Thursday, April 16, 2015

ဖုန်ကြားရှင်ကို အရာသွင်းလို့ နေရာယွင်းလျှင် တပ်မတော် မှ တာဝန်မယူ


ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ဟာ တပ်မတော်ရဲ့ ထိုးစစ်ဒဏ်ကိုယနေ့ ညနေ ၄ နာရီ အချိန်ကစလို့ ခုခံနိုင်စွမ်း မရှိတော့ပဲ အရပ်ဝတ်များလဲကာ တစ်ဖက်နိုင်ငံသို့ခွေးပြေးဝက်ပြေး ဖြတ်ကျော် ပြေးခဲ့ရတယ်လို့ ရှေ့တန်းသတင်းရပ်ကွက်က အခိုင်အမာရရှိခဲ့ပါ
သည်။တပြိုင်နက်တည်းဆိုသလို တစ်ဖက်မှာလည်း စစ်ရေးအရ ရှုံးနိမ့်လို့ ထွက်ပြေးရတဲ့ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ကို နိုင်ငံရေး အရ စွဲတင်ဖို့ ကြိုးစားမှုတွေလဲရှိနေခဲ့ပြန်ပါတယ်။ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဟုခေါ်သည့်(UNFC)က သမ္မတကြီး ဦးသိန်စိန်ကို ဧပြီလ ၁၄ ရက်နေ့မှာဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်
သောင်းကျန်းသူအဖွဲ့နဲ့ ပတ်သတ်တဲ့ အိပ်ဖွင့်စာ တစ်စောင်ပေးအပ်ခဲ့ပါတယ်။ထိုအိတ်ဖွင့်စာတွင် အပစ်အခတ်ရပ်စဲရေးစာချုပ်တွေ ချုပ်ဆိုတော့မှာဖြစ်တဲ့ အတွက် နောက်ခံအကြောင်းအရင်းတွေ ဘယ်လောက်ရှိရှိ ကိုးကန့်သောင်းကျန်းသူ အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့သမ္မတကြီး ဦးသိန်းစိန်ကို မေတ္တာရပ်ခံသလိုနဲ့ ဆက်လက်ရေးထိုးမည့် NCA နဲ့ အကြပ်ကိုင် တိုက်တွန်းထားတဲ့ ပုံစံနဲ့ရေးသားထား
တာကိုတွေ့ရပါတယ်။သို့သော် သမ္မတကြီးဦးသိန်းစိန်ဟာ UNFC ရဲ့ ပေးစာကို မည်သို့သဘောထားသည်မသိ၊ စစ်တပ်ကတော့ ဧပြီလ ၁၅ ရက်နေ့မှာ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ရဲ့အချက်အခြာကျတဲ့ နေရာတော်တော်များဖြစ်သည့် တောင်ကုန်းများ၊ စခန်းချထားသည့်ရွာများကို သိမ်းပိုက်လိုက်ပါတယ်။UNFC ဟာ ဒီတစ်ကြိမ်သာ မကပဲ ကိုးကန့်သောင်းကျန်းသူ အဖွဲ့တွေ အစိုးရစခန်းတွေကို စတိုက်တဲ့အချိန်ကတည်းက ဖေဖော်ဝါရီ ၂၀.၂.၂၀၁၅ ရက်စွဲနဲ့ ကိုးကန့်  သူပုန်အဖွဲ့ ကို ထောက်ခံကြောင်း UNFC က ထုတ်ပြန်ကြေငြာခဲ့ခြင်းတွေလဲ ပြုလုပ်ခဲ့ပါတယ်။

UNFC ကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင် UNFC ရယ်လို့ ဖြစ်တည်မှု မတိုင်ခင်အချိန်ကလေးမှာ CEFU မှာလည်း KIO ကပဲ ထိပ်ပိုင်းနေရာတွေကို ချယ်လှယ်ခဲ့တယ်။UNFC ရယ်လို့ ဖြစ်တည်လာတော့ပြန်တော့လဲ ၂၀၁၁ မှာလည်း ဥက္ကဌ နဲ့ ဒုဥက္ကဌ ရာထူးကိုယူထားပြီးတော့ ၂၀၁၂ - ၂၀၁၃ မှာမှ ဒုဥက္ကဌ ၁ ရာထူးကို စွန့်လွှတ်ခဲ့ပေမယ့် ဥက္ကဌ ရာထူးကို ဆက်ယူထားတယ်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ UNFC ဟာ KIO/KIA ရဲ့ နိုင်ငံရေးအရ စစ်မျက်နှာသစ်လို့တောင်ပြောရမလိုဖြစ်ပါတယ်။ကေအိုင်အိုဟာ UNFC အဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေတော်တော်များများ ပါလာအောင် နည်းမျိုးစုံနဲ့ဆွဲဆောင်ပါဝင်စေတာကိုကြည့်ရရင် UNFC အပေါ်မှာ မျှော်လင့်ချက်တော်တော်ထားတဲ့ပုံကိုတွေ့ရပါတယ်။အစိုးရနဲ့ ငြိမ်းချမ်းရေးအဆင်ပြေလုဆဲဆဲဖြစ်နေတဲ့ အဖွဲ့တွေတောင် UNFC ထဲ ကို ဆွဲသွင်းပြီး သူရဲ့အာဘော်ကို အများအာဘော်ဖြစ်အောင်လုပ်ကွက်ဖော်လာတာကိုတွေ့ရပါတယ်။အချို့တိုင်းရင်းသားအဖွဲ့ငယ်တွေကိုအမေရိကန် ဒေါ်လာ သောင်းဂဏန် အထိပေးပြီး UNFC မှာ ပါဝင်စေတာကိုလည်း အဖွဲ့ငယ်တွေရဲ့ ထုတ်ပြန်တဲ့သတင်းတွေက သိရပါတယ်။ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC )မှာ KIO ဘက်က ထိပ်ပိုင်းနေရာတွေကို ယူထားပြီး ငြိမ်းချမ်းရေး
လုပ်နေတယ်ဆိုကတည်းက UNFC ဟာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးနဲ့ဆက်နွယ်လာရင် မီးစတစ်ဖက် ၊ရေမှုတ်တစ်ဖက်နဲ့ အင်အားစုမိဆောင်းမိရှိသွားရင် ဖိတိုက်တတ်တဲ့အကျင့်ရှိပြီး ၊ အင်အားလျော့သွားပြီဆိုရင်ငြိမ်းချမ်းရေးစကား စပြော
တတ်တဲ့ ကလိမ်ကကျစ်ဉာဏ်ကို ဘယ်သူမှ မသိလောက်ဘူးလို့ KIO က ထင်နေပုံရပါတယ်။ယခုလည်း ကိုးကန့်သောင်းကျန်းသူ ကိစ္စမှာ ဒီပုံသေနည်းကို ထုတ်သုံးလာတာကို တွေ့ရမှာဖြစ်ပါတယ်။

တဖက်မှာလည်း ကိုးကန့်တပ်မတော်ကို ညီလာခံ မဖိတ်ကြားဖို့ အစိုးရ တားမြစ် ဆိုတဲ့
ခေါင်းစဉ်နဲ့ ဧပြီလ ၁၅ ရက်နေ့မှာ RFA သတင်းဌာနက ထုတ်လွှင့်သွားတာကိုတွေ့ရပြန်ပါတယ်။သတင်းထဲက အဓိက အချက်တွေ ကောက်နှုတ်ပြရရင်ဖြင့် “၀” ဌာနချုပ်ပန်ဆန်းမြို့မှာကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင် ညီလာခံကို ကိုးကန့်(MNDAA)၊ ရခိုင်(AA)နဲ့ တအာင်း(TNLA)ကို ဖိတ်ကြားဖို့ခွင့်မပြုဘူးဆိုပြီးအစိုးရ တားမြစ်ထားတာဖြစ်ပါတယ်။ဒါပေမယ့် ဒီပွဲကို ဦးဆောင်ကျင်းပမည့် KIA နဲ့ UWSA(၀) အဖွဲ့တွေက ဖိတ်ကြားထားလိုက်ပြီးဖြစ်ပါတယ်။သဘောကတော့
စစ်ရေးအရရှုံးနိမ့်နေတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်(MNDAA)နဲ့ သူရဲ့နောက်လိုက် AA နဲ့TNLA အဖွဲ့တွေကို နိုင်ငံရေးအရ ဈေးပြန်တင်တဲ့သဘောကို တွေ့ရပါတယ်။ကိုးကန့်အဖွဲ့တွေအစကနဦး အခြေချတပ်တွေကို ထိုးစစ်ဆင်ကတည်းက AA နဲ့ TNLA ဟာ ၎င်းတို့ပါဝင်တိုက်ခိုက်နေတယ်လို့ တရားဝင်ကြေငြာပြီး တိုက်ခဲ့တာပါ။ ဒီအပေါ်မှာလဲ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ကျင်း
ပတဲ့သတင်းစာ ရှင်းလင်းပွဲမှာ ဖုန်းကြားရှင်နဲ့တကွ နောက်ကွယ်ရော ၊ရှေ့တင်ပါ ပါဝင်တဲ့အဖွဲ့အစည်းတွေ မိမိလုပ်ရပ်ကို မိမိတာဝန်ယူရမယ်လို့ အတိအလင်း ကြေငြာထားတာရှိပါတယ်။ဒီသတင်းစာ ရှင်းလင်းပွဲကို သတင်းဌာန ၂၇ ခုနှင့် ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာန ၈ ခုတို့ တက်ရောက်ခဲ့ကြပါတယ်။အခုတော့ စစ်ရေးအရရှုံးနိမ့်သွားပြီဖြစ်တဲ့ ဖုန်ကြားရှင် ပြီးရင်တော့ပါဝင်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်တဲ့ AA နဲ့ TNLA တို့က မိမိလုပ်ရပ်ကို မိမိတို့တာဝန်ယူရတော့မှာဖြစ်ပါတယ်။

အချုပ်အနေနဲ့ ဆိုရလျှင် စစ်ရေးအရရှုံးနိမ့်သွားတဲ့ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ကို KIA နဲ့ “၀”က နိုင်ငံရေးအရအရောင်ပြန်တင်ချင်နေတာကိုတွေ့ရ
မှာဖြစ်ပါတယ်။လက်ရှိမှာဖုန်ကြားရှင် တပ်တွေ အရပ်ဝတ်လဲပြီး တစ်ဖက်နိုင်ငံကို ကူးသွားပေမယ့် ဖုန်ကြားရှင်ကတော့ပျောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။အစိုးရ အနေနဲ့တော့ တရုတ်ပြည်သူသမ္မတ နိုင်ငံကို ဖုန်ကြားရှင် ၀င်လာခဲ့ရင် အပ်နှံဖို့ သ၀ဏ်လွှာပေးပို့ထားတယ်လို့သိရပါတယ်။အတည်မပြုနိုင်သေး
တဲ့ သတင်းတွေ အရတော့ ဖုန်ကြားရှင်ဟာ အထူးဒေသ (၄) က စိုင်းလင်း(ခေါ်) လီမင်းရှင် က ကွယ်ဝှက်ပေးထားတယ်လို့သိရတယ်။ဒီတော့ ၂၀၀၉ တုန်းကလို ဖုန်ကြားရှင်နဲ့ တပ်တွေကို စိုင်းလင်းနဲ့ “၀” အဖွဲ့က ကူဝှက်ပေးပြီး အင်အားပြန်တည်ဆောက် ဆိုတာမျိုး စစ်တပ်က ထပ်အဖြစ်ခံ
တော့မှာ မဟုတ်ပါဘူး။သူနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို အမြစ်က အစ တိုက်လှဲပြီး ကျူပင်ခုတ် ကျူငုတ်မကျန်အောင် အရိုးကြေကြေ အရေခမ်းခမ်း ပြတ်ပြတ်သားသား တိုက်ခိုက် ခြေမှုန်း သွားမည်ဟု သန္နိဌာန် ပြုထားကြောင်း ယနေ့ မြ၀တီ သတင်းမှာထုတ်လွှင့်သွားတာကိုလဲတွေ့ရပါတယ်။ဒါကြောင့် စစ်ရေးအရ ရှုံးနိမ့်လို့ပြေးနေရပြီဖြစ်တဲ့ ဖုန်ကြားရှင် ကိုအရာသွင်းချင်သူများအနေဖြင့် မိမိနေရာ ပျက်ယွင်း သွားရင်တော့ တပ်မတော်မှ တာဝန်ယူလိမ့်မည်မဟုတ်ကြောင်းထပ်လောင်းသတိပေးလိုက်ပါသည်။

Credit --ဖိုးသောကြ

0 comments:

Post a Comment