Wednesday, April 22, 2015

ဒေါ်အောင်ဆန်းစုကြည်၏ လက်အုပ်ချီဓာတ်ပုံ ဖော်ပြမှု The Voice တောင်းပန်

ဒေါ်အောင်ဆန်းစုကြည်က ခရစ်ယာန်နှင့် အစ္စလမ်ဘာသာရေးခေါင်းဆောင်များကို ရှိခိုးနေသည့် ပုံစံ ဓာတ်ပုံ (ဓာတ်ပုံ – The Voice Weekly Facebook)


ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီလ ၂၁ ရက်နေ့က ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အစ္စလမ်နှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကို လက်အုပ်ချီ ရှိခိုး နေ သည့် အသွင်သဏ္ဍာန်ရှိသော ဓာတ်ပုံကို လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့်အတွက် The Voice Weekly က ပြန်လည် တောင်းပန် လိုက်ကြောင်း သတင်းရရှိသည်။

Tuesday, April 21, 2015

သေရွာပြန် သင်္ဘောသား


ရုရှားငါးဖမ်းသင်္ဘောနစ်မြုပ်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သော မြန်မာသင်္ဘောသား ၂၂ ဦး ဧပြီ ၁၂ ရက် ညက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

သင်္ဘောပေါ်တွင် အိပ်ပျော်နေသော ကိုမျိုးမင်းဦးတစ်ယောက် တစ်ခန်းတည်းအတူနေ ကိုညီထွဋ်၏ အော်ဟစ်လန့်နိုးမှုကြောင့် ထိတ်လန့်သွားသည်။ အိပ်ရာမှနိုးနိုးချင်း အခြားအခန်းငါးခန်းတွင် အိပ်ပျော်နေသော မြန်မာသင်္ဘောသားများကို ကိုမျိုးမင်းဦးနှင့် ကိုညီထွဋ်တို့ အမြန်လိုက်နှိုးသည်။ ရုရှားနိုင်ငံအခြေစိုက် Dalniy Vostok ငါးဖမ်းသင်္ဘောပေါ်တွင် လိုက်ပါလာသော သင်္ဘောသား ၁၃၂ ဦးစလုံးမှာ သင်္ဘောကြီးတိမ်းစောင်းကာ နစ်မြုပ်တော့မည်ကို မြင်တွေ့သည့်အခါ ကမ္ဘာပျက်သည့်အလား ဆူညံသွားသည်။

ထိပ်ပြောင်တဲ့ အမျိုးသားတွေအတွက် ဆံပင်ပြန်ပေါက်နည်း


ထိပ်ပြောင်တဲ့ အမျိုးသားတွေ အတွက်တော့ သိပ္ပံပညာရှင်တွေရဲ့ ဆံပင်ပြန်ပေါက်အောင်ပြုလုပ်နည်း ကို ရှာဖွေတွေ့ရှိမှုကြောင့် ၀မ်းသာစရာ ဖြစ်လာခဲ့ပါပြီ။

အဲဒီနည်းလမ်းက ပျော်ဖို့တော့ကောင်းမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကျန်တဲ့ ဆံပင်တွေ အားလုံးကိုပါ ညှပ်ပစ်ရမှာ မို့လို့ပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေအကြုံများစွာအရ အမေရိကန် သုတေသီ တွေဟာ သူတို့ ဆံပင် ၂၀၀ ခန့် ကို ရိတ်လိုက်ရာမှာ ခြောက်ဆ လောက်ရှိတဲ့ များစွာသော ဆံပင်တွေ ပြန်ပေါက်လာတာကို တွေ့ရှိခဲ့ပါတယ်။

အလားလာမကောင်းနိုင်တဲ့ ရခိုင်သောင်းကျန်းသူ (AA)


လတ်တလောအခြေအနေမှာကိုးကန့်သောင်းကျန်းသူတွေရဲ့အချက်အခြာတော်တော်များများကို အစိုးရ စစ်တပ်ထိန်းချုပ်နိုင်သလောက် ဖြစ်လာတဲ့ အခြေအနေမှာ အခြားတစ်ဖက်ဖြစ်တဲ့ အနောက်ဘက် တံခါးက ရခိုင်သောင်းကျန်းသူတွေကလဲ တစ်စခန်းထလာပြန်ပါတယ်။ထိုအနောက်ဘက်တံခါးက ရခိုင် တပ်မတော်(AA) အမည်ခံ ရခိုင်သောင်းကျန်းသူတွေဟာ ယခင်က ကချင်ပြည်နယ်လိုင်ဇာမှာရှိတဲ့ KIA ရဲ့ ကျွေးတာစား ပေးတာယူ ဘ၀နဲ့ ရပ်တည်နေတဲ့ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ဖြစ်ပြီး၊ အနောက်ဘက်တံခါးနဲ့ ပတ်သတ်သမျှ လုံခြုံရေး တာဝန်ယူဖို့ဝေးဆွ ၊ ရခိုင်ပြည်သူလူထုကို ဒုက္ခပေးနေ သောRSOအဖွဲ့တွေကိုပင် လက်နက်များငှားရမ်းဖူးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ထို့အပြင် ကိုးကန့်ဒေသကို ဖုန်ကြားရှင် တိုက်ခိုက်တဲ့အချိန်မှာလည်း အချိန်တော်တော်ကြာ TNLA နဲ့ အတူ ဖုန်ကြားရှင်ဘက်က စစ်တပ်ကို အချိန်ကာလ တစ်ခု အထိ ပါဝင် တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။ယခုမှာ ဖုန်ကြားရှင်
ဟာ စစ်ရေးအရရှုံးနိမ့်သွားပြီလို့ ပြောရလောက်တဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့၊ ရခိုင်သောင်း
ကျန်းသူ ဖြစ်တဲ့ AA အဖွဲ့ဟာ စစ်မျက်နှာစာ တစ်ခု ထပ်ဖွင့်လာတဲ့သဘောကိုတွေ့ရပါတယ်။
ထို့အပြင်မြန်မာနိုင်ငံရဲ့ မှာ အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အတွက် ကြိုးစားနေတာ နှစ်ကာလတစ်ခု ရှိခဲ့ပါပြီ။မကြာသေးခင်ကမှ NCA စာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးထားနိုင်တဲ့အဆင့်ထိ တိုးတက်မှု ရှိလာပါပြီ။ဒီလက်မှတ်ရေးထိုးမယ့် NCA မှာ မပါတဲ့အဖွဲ့ အစည်းတွေဟာသေချာပေါက်ချေမှုန်းခံရတော့မှာဖြစ်ပါတယ်။ဒါကြောင့် NCA မှာ ပါတဲ့ အဖွဲ့ဝင်တွေက
လွဲပြီး ကျန်တဲ့ အခြား လက်နက်ကိုင်သောင်းကျန်းသူတွေ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်
ကိုရင်ဆိုင်လာရပါပြီ။

Monday, April 20, 2015

ဂျပန်တွေဆီက နည်းနည်းလောက် သင်ယူလိုက်ရအောင်


၁ - ဂျပန်ကလေးငယ်တွေဟာ ဆရာတွေနဲ့အတူ ကျောင်းအိမ်သာ သန့်ရှင်းရေးကို နေ့စဉ်နေ့တိုင်း ၁၅ မိနစ် လုပ်ရတယ်ဆိုတာ သင် သိပါသလား။ ဒီလိုနဲ့ မိမိကိုယ်ကို နှိမ့်ချပြီး သန့်ရှင်းမှုကို အလေးထားတဲ့ ဂျပန်မျိုးဆက်ကို မွေးထုတ်ခဲ့ပါတယ်။

လောက်ကိုင်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်


လားရှိုးမြို့တွင်းတနေရာတွင် လုံခြုံရေးယူနေသည့် အစိုးရ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင် အစိုးရ တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့် တပ်ဖွဲ့များကြား ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာသူတွေ အများအပြား ရှိနေကြောင်း သိရသည်။

Sunday, April 19, 2015

ဗြိတိန်တွင် ဆယ်ကျော်သက် မိန်းကလေး၏ ရင်သားကို ကိုင်တွယ်ခဲ့မိသည့် မြန်မာဆရာဝန် ထောင်ဒဏ် ၁၈ လ ချမှတ်ခံရ


ဗြိတိန်ရှိ ဆေးရုံတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာဆရာဝန်တစ်ဦးသည် ရင်ဘတ်နာကျင်မှု ဝေဒနာ ခံစားနေရသဖြင့် လာရောက်ပြသသော ဆယ်ကျော်သက်အရွယ် အမျိုးသမီးလူနာ၏ ရင်သားကို ကိုင်တွယ်ပွတ်သပ်ခဲ့သည် ဆိုကာ ထောင်ဒဏ် ၁၈ လ ချမှတ်ခံလိုက်ရကြောင်း Daily Mail သတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေကျင်ဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို သံဃာ့မိခင်ဘွဲ့ချီးမြှင့်


ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ပစ္စည်းလေးပါးဒါယိကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။

တပ်မတော်အင်အားရှိမှ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲမည်


ဘ၀ဟောင်းသို့ပြန်လည်ရောက်ရှိခြင်း

နှစ်(၇၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လေးလေးစားစားအထူးဖိတ်ကြား ချက်အရတက်ရောက်ခွင့်ရခဲ့သည်။ ယခင်နှစ်ကလည်း (၆၉)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ မမျှော်လင့်ဘဲ တက်ရောက်ခွင့်ရခဲ့သည်။

ရွှေမန်းသဘင် အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ဖျော်ဖြေ

အမေရိကန်တွင် ဖျော်ဖြေကပြနေသည့် ရွှေမန်းအဖွဲ့သားများ (ဓာတ်ပုံ − Ellen wallop/ Asia Society)

မြန်မာနိုင်ငံမှ သစ္စာမေတ္တာ ရွှေမန်းသဘင်အဖွဲ့သည် ဧပြီ ၁၀ ရက်မှစ၍ အမေရိကန်နိုင်ငံသို့ ခြောက်ရက်ကြာ ဖျော်ဖြေရေး အစီအစဉ်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ပြည်နယ်နှစ်ခု၌ လှည့်လည် ဖျော်ဖြေပြသလျက်ရှိကြောင်း သတင်းရရှိသည်။

Friday, April 17, 2015

Myanmar is More than Aung San Suu Kyi


မြန်မာကို ဒေါ်အောင်ဆန်းစုကြည်အထက်ကျော်ပြီး ကြည့်တတ်မြင်တတ်ဖို့
အမေရိကန်နိုင်ငံရေးကို ဖော်ကျူးထားသည့်ရုပ်ရှင်ကားများအနက် ဂန္တ၀င်အဖြစ်ဆုံးရုပ်ရှင်ကားမှာ ၁၉၇၂ ကရိုက်ကူးခဲ့သော (အမတ်လောင်း)“ The Candidate” ဖြစ်သည်။ သင်္ကေတ(Symbolism) က ရုပ်ဝတ္ထု /လူ(Substance) အပေါ်အနိုင်ရခြင်း အကြောင်းကိုဖော်ကျူးထားပြီး ဇာတ်ကောင်နေရာတွင် 'စတားရင်း ရောဘတ်ရက်ထ်ဖို့ဒ်' က သရုပ်ဆောင်ထားသည်။ လူချစ်လူခင်များသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏ သားဖြစ်သူက မိသားစုအရှိန်အ၀ါကိုအားပြုပြီး နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်သည်။ 

ဖုန်ကြားရှင်နဲ့ လုပ်စားချင်နေသော UNFC


အခုဆိုရင် KIA ခေါင်းဆောင် အင်ဘန်လလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ UNFC အဖွဲ့ရဲ့ ကြေငြာချက်နဲ့ပတ်သက် ပြီး ငြိမ်းချမ်းရေးလိုလားတောင့်တနေသော ပြည်သူတွေအကြားမှာ UNFC ရဲ့သဘောထားအပေါ် မေးငေါ့နှာခေါင်းရှုံ့ ဝေဖန်သံတွေပြင်းထန်လာခဲ့ရပါတယ်။ အဲဒီကြေငြာချက်ကတော့ အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကိုကျူးကျော် ရန်စလာတဲ့ ဖုန်ကြားရှင်တပ်တွေကို အစိုးရတပ်မတော်ကတိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုတဲ့တောင်း ဆိုချက်ကြောင့်ပါပဲ။

ဖုန်ကြားရှင်နှင့်အပေါင်းအပါများကို တိုင်းရင်းသားညီလာခံမှာမဖိတ်သင့်ပါ


ယခုဆိုလျှင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တိုင်းရင်းသားခေါင်းဆောင်များညီလာခံကို “၀” နယ်မြေထဲမှာ ဧပြီလအတွင်းပြုလုပ်သွားမယ်လို့သိရပါတယ်။ UNFC ရဲ့ အကြံအစည်နဲ့ပြုလုပ်တဲ့ဒီညီလာခံအနေနဲ့ အမှန်တကယ်သာရိုးရိုးသားသားနဲ့ပြုလုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး အတွက်တကယ်ကို အထောက်အကူဖြစ်စေမယ်လို့ အကောင်းမြင်သုံးသပ်မိပါတယ်။ သို့ပေမယ့်လည်း စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ အခုပြုလုပ်မယ့်တိုင်းရင်းသားညီလာခံမှာ ဖုန်ကြားရှင်သောင်းကျန်းသူတပ်ဖွဲ့ (MNDAA) အပါအ၀င်သူနဲ့အတူပူးပေါင်းပါဝင်နေတဲ့ အပေါင်းအပါတွေဖြစ်တဲ့ AA နဲ့ TNLA တို့ကိုပါဖိတ်ကြားထားခဲ့တယ်ဆိုတော့ အဲဒီတိုင်းရင်းသားညီလာခံဆိုတာကြီးကို အယုံအကြည်လျော့ပါးခဲ့ရပါတယ်။

Thursday, April 16, 2015

ကျန်းမာပျော်ရွှင်တဲ့ ဘ၀မျိုးကို ရရှိဖို့ရာ အမျိုးသားတွေအနေနဲ့ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်သင့်တာ


ဒီနေ့ခေတ်မှာ အမျိုးသားအများစုက ရည်ရွယ်ချက်တွေ ကြီးမားလာတတ်ကြတာ သတိထားမိ နေပါတယ်။ ရည်ရွယ်ချက်ကြီးသူတိုင်းအတွက် အခက်အခဲတွေ ၊ ဖိအားတွေကတော့ အနည်းနဲ့အများ ကြုံတွေ့ရသူချည်းပါပဲ။ ဒီအခါ အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေး စတာတွေနဲ့ စိတ်ထွက်ပေါက် ရှာမိတာကြောင့် အညွန့်ကျိုးသွားရသူတွေလည်း ဒုနဲ့ဒေးပေါ့။ အောင်မြင်မှုလမ်းစကို စတင်နင်းမိနေချိန်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ နေထိုင်မှုပုံစံဆိုတာ အလွန်ပဲ အရေးပါလှပါတယ်။ ပြောခဲ့တဲ့ ဖိအားအများအပြားကို ပြန်လည်တွန်းလှန်နိုင်ဖို့ အကောင်းဆုံး စိတ်ထွက်ပေါက်ဆိုတာ ရှာမရ ဖြစ်နေသူတွေကို အကြံပြုတင်ပြပေးပါရစေ။

ဖုန်ကြားရှင်ကို အရာသွင်းလို့ နေရာယွင်းလျှင် တပ်မတော် မှ တာဝန်မယူ


ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ဟာ တပ်မတော်ရဲ့ ထိုးစစ်ဒဏ်ကိုယနေ့ ညနေ ၄ နာရီ အချိန်ကစလို့ ခုခံနိုင်စွမ်း မရှိတော့ပဲ အရပ်ဝတ်များလဲကာ တစ်ဖက်နိုင်ငံသို့ခွေးပြေးဝက်ပြေး ဖြတ်ကျော် ပြေးခဲ့ရတယ်လို့ ရှေ့တန်းသတင်းရပ်ကွက်က အခိုင်အမာရရှိခဲ့ပါ
သည်။တပြိုင်နက်တည်းဆိုသလို တစ်ဖက်မှာလည်း စစ်ရေးအရ ရှုံးနိမ့်လို့ ထွက်ပြေးရတဲ့ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို နိုင်ငံရေး အရ စွဲတင်ဖို့ ကြိုးစားမှုတွေလဲရှိနေခဲ့ပြန်ပါတယ်။

ကင်ဆာ ရောဂါမဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်နိုင်သလဲ


စကားလုံးခြောက်လုံးရှိတဲ့ “cancer” ဆိုတဲ့ အသံဟာ ကြားရသူအားလုံးရဲ့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်သွားမယ်ဆိုတာ သေချာပါတယ်။ လူတွေဟာ တိတိကျကျသတ်မှတ်ထားတဲ့ ကုသနည်းမရှိတဲ့ ဒီရောဂါကို ကြောက်လန့်ကြပါပြီ။ ကင်ဆာဆဲတွေဟာ ထိန်းချုပ်မရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပြီဆိုရင်တော့ tumor (ကျူမာ) လို့ခေါ်တဲ့ အစိုင်အခဲတွေအဖြစ်ကို အသွင်ပြောင်းသွားပါတယ်။ အဲဒီ ကျူမာတွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ် ၊ အာရုံကြောနဲ့ သွေးလှည့်ပတ်မှု စနစ်တွေကို ထိခိုက်နိုင်ပါတယ်။