Monday, October 21, 2013

သီတင်းကျွတ်ကာလ လူငယ်အတွေး စိတ်ကူးပုံရိပ်နှင့် လွှမ်းပိုင် ထက်ထက် (Bobby Soxer)

မြန်မာ့ယဉ်ကျေးမှုအနှစ်သာရပွဲတော်တစ်ခုဖြစ်တဲ့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလမှာ လူငယ်တို့ အနေနဲ့ မိမိတို့ကြည်နူး ရင်ခုန် ဖွယ်ရာကောင်းတဲ့ နေရာလေးတွေမှာ သီတင်းကျွတ်ကာလ ပုံရိပ်လေးတွေဖြစ်တဲ့ မီးရှူးမီးပန်း၊ မီးပုံပျံလေးများနဲ့အတူချစ်သူမိတ်ဆွေတို့နဲ့ဝိုင်းဖွဲ့လို့ လွတ်လပ်စွာဖြတ် သန်းပျော်ရွှင်လေ့ရှိကြပါတယ်။ဒါ့ကြောင့် လူငယ်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ရဲ့ လူငယ်စိတ်ကူးနှင့် ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ကာလပျော်ရွှင် စွာဖြတ်သန်းပုံတွေ ကိုဖန်တီးပုံဖော်ရိုက်ကူးခဲ့ပြီးသူတို့ရဲ့သီတင်းကျွတ်လူငယ်ရင်ခုန်သံစကားများကိုလည်းမေးမြန်းဖြစ်ခဲ့ပါတယ်



လွှမ်းပိုင်-
“ငယ်ငယ်တုန်းက ကျွန်တော် မှတ်မိတာက ၇တန်းနှစ်လောက်က သီတင်းကျွတ်က တော်တော်ပျော် ဖို့ကောင်းတယ်။ ကျွန်တော်က နယ်မှာ နေတာဆိုတော့ ညနေ၆နာရီ နေဝင် တဲ့အချိန်ကစပြီး မီးရှူးမီးပန်း ဆော့ကြတယ်။ ဘောလုံးကန်တယ်။ ထုတ်ဆီးတိုးကစားကြတယ်။ အစုံပေါ့။ ပျော်စရာကြီးပါပဲ။ ရှိုးဆိုတဲ့အခါ ကျတော့   နှစ်တိုင်းက မှတ်မှတ်ရရပါပဲ။ သီတင်း ကျွတ်အကြောင်း သီးသန့်ရေးမယ် ဆိုတဲ့စိတ်ကူးတော့ ရှိတယ်။ သီတင်းကျွတ်အချိန်မှာ ကောင်းမှုကုသိုလ်တွေလည်းလုပ်။ ချစ်သူရည်းစားတွေလည်း သီတင်းကျွတ်ညချမ်းလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုပါတယ်။ သီတင်းကျွတ်မှာ လူကြီး မိဘတွေကို ကန်တော့မယ်”


ထက်ထက်(Bobby Soxer) -
“သီတင်းကျွတ် ရောက်ရင်တော့ လူငယ်ပီပီ ပျော်တယ်။ ငယ်ငယ်က ဆို အမျိုးတွေ အိမ်မှာစုပြီး မီးပန်းတွေ ဖောက်ကြတယ်။ သာမန် လူငယ်ဘဝကတော့ သီတင်းကျွတ်ဆို မီးပုံး တွေလွှတ် မီးပန်းတွေ ဖောက်ပေါ့။ အခုအဆိုတော် ဖြစ်လာတော့လည်း ရှိုးဆိုတယ်။ မိုးတွင်းရာသီဥတု စိုစွတ်တာကို သိပ်မကြိုက်လှဘူး။ ဒီလိုဆောင်းအနံ့သင်းတဲ့ ရာသီမျိုးကို ကြိုက်တယ်။ သီတင်းကျွတ်မှာ ငယ်ငယ်တုန်းက ဆိုရင်တော့ လူကြီး မိဘတွေဆီက မုန့်ဖိုးရတယ်။ အဆိုတော် ဖြစ်လာ တဲ့အခါနဲ့သာမန်လူငယ်ဘဝ သီတင်း ကျွတ်နဲ့ တအား ကြီးတော့မကွာပါဘူး။အဆိုတော်ဘဝမှာလည်း သီတင်း ကျွတ်ရှိုးဆိုပြီး တာနဲ့ သူငယ်ချင်းတွေ စုပြီး မီးပန်း ဖောက် ရင်ဖောက်၊ မီးပုံးပျံလွှတ်စသတာတွေ လုပ်ဖြစ်တယ်။သီတင်းကျွတ်မှာအားလုံးကိုယ်ရောစိတ်ပါ။ ကျန်းမာချမ်း သာကြပါစေလို့ဆုတောင်းပေးပါတယ်”


 ရဲရဲ၊မျိုးမောင်
Popular Journal

0 comments:

Post a Comment