Tuesday, April 21, 2015

အလားလာမကောင်းနိုင်တဲ့ ရခိုင်သောင်းကျန်းသူ (AA)


လတ်တလောအခြေအနေမှာကိုးကန့်သောင်းကျန်းသူတွေရဲ့အချက်အခြာတော်တော်များများကို အစိုးရ စစ်တပ်ထိန်းချုပ်နိုင်သလောက် ဖြစ်လာတဲ့ အခြေအနေမှာ အခြားတစ်ဖက်ဖြစ်တဲ့ အနောက်ဘက် တံခါးက ရခိုင်သောင်းကျန်းသူတွေကလဲ တစ်စခန်းထလာပြန်ပါတယ်။ထိုအနောက်ဘက်တံခါးက ရခိုင် တပ်မတော်(AA) အမည်ခံ ရခိုင်သောင်းကျန်းသူတွေဟာ ယခင်က ကချင်ပြည်နယ်လိုင်ဇာမှာရှိတဲ့ KIA ရဲ့ ကျွေးတာစား ပေးတာယူ ဘ၀နဲ့ ရပ်တည်နေတဲ့ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ဖြစ်ပြီး၊ အနောက်ဘက်တံခါးနဲ့ ပတ်သတ်သမျှ လုံခြုံရေး တာဝန်ယူဖို့ဝေးဆွ ၊ ရခိုင်ပြည်သူလူထုကို ဒုက္ခပေးနေ သောRSOအဖွဲ့တွေကိုပင် လက်နက်များငှားရမ်းဖူးတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ထို့အပြင် ကိုးကန့်ဒေသကို ဖုန်ကြားရှင် တိုက်ခိုက်တဲ့အချိန်မှာလည်း အချိန်တော်တော်ကြာ TNLA နဲ့ အတူ ဖုန်ကြားရှင်ဘက်က စစ်တပ်ကို အချိန်ကာလ တစ်ခု အထိ ပါဝင် တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။ယခုမှာ ဖုန်ကြားရှင်
ဟာ စစ်ရေးအရရှုံးနိမ့်သွားပြီလို့ ပြောရလောက်တဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့၊ ရခိုင်သောင်း
ကျန်းသူ ဖြစ်တဲ့ AA အဖွဲ့ဟာ စစ်မျက်နှာစာ တစ်ခု ထပ်ဖွင့်လာတဲ့သဘောကိုတွေ့ရပါတယ်။
ထို့အပြင်မြန်မာနိုင်ငံရဲ့ မှာ အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အတွက် ကြိုးစားနေတာ နှစ်ကာလတစ်ခု ရှိခဲ့ပါပြီ။မကြာသေးခင်ကမှ NCA စာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးထားနိုင်တဲ့အဆင့်ထိ တိုးတက်မှု ရှိလာပါပြီ။ဒီလက်မှတ်ရေးထိုးမယ့် NCA မှာ မပါတဲ့အဖွဲ့ အစည်းတွေဟာသေချာပေါက်ချေမှုန်းခံရတော့မှာဖြစ်ပါတယ်။ဒါကြောင့် NCA မှာ ပါတဲ့ အဖွဲ့ဝင်တွေက
လွဲပြီး ကျန်တဲ့ အခြား လက်နက်ကိုင်သောင်းကျန်းသူတွေ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်
ကိုရင်ဆိုင်လာရပါပြီ။
ဒါကတော့ အစိုးရကို နိုင်အောင်တိုက်ရင်တိုက်၊ မတိုက်နိုင်ရင် လက်နက်ချပြီး အလင်းဝင်ဖို့လုပ် ဖို့ပါပဲ။ဒါ့အပြင် အခြားမျှော်လင့်ချက်တစ်ခုကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ့် စားပွဲဝိုင်းမှာ ထိုင်ခုံတစ်လုံးရအောင်ယူ။ ဒီတော့ အခု အစိုးရ စစ်တပ်နဲ့ ဖြစ်နေတဲ့ အဖွဲ့တွေကိုကြည့်ရမယ်ဆိုရင် ယခုအစိုးရ ကို ယခင် အစိုးရလို မှတ်ထင်နေပုံနေပါတယ်။ရှိစုမဲ့စု သေနတ် ကလေးနဲ့ အစိုးရ စစ်တပ်ကို ၀င်ပစ်မယ်၊ တိုက်ပွဲတွေ ဖန်တီးမယ်။ပြီးရင် ငြိမ်းချမ်းရေး ဆွေးနွေးပါရစေ ဆိုပြီး ထိုင်ခုံ တစ်လုံးစာ ၀င်ဦးမယ်။တစ်ဖက်ကလည်း နိုင်ငံရေး စားပွဲဝိုင်းထဲပါအောင် ဆွဲသွင်းပေးဖို့ UNFC နဲ့ လက်ဝါးရိုက်
ထားပုံရပါတယ်။ဒါ အသားလွတ်ပြောတာမဟုတ်ပါဘူး။ ဖုန်ကြားရှင် နဲ့ ဖြစ်တဲ့ စစ်မှာ UNFC ရဲ့ လုပ်ကွက်တွေဟာ ပေါ်တင်ကြလွန်းပါတယ်။သက်ဆိုင်ရာလူကြီးမင်းတွေအနေဖြင့် UNFC နဲ့ ပတ်သတ် လို့ ဘယ်လိုဆက်လက်ပြီး လက်တွဲလုပ်ဆောင်မလဲ ဆိုတာ ကောင်းကောင်း စဉ်းစားသင့်ပါပြီ။
ဒီနေ့လည်း AA ရခိုင်သောင်းကျန်းသူ အဖွဲ့က (၅)ဦးကို လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အရှင်ဖမ်း မိထားပါတယ်။ဖြစ်စဉ်အကျဉ်းချုပ်ကတော့ ကျေးရွာနေတဲ့ ပြည်သူလူထုက သတင်းပေးလို့သွားဖမ်းခဲ့ တာဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် AA ရခိုင်သောင်းကျန်းသူ အဖွဲ့ကို ရခိုင်အချင်းချင်းကတောင် ထောက်ခံမှု မရှိဘူးဆိုတာကို သက်သေပြလျှက်ရှိနေပါတယ်။ လက်ရှိ ရခိုင်သောင်းကျန်းသူ AA ကိစ္စ နဲ့ ပတ်သတ်ပြီး စစ်တပ်ကလဲ နောက်ကွယ်က ဘယ်သူတွေကူညီနေလဲဆိုတာ သေချာပေါက်သိနေမှာပါ။ သို့သော်ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းနေတဲ့ သမ္မတ မျက်နှာ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရဲ့မျက်နှာ၊ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့အစည်းမျက်နှာတွေကြောင့်သာ ထုတ်ဖော် မပြောပဲ ခပ်မဆိတ်နေတာကိုတွေ့ရပါတယ်။ထုတ်ဖော်ပြောလာပြီဆိုရင်တော့ နောက်ဆက်တွဲပြဿနာကို နောက်ကွယ်က ကူညီနေတဲ့သူတွေ သေချာပေါက် တာဝန်ယူရပါလိ့မ်မယ်။
ဒါ့အပြင် လတ်တလောပြောဆိုနေကြတာတဲ့ ကိစ္စမှာ AA ရခိုင်သောင်းကျန်းသူ အဖွဲ့အနေနဲ့ UPWC ၊ NCCT တို့ရဲ့ ထာဝရငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပါ မပါဝင်ခဲ့ပါဘူး။ALP ပဲ ပါတာဖြစ်ပါတယ်။ ဟိုတနေ့က VOA အင်တာဗျူးမှာညိုထွန်းအောင် AA ပါတယ်ဆိုပြီး ဖြီးသွားလို့ပါ။ALPပါတယ်ဆိုတာ တောင်မှ ခေါင်စဉ်နဲ့စာရင်းလောက်ပဲပါတာပါ။လူပါတက်ရောက်တဲ့ ပွဲက အတော်လေး အတွေ့နည်း ပါတယ်။ထို့အတူ ALP အနေနဲ့လည်း ငြိမ်းချမ်းရေး ကိစ္စတွေကို တစိုက်မတ်မတ် ဦးတည်ချက်မလွဲအောင် ဆောင်ရွက်သင့်တယ်။ဒါမှမဟုတ်ပဲ AA ရခိုင်သောင်းကျန်းသူနဲ့ ပေါင်းရင်တော့ ၊နာမည်ရထိုင်ခုံလေးပါ ပျောက်မှာဖြစ်တဲ့အပြင်ငရုတ်သီးနဲ့ပေါင်းမှ အထောင်းခံရတဲ့ ကြက်သွန်ဘ၀ကို ရောက်သွားပါလိမ့်မယ်ဆို တာ သတိပေးလိုက်ရပါတယ်။

(သောကြာမောင်)
Credit-Ko Kyi Win

0 comments:

Post a Comment