ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော 
ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ် သည်။ 
လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် 
ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် 
ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် 
ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ 
ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း 
ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ 
အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ 
ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။
ဖြစ်ခဲ့ကြပုံမှာ ဤသို့ပင်၊ 
အောင်မင်္ဂလာရုပ်ရှင်မှ မင်းသား ခင်မောင်ညွန့်သည် ရွှေနန်း ကျင် အသံထွက်ကို 
ရိုက်ကူး ခဲ့စဉ် ဇာတ်သိမ်းခန်းတွင် ရွှေနန်းကျင်နှင့် ပတ် 
သက်၍ကျိုက်ထီးရိုးဘုရားကို ထည့် ပြလိုသဖြင့် မည်သို့ မည်ပုံကြံ စည်ရ 
မည်ကို မတွေးတတ် အောင်ဖြစ်ကြသည်ဆို၏။ ကျိုက်ထီးရိုးဘုရားကို ရိုက်ကူးရ 
မည်မှာ မလွယ်ကူပါ။ (ထို စဉ်က) ရောင်စုံသူပုန်သောင်း ကျန်းသူများကြီးစိုးရာ 
ဌာန ဖြစ်နေ၍ မည်သူမျှ သွား ရောက်ဝံ့ကြမည်မဟုတ် သဖြင့် ရွှေနန်းကျင်နှင့် 
ကျိုက်ထီးရိုး မှာ လမိုင်းမ ကပ်နိုင်အောင် အခက်ပွေနေ၏။ သို့သော် 
မင်းသားခင်မောင်ညွန့်သည် မတတ်နိုင်သည့် အဆုံးတွင် သဏ္ဍာန်လုပ်သရုပ်နှင့် တူ 
အောင် ကျိုက်ထီးရိုးစေတီပုံကို ပန်း ချီဆရာ အားကိုးဖြင့် စက္ကူနှင့် 
ရုပ်လုံး ဖော်ပြီး ဖန်တီးလိုက်ကြ တော့၏။ သို့ ရာတွင် အတုနှင့် အစစ်မှာ 
ဆီနှင့် ရေလိုကွာ နေသဖြင့် ကျိုက်ထီးရိုးပုံ မှာ မှုန်ဝါးဝါးဖြစ်နေ သည်။
တစ်နေ့ ကျုပ် ကျိုက်ထီး ရိုးဘုရားအစစ်ကို 
သွားရိုက် ပေးပါရစေ ဟု တက္ကသိုလ်ဝင်း ဖေကမြည်လာရာ ခင်မောင်ညွန့် ပင် 
မျက်လုံးပြူးသွား၏။ နေ ပါစေ ကိုယ့်လူခင်ဗျား အသက် အန္တရာယ်အတွက် ကျုပ်တာ 
ဝန်မယူနိုင်ဘူးဟု ပြင်းပြင်း ထန်ထန် ငြင်းဆန်လိုက်၏။ ဖေဖော်ဝါရီလ 
၂၃ရက်နေ့တွင် ဒါရိုက်တာတက္ကသိုလ် ဝင်းဖေ သည် ရန်ကုန်မှ ရုတ်တရက် 
ပျောက်သွား၏။ မင်းသားခင် မောင်ညွန့်မှအစ ကိုဝင်းဖေအိမ်သားများပါ 
လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။ဂျစ်ကားတစ်စီး နှင့် ရန်ကုန်မြို့ရှိ သူ့အသိအိမ် 
များသို့ အနှံ့အပြားရှာဖွေ ခဲ့သော်လည်း အစအနမှ မမြင် ရသဖြင့် 
အားလုံးခေါင်းကြီး သွားကြ၏။ နောက်တစ်နေ့ ခင်မောင်ညွန့် အလုပ် တိုက်ဖြစ် 
သည့် စပတ်လမ်းအောင်မင်္ဂလာရုပ်ရှင်ကုမ္ပဏီသို့ လူ တစ်ယောက်စာ လာပေး သွား သည်ဆို၏။ထိုစာမှာ တက္ကသိုလ်
 ဝင်းဖေအား သောင်းကျန်း သူများ ပြန်ပေးဆွဲထား သလိုလို သိရ၏။ ဓာတ်ပုံဆရာ ကို
 ရှိန်ပါ အဆစ်ပါရပုံ သိရသောအခါ ခင်မောင်ညွန့်ခေါင်း မီးလောင် တော့၏။ 
ကုမ္ပဏီအား အသိ မပေးဘဲ ကိုဝင်းဖေသည် ဓာတ်ပုံဆရာကိုရှိန်ကို ခေါ်၍ 
ကျိုက်ထီးရိုးဘုရားသွားရိုက် ကြကြောင်း ပေါ်လာတော့၏။ မိမိ ပယောဂမကင်းသဖြင့် 
နောက် ဆုံး ပြန်ပေးလက်မှ ရွေးလိုရ ငြားအောင် မင်္ဂလာရုပ်ရှင် မန်နေ ဂျာဦး 
တင်အေးကို ငွေ ထုပ်ပိုက်စေပြီး ကျိုက်ထိုသို့ ကတိုက်ကရိုက်လွှတ်ရတော့၏။ 
သို့သော် ဦးတင်အေးသည် ငွေ ထုပ်ပိုက်ပြီး ကျိုက်ထို အရောက် 
ကျိုက်ထီးရိုးပြန် အသိ ဘုန်းကြီး တစ်ပါးနှင့်တွေ့၍မိမိတို့ ဒုက္ခကို ဖွင့်၍ 
အကူအညီ တောင်းမိရာ ထိုရဟန်းပျိုက ရုပ်ရှင်သမား နှစ်ယောက် 
ကျိုက်ထီးရိုးဘုရား ကို ရုပ်ရှင် ရိုက်ကူးသွားကြောင်း ယခု ရန်ကုန်သို့ 
ပြန်သွားပြီ သတင်းကောင်းကြား ရသော အခါ ဦးတင်အေးမှာ ကိုဝင်း ဖေဖြစ်ရမည်ဟု 
ယုံ ကြည်ကာ ဝမ်းသာအားရ ရန်ကုန်ပြန် ခဲ့ရာ၊ အောင်မင်္ဂလာရုပ်ရှင် တိုက်တွင် 
ပြုံးပြုံးကြီးထိုင်နေ သော ကိုဝင်းဖေကို တွေ့ရ၏။
ကိုဝင်းဖေသည် သောင်း ကျန်းသူတို့ 
ကျက်စားကြီးစိုး သော နယ်ပယ်ထဲသို့ မည်သို့ မည်ပုံ ကျိုက်ထီးရိုး ဘုရားအား 
မရမက ရိုက်ကူးနိုင်ခဲ့သည် ကိုတော့ ချီးကျူး စရာဖြစ် တော့ ၏။ ထိုမှတစ်ဖန် 
ကိုဝင်းဖေ တို့ကို အခွင့်ကောင်းယူကာ ဓာတ်သိအချို့ကပင် ငွေချူ နည်း 
တစ်မျိုးဖြင့်အောင် မင်္ဂလာ ရုပ်ရှင်သို့ စာပေးပုံကလေး မှာ လည်း 
လျှင်လွန်းလှ၏။ သို့ သော် သူရဲကောင်းဆန်ဆန် ကျိုက်ထီးရိုးဘုရားအစစ်ကို 
ရိုက်ကူးနိုင်ခဲ့သူ တက္ကသိုလ် ဝင်းဖေကိုတော့ ဂုဏ် ပြုပွဲ လုပ်လို၍ မတ်လ 
၁ရက်နေ့က သတင်းစာတိုက်မှ အယ်ဒီ တာများနှင့် ရုပ်ရှင်ဝေဖန် ရေးဆရာတစ်စုကို 
မီးရထား ဟိုတယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ကိုဝင်းဖေ၏ စွန့်စားခဲ့ပုံ အကြောင်း 
ကို ပြန်ပြောင်း သတင်းပေးသည်။
” ကျွန်တော်နဲ့ ကိုရှိန်က 
ဓာတ်ပုံပစ္စည်းများကို တစ်ခုစီ ဖြုတ်ပြီး ရဟန်းပျိုငါးပါးရဲ့ အကူအညီနဲ့ 
သူပုန်သူကန်နှင့် ဓားပြများကြီးစိုးနေသော ကျိုက်ထီးရိုးဘုရားကို ထွက်ခဲ့ 
တယ်။ဘရင်းဂန်းတွေ စတင်း ဂန်းတွေကိုင်ထားတဲ့ သူပုန်အချို့ ကိုလည်း 
ဟိုတစ်စုသည်တစ်စု သွားလာ လှုပ်ရှားနေတာကို လည်း မကြာခဏတွေ့ရ တယ်။ သူတို့မျ 
က်နှာကြည့်ရတာ မှုန်ကုတ် ကုတ်တွေပါပဲ။ ကျွန်တော်တို့ နှစ်ဦးတောင် 
မသင်္ကာသလိုလိုနဲ့ တစ်ခါတစ်ရံအနားလာပြီး ပြူးတူးပြဲတဲ လုပ်ခြင်းခံရတယ်။ 
ကျွန်တော်တို့ ကေ တာ့ ကျိုက်ထီးရိုး ဘုရားကို ရုပ်ရှင်ရိုက်ရပြီးရော 
သဘောနဲ့ သူတို့အလစ်ကြည့်ပြီး ရင်တမမ စွန့်စားရိုက်ခဲ့ရတယ်” ဟု 
အခက်အခဲများကို ဖွင့်ချ၏။
အမျိုးသားခေါင်းဆောင်ကြီး 
ဗိုလ်ချုပ်အောင်ဆန်းတည်ခဲ့တဲ့ ဘုရားကို ကျိုက်ထီးရိုးအနီးမှာ 
ဖူးမြော်ခဲ့ရလို့ ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်ဟုပြောပြီး ရိုက်လာသော ဓာတ်ပုံကို
 လက်တို့ပေးလေသည်။ စေတီ နှင့် ပတ်သက်၍ တိတိကျကျ 
ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗိုလ်ချုပ်တည်ခဲ့သည်ဆိုသောစေတီမှာ 
အမှန်တကယ်ရှိ၍ ရိုက်ကူးလာခြင်းဖြစ်မည်။ ထို့ကြောင့် ယင်းစေတီကိုရှာဖွေ ဖော်ထုတ်သင့်သည်။
မှတ်ချက်-ရွှေနန်းကျင်ဇာတ်ကားသည် ၁၉-၄-၅၇ တွင် ရွှေဂုန်နှင့် ရီဂျင့်ရုံတွင် ပြခဲ့၏။
ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)
popularmyanmar
 






 
 
 
 
 
0 comments:
Post a Comment