ယဉ်ကျေးမှုနဲ့ ပြိုင်ပွဲကို 
ခွဲခြားချင် တယ်။ Miss ပြိုင်ပွဲတွေမှာ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ 
ဆန့်ကျင်ဘက် ဘီကီနီဝတ်တာကို ဒါ အားကစားပြိုင်ပွဲတစ်ခု မှာပါတဲ့ စည်း 
ကမ်းလို့ပဲ ပြောချင်တယ်။ အမျိုးသမီးတစ်ဦးမှာ Miss ကို နိုင်ငံကိုယ် 
စားဝင်ပြိုင်ပြီဆိုရင် ဒီနိုင်ငံက Miss ဟာ အသားအရေ ဘယ်လောက်လှလဲ။ ခန္ဓာကိုယ်
 ဘယ်ေ လာက် အချိုးပြေပြစ်လဲ ဒါ ကို ပြိုင်ကြတဲ့သဘောလို့ပဲ မြင်စေချင် တယ်။ 
ကိုယ့်နိုင်ငံ ယဉ်ကျေးမှုအတိုင်းမမြင်ဘဲ အားကစားပြိုင်ပွဲလို့ မြင်ရင် 
ပိုပြီး သင့်တော်မယ်။ ပြီးတော့ ကိုယ့်နိုင် ငံက Miss 
တစ်ဦးတည်းဝတ်ပြီးပြိုင်တာ မဟုတ်ဘူး။း တစ်ကမ္ဘာလုံးက ဝတ်တာလေ။ ဒါပေမဲ့ 
မီဒီယာတွေများလာတဲ့အခါမှာ အလွယ်တကူကြည့် ရှုနိုင် တဲ့အခါ မှာ အတု 
ယူမှာစိုးရိမ်တယ်။ ဒါတွေက အပြင်မှာတော့ ဝတ်လို့အဆင်မပြေပါဘူး။ ဖျော်ဖြေရေး၊
 ရုပ်ရှင်တွေမှာလည်း မြင်တွေ့ကြတာပဲ။ ဒါက ကိုယ့်နိုင်ငံကိုယ် စားပြုတာ 
မဟုတ်ဘူး။ ယဉ်ကျေးမှုနဲ့ အားကစားပြိုင် ပွဲလို့ ခွဲခြားမြင်စေချင်တယ်။
အာကာကျော် (ဂရပ်ဖစ်တီပညာရှင်)
Miss ပြိုင်ပွဲတွေမှာ ဘီကီနီဝတ်ပြီး 
ပြိုင်ရတယ်။ ဒါကို လူငယ်တစ်ဦး ကျွန်တော်တစ်ယောက်တည်း အမြင်ကိုပြောရင် 
ယဉ်ကျေးမှုလည်း ပါရမယ်။ နိုင်ငံ တကာလည်း ဖြစ် ရမယ်။ ဒီဝတ်စားမှုပိုင်းနဲ့ 
ယဉ်ကျေးမှုအတွက် စိန်ခေါ်မှုတွေများလာပြီလားဆိုတာ Miss တွေကလည်း 
ကိုယ့်ယဉ်ကျေးမှုကို ထိန်းရမယ်။ အခု Miss သွားပြိုင် ပြီး ပြန် လာကြတဲ့ 
နိုင်ငံကိုယ်စား ပြုတွေကလည်း ပရဟိတတွေ လုပ်ကြ တယ်။ ဒါက သူတို့ 
စိတ်နဲ့သက်ဆိုင်တယ်။ ပရဟိတလည်း ယဉ်ကျေးမှုတစ်ရပ်ပဲ။ ဘီကီနီဝ တ်ပြိုင်တာက 
ယှဉ်ပြိုင်မှုတစ်ခုပါ။ယှဉ်ပြိုင်မှုမှာ အချိန်နဲ့တစ်ပြေးညီ 
မီဒီယာတွေကနေလွှင့်လာပြီး အလွယ်တ ကူမြင်တွေ့ကြ တယ်။ ဒါပေမဲ့ Miss တွေက 
ဒီလိုဝတ်လို့လိုက်ပြီး အတုယူမယ့် အစားတော်တဲ့အပိုင်းကို အတုယူစေချင်တယ်။ 
ဆိုးတာတွေကိုတော့ ပစ်ပယ်စေချင်တယ်။ Miss တွေက ဒီလိုဝတ်တာ 
ခဏလေး ပြိုင်ပွဲအချိန်တိုလေးပဲ။ ပြီးတော့ဒါက ယှဉ်ပြိုင်မှုသက်သက်ပဲ။ 
ကျွန်တော် လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာက ကောင်းတဲ့အတုကိုပဲ ယူစေချင်တယ်။
 ကျွန်တော်ကိုယ် တိုင်ခံယူထား တဲ့ မြန်မာ့ ယဉ်ကျေးမှုကတော့ ဝတ်စားဆင်ယင်မှု 
ကတော့ ရှေးအစဉ်အလာတစ်ရပ်ပဲ။ ကျွန်တော်တို့ ရင်ထဲမှာ တကယ့်ယဉ်ကျေး မှုတွေကို 
ကိန်းအောင်းနေရင် အလိုလို ယဉ်ကျေးကြမှာပဲ။ အခုနောက်ပိုင်း ဝတ် စားတာတွေက 
ခေတ်စားလာတယ်။ ရင်ထဲမှာ ယဉ်ကျေးမှုရှိရင် အလိုလိုပဲ မြန်မာ့ယဉ်ကျေးမှုက 
ပေါ်လွင်နေမှာပဲ။
ကိုအောင်ကျော်ဆန်း – နိုင်ငံတကာပညာရေးအတိုင်ပင်ခံ 
(Crown Education)
(Crown Education)
ယဉ်ကျေးမှုဆိုတာ လူတစ်စုရဲ့ 
လက္ခဏာသွင်ပြင်တွေလို့ နားလည်ထား ပါတယ်။ နေထိုင်မှုပုံစံလို့ ပြောလည်းရပါ 
တယ်။ ဥပမာ ဘာသာစကား၊ တန်ဖိုး၊ အစားအသောက်၊ ကိုးကွယ်ယုံကြည်မှု၊ အနုပညာ၊ ဂီတ၊
 အမူအကျင့်စသဖြင့်ပေါ့ ဗျာ။ ပန်းဆယ်မျိုးဆိုတာလည်း ထင်ရှား တဲ့ 
မြန်မာ့ယဉ်ကျေးမှုပါ။ မြန်မာ့ယဉ်ကျေး မှုလို့ဆိုလိုက်တာနဲ့ ဘာသာရေး၊ ကိုးကွယ်
 ယုံကြည်မှုတွေကလည်း မြန်မာ့ယဉ်ကျေးမှု ပါ။ နောက် မြန်မာတွေမှာ ယဉ်ကျေးတဲ့ 
ကိုယ်ပိုင်ဟန်၊ ဝတ်စားဆင်ယင်မှုတွေ မြန် မာ့အနုပညာ၊ ဂီတတွေ ရှိနေပါတယ်။ 
နောက်စိတ်ဝင်စားစရာတစ်ခုက ”အား နာတတ်တာ”မျိုးကလည်း မြန်မာကိုယ်ပိုင် ဟန် 
ယဉ်ကျေးမှုအသွင်ပါ။ အားနာတယ် ဆိုတဲ့ စကားလုံး အတိအကျ အဓိပ္ပာယ်က သိသလောက် 
အင်္ဂလိပ်လိုမှာ မရှိပါဘူး။ အမျိုးသားယဉ်ကျေးမှု (National Culture) 
ဆိုတာမျိုးကတော့ ယနေ့ထိ ငြင်းခုံေ နကြ ဆဲလို့ မြင် ပါတယ်။
ယဉ်ကျေးမှုတွေ ကွဲပြားလာတဲ့ အ လျောက်မှာ 
တွေးခေါ်ပုံ၊ အယူအဆ၊ တန် ဖိုးတွေလည်း ကွဲလာတယ်။ အဲဒါတော့ ဒီ ဘီကီနီနဲ့ 
ပြိုင်ရတယ်ဆိုတာလည်း တကယ် တော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ၁၉၆၁ ခုနှစ် Miss
 Universe မှာလည်း Miss Congeniality ဆုရခဲ့တဲ့ ဒေါ်မြင့် မြင့်ဝင်းတို့လည်း
 သူတို့ယှဉ်ပြိုင်တုန်းက ဝတ်ခဲ့ရတာပါ။ တရုတ်တံခါးဖွင့်ဝါဒ ကျင့် 
သုံးစတုန်းကလည်း ဒီလိုပြဿနာနဲ့ ဆင် တူတာလေးတွေ ဖြစ်ခဲ့ဖူးပါတယ်။ ပြတင်း 
ပေါက်ဖွင့်လိုက်ရင် ဖုန်တွေ၊ အမှိုက်တွေ ဝင်တာလောက်တော့ရှိမယ် ဆိုတာမျိုး 
ပြောခဲ့ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံ ရေးအလုပ်လုပ်မယ့်တိုင်းပြည်တိုင်း၊ တံ 
ခါးဖွင့်ဝါဒကျင့်သုံးတဲ့ တိုင်းပြည်တိုင်း သူ တို့ရဲ့ 
ကိုယ်ပိုင်ယဉ်ကျေးမှုတွေက ခြိမ်း ခြောက်ခံရလေ့ရှိပါတယ်။ တစ်ချိန်တုန်း က 
မြန်မာ့ယဉ်ကျေးမှုကို ခြိမ်းခြောက်တာ အနောက်တိုင်းယဉ်ကျေးမှုလို့ ဆိုရင်ရ 
ပါတယ်။ အခုဆိုရင် အနောက်တိုင်းယဉ် ကျေးမှု။ ကိုယ့်အာရှအချင်းချင်း ခြိမ်း 
ခြောက်တာ ခံနေရပါတယ်။ တကယ် တော့ ဘီကီနီဝတ်မှ Culture ကို ဆန့် 
ကျင်ချိုးဖောက် တာမဟုတ်ပါဘူး။ ဟိုး တစ်လောက ရုပ်ရှင်ဆုပေးပွဲတွေမှာ တချို့ 
ဝတ်လာတဲ့တိုက်ပုံအင်္ကျီ ဒီဇိုင်းဆန်းဆန်း တွေကလည်း အငြင်းပွားဖွယ် ရာတွေလို့ 
မြင် တယ်။ နောက် Culture အဆင့်မှာ တော့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်ဆိုတော့ 
ပြဿနာသိပ်မရှိပါဘူး။ ဒါပေမဲ့ အဲဒါတွေက အစုအဖွဲ့အဖြစ်နောက်စုဖွဲ့ပြီး 
ယဉ်ကျေးမှု (Civilization) ဖြစ် လာပြီ ဆိုရင် တော့ အဲဒီကြားမှာ ပြဿနာတွေ 
ရှိလာ နိုင်ပါတယ်။ ယဉ်ကျေးမှုထိန်းသိမ်းခြင်းနဲ့ 
ဖွံ့ဖြိုးတိုးတက်ခြင်းကြားမှာ စည်းတစ်ခုရှိ ပါတယ်။
တစ်ဖက်ကို ကျယ်ကျယ်လိုချင် ရင်တော့ 
တစ်ဖက်က ကျဉ်းပေးရလိမ့် မယ်။ အဲဒီလို မလုပ်ချင်ရင်  နယ်ပယ်ကို ချဲ့ပစ်ရမယ်။
 ကိုရီးယားလုပ်သလိုပေါ့။ ယဉ်ကျေးမှုတွေကို လိုက်လျောညီထွေဖြစ် 
အောင်လုပ်တဲ့အထဲမှာ စင်ကာပူက စံနမူ ယူစရာပါ။ သူတို့တွေက ဟိုးငယ်ငယ်က တည်းက 
ပညာရေးထဲမှာ ထည့်ထားပါ တယ်။ တစ်ယောက်ချင်း၊ တစ်ဖက်နဲ့ တစ်ဖက် 
ယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ် တဲ့ အကျင့်ကိုလည်း စနစ်တကျလေ့လာ 
သင်ကြားပေးဖို့လည်း လိုပါတယ်။ ဆိုလို တာကတော့ဗျာ ပညာရေးပါ လာပြီလို့ဆို 
တာနဲ့ ဘီကီနီဝတ်တဲ့ကိစ္စဟာ ပြိုင်ပွဲတစ် ခုရဲ့ Culture လို့မြင်ရင် 
ပြဿနာသိပ်မကြီးနိုင်ပါဘူး။ အဲဒါကိုမှ ကိုယ့်ယဉ်ကျေး မှုထဲ 
ဆွဲသွင်းမယ်ဆိုရင်တော့ စဉ်းစား စရာတစ်ခုဖြစ်လာနိုင်တယ်။ သူများယဉ် ကျေးမှု 
မလွှမ်းမိုးအောင်ဆောင်ရွက်ဖို့ဆို ရင် ကိုယ့်ယဉ်ကျေးမှု ကိုယ်ခံအားကောင်း 
အောင် အရင်လုပ်ထားရမယ်။ သူများ ယဉ်ကျေးမှုကို ပြစ်တင်ဝေဖန်ရုံနဲ့ ကိုယ့် 
ယဉ်ကျေးမှုကို ကာကွယ်ရာမရောက်ဘူး။
မဇွန်ဝတ်မှုံ (ကုမ္ပဏီဝန်ထမ်း)
မြန်မာ့ယဉ်ကျေးမှုဆိုတာကို ဘယ်လို 
လက်ခံထားသလဲဆိုတော့ ကိုယ်တွေက မြန်မာဆိုတာ မြန်မာ့ ယဉ်ကျေးမှု ဆိုတာ 
ရှိသင့်တယ်။ ရှိသင့်တယ်ဆိုတာထက် ရှိ ကို ရှိရမ ယ်လို့ မြင်တယ်။ 
ယဉ်ကျေးမှုရှိမှ လည်း လူမျိုးဆိုတာကျန်မယ်။ တခြားယဉ် 
ကျေးမှုတွေရောကုန်ပြီဆိုရင် နောက်ပိုင်း နောက်ပိုင်းတွေမှာ မြန်မာဆိုတာ ကျန်
 တော့ မှာတောင် မဟုတ်ဘူး။ မြန်မာတွေရဲ့ ထိုင်မသိမ်းတို့ဘာတို့ 
နောက်ပျူခေတ်၊ ပုဂံ ခေတ်စတဲ့ယဉ်ကျေးမှုတွေကလည်း ရှိကို 
ရှိခဲ့တဲ့ယဉ်ကျေးမှုတွေဆိုတော့ သူတို့က လည်း ရှိတော့ ရှိနေသင့်တယ်။ 
ရှိကိုရှိရမယ်။
ဘီကီနီဝတ်ပြီး ပြိုင်တာကြောင့် မြန် 
မာ့ယဉ်ကျေးမှုကြီးကို စိန်ခေါ်ခြိမ်းခြောက် မယ်။ အဲလိုမျိုးတော့ မမြင်မိဘူး။ 
သူတို့က လည်း နိုင်ငံတကာပွဲတွေမို့ ဘီကီနီဝတ် ပြီးပြိုင်ရ တာတွေ။ ဒီအတိုင်း
 အပျော်တမ်း ရွေးတဲ့ မယ်ပြိုင်ပွဲမော်ဒယ်လျှောက်တာ တွေမှာဆို ဘီကီနီကို 
မဝတ်ကြဘူးလေ။ နောက် အင်တာနေရှင်နယ် ပွဲတွေမှာ လည်း အလှည့်ေ တွရှိတာပါပဲ။ 
သူတို့တွေ ရိုးရာဝတ်စုံ မြန်မာဝတ်စုံတွေဝတ်ပြီး ပြိုင် ရတာတွေလည်းရှိတာပဲ။ 
Evening Dress  တွေဝတ်ပြိုင်ရတာလည်းရှိတာပဲ။ နောက် တစ်ချက်က ဘုရားပေါ်မှာ 
ဝတ်ပြီးပြိုင်ရ တာလည်း မဟုတ်ဘူးလေ။ ဘုရားသွားရင် တော့ ဘယ်သူကမှ 
ဘီကီနီဝတ်ပြီး သွား မှာမဟုတ်ဘူး။ ဒါကြောင့် ဒီအင်တာနေ ရှင်နယ်ပြိုင်ပွဲတွေ 
ဘီကီနီဝတ်ပြိုင်ရတာ တွေက မထိခိုက်နိုင်ဘူးလို့တော့ ထင်တာ ပဲ။ 
နိုင်ငံခြားသွားတယ်။ နိုင်ငံခြားပြိုင်ပွဲ တွေရောက်ပြီဆို သူတို့ 
စည်းကမ်းအရ ပြိုင်ရ မှာလေ။ အရင်တုန်း က မပြိုင်တာ တော့ ဒါမျိုးတွေဝတ်ရမှာ 
ကြောက်လို့ လား။ မပွင့်လင်းလို့ မပြိုင်တာလား၊ အဲဒါ တော့မသိဘူး။ ဒါပေမဲ့ 
မပြိုင်နိုင်ခဲ့တဲ့အ တွက် ‘မြန်မာ’ဆို တာမသိကြဘူး။ ခုဆု တွေ 
ဘာတွေရပြီဆိုရင် မြန်မာဆိုတာ ပိုသိသာသွားတယ်။ တခြားဘက်တွေက မြန်မာကို 
သိအောင်လုပ်တာလည်း ရှိ မယ်လို့ ထင်ပါတယ်။
မိုးစက်ဝိုင် (စာရေးဆရာ)
မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပေါ့။ 
ကျွန်တော်အမြင်ပါ။ မြန်မာဝတ်စုံ ဝတ်တာမျိုး လုံလုံခြုံခြုံဝတ်တာမျိုး 
ပိုပြီး တော့ သဘောကျတယ်။ ကိုယ့်အနေအ ထားနဲ့ပါ။ ဒါပေမဲ့ ခုဟာက နိုင်ငံတကာနဲ့
 ယှဉ်ပြိုင်ရတဲ့အခါမှာ သူ့ရဲ့ ဥပဒေအတိုင်းတော့ ဝတ်ပြရတာပေါ့။ အဲဒီအပေါ်မှာ 
မယ်တွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက် ပြီး သူတို့ရဲ့ ဖေ့စ် ဘွတ်တွေပေါ်မှာ စာ 
မျက်နှာတွေပေါ်မှာ ရေးကြပါတယ်။ သူ တို့က နိုင်ငံတကာ စည်းအရ ဝတ်ရတာ ပေါ့။ 
သူတို့က အဲလိုပြောကြတယ်။ ရေး ကြတယ်ပေါ့။ ကျွန်တော် ခန့်မှန်းမိသ လောက်ကတော့
 အဲလိုမဝတ်ချင်ရင် အစ ကတည်းက မပြိုင်ရုံပဲရှိတာပေါ့။ နိုင်ငံ တကာနဲ့ 
ပြိုင်ရင်တော့ဝတ်ရမှာပဲပေါ့။ ဒါ ပေမဲ့ အဲလိုမျိုး ဝတ်ရတာက ပရိသတ်ကို 
တမင်ဖော်ချွတ်ပြတာမဟုတ်ဘဲ ပြိုင်ပွဲအ နေနဲ့ ဝတ်ရတာမို့ ကျွန်တော့်အနေနဲ့ 
အရမ်းကြီး ဝေဖန်တာမျိုးလည်း အဆင်မ ပြေဘူး။ ဒါပေမဲ့ မြန်မာမိန်းကလေးတွေ 
ဖြစ်တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုဆိုတာ ကို သိကြမယ်ဆိုရင် 
ပိုပြီးကောင်းတာပေါ့။
ဒီမှာလာပြိုင်တဲ့ အနေအထားမျိုး မှာတော့ 
ဘီကီနီဆိုတာကြီးနဲ့ မပြိုင်သင့် ဘူးလို့ ကျွန်တော်ထင်တယ်။ သူများနိုင်ငံ 
မှာသွားပြိုင်ရင်တော့ သူများအတိုင်း လုပ် ရတာပေါ့။ 
ကိုယ့်နိုင်ငံကဖိတ်ခေါ်ပြီး ပြိုင် ပွဲတစ်ခု လုပ်မယ်ဆိုရင်တော့ မထည့်သင့် 
ဘူး။ မထည့်ရင်ပိုကောင်းတာပေါ့။ ပြည် တွင်းမှာ လုပ်တယ်။ ပြည်တွင်းက လူတွေ 
ကြည့် တယ်။ ပြည်တွင်းက ရုပ်သံတွေမှာ လွှင့်တယ်။ အဲဒီအပေါ်မှာတော့ ဒီလိုပုံစံ 
မျိုးတွေနဲ့မပြိုင်တာပိုကောင်းပါတယ်။ နိုင်ငံ ခြားမှာတော့ 
သူ့ရဲ့ပွဲစဉ်တွေအရ ပြိုင် ရတာဆိုတော့ မတတ်သာဘူးလေ။
မဥမ္မာအိ (ကုမ္ပဏီဝန်ထမ်း)
မြန်မာလို့ပြောလိုက်တာနဲ့ ကျွန်မ 
မြင်မိတာကတော့ ထဘီလေးနဲ့ရင်ဖုံး အင်္ကျီလေးနဲ့ပေါ့နော်။ ဒါပေမဲ့ နေရာဒေသ 
နဲ့အခြေအနေ အချိန်အခါကို လိုက်ပြီး ပြောင်း လဲရပါ တယ်။ ကျွန်မလည်း ခေတ် 
လူငယ်တစ်ယောက်ပါ။ ကျွန်မကိုယ်တိုင် လည်း ဂျင်းပင်န်တွေစကပ်တွေကို ဝတ်ပါ 
တယ်။ ဒါပေမဲ့ နေရာတကာ မဝတ်သင့် ဘူးဆိုတာကိုပြောချင်လို့ပါ။ ကျွန်မဘုရား 
တွေဘာတွေလည်း သိပ်မသွားဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်မသွားလိုက်တိုင်း တချို့တ 
ချို့သော ကောင်မလေးတွေပေါ့နော် ဂျင်း ပင်န်တွေ စကပ်တွေဝတ်တာတွေ့ရပါ တယ်။ 
တကယ်ဆို ဒါတွေက မဖြစ်သင့် ဘူးလို့ထင်ပါတယ်။ ပြီးတော့ ဘုရားပေါ် 
မတက်ခင်လောက်မှာ ရေးထားတာတွေ ရှိပါတယ်။
မြန်မာ့ယဉ်ကျေးမှုနဲ့ မသင့် လျော်သော 
ဘောင်းဘီတို၊ ရှည်၊ စကတ် တို၊ ရှည်၊ အကွဲများ ဝတ်ဆင်ခြင်းမပြု ရဆိုတဲ့ 
သတိပေးစာလေးတွေကို လူတိုင်း လည်း တွေ့ကြမှာပါ။ အဲဒါတွေက မဖြစ် သင့်တာတွေပါ။
 လူတိုင်းသာ(မိန်းကလေး အများစု)ငါဟာ မြန်မာမိန်းကလေးပါလား ဆိုတဲ့အသိ 
မိန်းကလေးတိုင်းမှာသာ ရှိ မယ်ဆိုရင် အဲဒီသတိပေးကြေညာချက် တွေက 
ထားစရာကိုမလိုတော့ပါဘူး။ နိုင်ငံ ခြားသားတွေတောင် ကိုယ့်ယဉ်ကျေးမှုနဲ့ 
ဝတ်စားဆင်ယင်မှုကို တန်ဖိုးထားနေတဲ့ အချိန်မှာ  ကိုယ်ကတိုင်းတစ်ပါးယဉ်ကျေး 
မှုနဲ့ ဝတ်စားဆင်ယင်မှုကို နေရာတကာ မသုံးသင့်ဘူးလို့ ထင်ပါတယ်။ အခြေအ 
နေ၊အချိန်အခါနဲ့ နေရာဒေသကိုလိုက်ပြီး ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှုပြုမယ်ဆို
 ရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ ဒါ ကတော့ ကျွန်မရဲ့အမြင်နဲ့ ကျွန်မလက်ခံ 
ထားတဲ့ ပုံစံပါ။
ဒါကတော့ အရာအားလုံးကို မ 
ကောင်းတဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ ယဉ်ကျေးမှုနဲ့ထိပ်တိုက်တွေ့စေ မှာပါ။ ဒါ
 ပေမဲ့ အကောင်းဘက်ကပဲ တွေးပေးပါလို့ ပဲ ပြောချင်ပါတယ်။ အလုပ်တစ်ခုလုပ် 
တယ်လို့ပဲ သဘောထားပေးပါ။ အလုပ်သ ဘောမို့လို့ မဖြစ်မနေဝတ်ရမှာမို့လို့ ဝတ် 
တယ်လို့ပဲ မြင်ပေးပါ။ အကယ်၍ တခြား နိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ 
ဒါဟာ ဘာမှမဟုတ်ဘူးလို့ တွေးနိုင်ပေ မယ့် ကိုယ့်လူမျိုးကိုယ့်ယဉ်ကျေးမှုနဲ့ 
ကြည့် မယ်ဆိုရင်တော့ ဒါတွေက ရှက်စရာပေါ့ နော်။ ဒါပေမဲ့ 
Missပြိုင်တဲ့သူတွေမှာ သူတို့သာ လေ့ကျင့်မှုတွေ ယှဉ်ပြိုင်မှုတွေ 
လုပ်မသွားဘူးဆိုရင် သူတို့အနေနဲ့တကယ့် ကိုနိုင်ငံ့ဂုဏ်ဆောင်တဲ့ပွဲတွေမှာ 
သူတို့ အတွက် အခက်အခဲတွေရှိနိုင်ပါတယ်။ အဲဒါကြောင့် ကြိုပြီး ဏမခေအငခန 
လုပ်တဲ့ သဘောမျိုးပဲ မြင်ပေးပါလို့ ပြောချင်ပါ တယ်။ ဒီဘက်ခေတ်လူငယ်တွေလည်း 
ကျွန်မလိုပဲ မြင်မယ်လို့ ထင်ပါတယ်။ အဲ ဒါက ကျွန်မအမြင်သက်သက်ပါ။
သုတလင်း၊ ထူးထူး
popularmyanmar
 






 
 
 
 
 
0 comments:
Post a Comment