Sunday, April 19, 2015

ရွှေမန်းသဘင် အမေရိကန်ပြည်ထောင်စုတွင် သွားရောက်ဖျော်ဖြေ

အမေရိကန်တွင် ဖျော်ဖြေကပြနေသည့် ရွှေမန်းအဖွဲ့သားများ (ဓာတ်ပုံ − Ellen wallop/ Asia Society)

မြန်မာနိုင်ငံမှ သစ္စာမေတ္တာ ရွှေမန်းသဘင်အဖွဲ့သည် ဧပြီ ၁၀ ရက်မှစ၍ အမေရိကန်နိုင်ငံသို့ ခြောက်ရက်ကြာ ဖျော်ဖြေရေး အစီအစဉ်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ပြည်နယ်နှစ်ခု၌ လှည့်လည် ဖျော်ဖြေပြသလျက်ရှိကြောင်း သတင်းရရှိသည်။Asia Society ၏ အစီအစဉ် ဖြင့် လာရောက်သည့် ရွှေမန်း သဘင် ဇာတ်အဖွဲ့သည် နယူး ယောက်မြို့တွင် သုံးရက်ကြာ ဇာတ်ပွဲများ ကပြဖျော်ဖြေခြင်း၊ ဟောပြောခြင်း၊ မြန်မာ့ဂီတနှင့် အကမိတ်ဆက်သရုပ်ပြဆွေးနွေး ခြင်းများ ပြုလုပ်ခဲ့သကဲ့သို့ ကွန်နက်တိကက် ပြည်နယ် ယေးလ်တက္ကသိုလ်တွင် နှစ်ရက်ကြာ ၅၅၀ နိပါတ်တော်လာ ဇာတ်ကွက်များ ရှင်းလင်းဟောပြော သရုပ်ပြပြီး ဇာတ်ပွဲကပြဖျော်ဖြေခဲ့သည်။

မြန်မာ့ဇာတ်သဘင်သမိုင်း၊ မြန်မာ့ဂီတတူရိယာနှင့် ရွှေမန်း ဇာတ်သဘင်အကြောင်းကို စန္ဒ ရား ခင်ခင်လေးဟု လူသိများ သည့် မစ္စကစ်ယန်းက ရှင်းလင်းပို့ ချပြီး ရွှေမန်းချမ်းသာ၊ ရွှေမန်းဝင်း မောင်၊ တင်မောင်ဆန်းမင်းဝင်း၊ ဆန်းမင်းအောင်တို့ ဦးဆောင်သည့် ရွှေမန်းသဘင်နှင့် ရွာစားသီရိ မောင်မောင်ဆိုင်းအဖွဲ့ဝင်တို့ စုစု ပေါင်း ၂၁ ဦး အဖွဲ့က တီးမှုတ်က ပြဖျော်ဖြေခဲ့သည်။ နယူးယောက် မြို့ Asia Society တွင် ကျင်းပ သည့် မြန်မာ့ဇာတ်သဘင်ပွဲသို့ နှစ်ရက်ဆက်တိုက်ရုံပြည့်အားပေးခဲ့ ကြသဖြင့် အလွန်ပင်အားရကျေ နပ်ရကြောင်း Asia Society ၏ ကမ္ဘာလုံးဆိုင်ရာ သုခုမအနုပညာ နှင့် ယဉ်ကျေးမှုမြှင့်တင်ရေးဌာန ဒါရိုက်တာ မစ္စရေချယ်ကူးပါးက 7Day Daily အား ပြောကြားသည်။

‘‘ရွှေမန်းသဘင်အကနဲ့ ဂီတ ရဲ့ အလှအပ၊ ကျွမ်းကျင်မှုတွေ၊ ကိုယ်စွမ်း ဉာဏ်စွမ်း အပြည့်နဲ့ ဖျော်ဖြေသွားတာတွေ၊ ဟာသရ သအပြည့်နဲ့ သရုပ်ဖော်တာတွေ အပေါ် အမေရိကန်ပရိသတ်တွေ က အတော့်ကိုပဲ ရင်သပ်ရှုမော ဖြစ်ကြရတယ်။ ဒီလို သုခုမအနု ပညာမျိုးကို တစ်ခါမှ မမြင်ဖူး မကြားဖူးဘူးလို့ ပြောတဲ့သူတွေ အတော်များပါတယ်။ အားလုံးက သိပ်သဘောကျကြတယ်။ ကျွန်မ တို့ နယူးယောက်ကဇာတ်ပွဲ နှစ်ည စလုံးမှာ ရုံပြည့်သွားပါတယ်။ လက်မှတ်မရလို့ မ၀င်ရတဲ့သူတွေလည်း မနည်းဘူး။ နောက်ဆုံးပြီးသွားတဲ့ အချိန်အထိ လက်ခုပ်သံတွေက မစဲဘူး’’

မြန်မာ့ ဂီတတူရိယာနှင့် အကမိတ်ဆက်သရုပ်ပြဆွေးနွေး ပွဲသို့ လာရောက်သူများက မြန်မာ့ ဂီတတူရိယာများ၏ သစ်၊ ၀ါး၊ ထန်းရွက်၊ ပတ်ဝိုင်းအတွက် ပတ် စာအစရှိသည့် ရိုးရာသဘာဝပစ္စည်းများကို အသုံးပြုနေသည့် အပေါ် စိတ်ဝင်တစား လေ့လာ မေးမြန်းခဲ့ကြသကဲ့သို့ အခြေခံကဗျာလွတ်ကကွက်များကိုလည်း မိတ်ဆက်သင်ယူခဲ့ကြသည်။ ရွှေတံဆိပ် ၁၉ ဆုရရွာစားသီရိ မောင် မောင်ဆိုင်းဝိုင်းက မြန်မာ့တူရိယာများ၏ ဆက်စပ်တီးမှုတ်ပုံအဆင့် ဆင့်ကို လှပကျွမ်းကျင်စွာ သရုပ် ပြသွားသကဲ့သို့ ရွှေမန်းသဘင်ဇာတ်အဖွဲ့မှ ပန်တျာအမျိုးသားယဉ်ကျေးမှု ကျောင်းဆင်းအကပညာရှင်များက အက သမိုင်းကြောင်းနှင့် တောလိုက်ခြင်း၊ သိုင်းကစားခြင်း၊ ပန်းပင်လေးများ လေယူရာယိမ်းနွဲ့သွားသော ဟန်များ၊ ခြင်းခတ်အားကစားအစရှိသည်တို့ကို အခြေခံပြီး ဆင်းသက်ဖြစ်ပေါ်လာသည့် ကကွက်များ ရှင်းလင်းသရုပ်ပြသွားသည်။

‘‘မြန်မာ့သုခုမ အနုပညာနဲ့ ပတ်သက်လို့ ပြောခွင့် ပြခွင့် ဖြန့် ဝေခွင့်ရတဲ့အတွက် ကျေးဇူးတင် ရပါတယ်။ ဒါဟာ အင်မတန်မွန် မြတ်တဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ရဲ့ လာရောက်မှုက ရွှေမန်းသဘင်မိသားစုတစ်ခုတည်းကို ကိုယ်စား ပြုတာမဟုတ်ဘဲ မြန်မာ့ဇာတ်သဘင်ကို နိုင်ငံတကာက သိအောင် ကိုယ်စားပြု ပြသနိုင်ခဲ့တယ်လို့ ယူဆပါတယ်’’ ဟု ရွှေမန်းသဘင်အဖွဲ့မှ ဦးဝင်းမောင်က ပြောကြားသည်။

ဤခရီးစဉ်ဖြင့် မြန်မာ့ဇာတ်သဘင်ကို နိုင်ငံတကာတွင် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း Asia Society မှ ဒါရိုက်တာ မစ္စကူးပါးက ပြောကြားသည်။

‘‘သူတို့က တကယ်တော့ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်းနားလည်ခံ စားနိုင်အောင် စွမ်းဆောင်ပေးနေ တဲ့ မြန်မာ့ယဉ်ကျေးမှုရဲ့ သံတမန် တွေပါပဲ’’

ရွှေမန်းသဘင် ဇာတ်ပွဲနှင့် ပတ်သက်၍ နယူးယောက်တိုင်းမ် အပါအ၀င် အမေရိကန်သတင်း စာကြီးများတွင် ချီးမွမ်းရေးသားခဲ့ ကြသကဲ့သို့ ယဉ်ကျေးမှုလေ့လာဝေဖန်သူများကလည်း ထူးခြားပြောင်မြောက်လှသည့် အကအဖြစ် မှတ်ချက်ချခဲ့ကြသည်။

စီစဉ်သူ တစ်ဦး ဖြစ်သည့် စန္ဒရားခင်ခင်လေးက မြန်မာ့ရိုးရာဇာတ်သဘင်ပညာ ထိန်းသိမ်းသွားနိုင်ရေး ဆက်လက် လုပ်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း 7Day Daily အား ပြောကြားသည်။

‘‘အခုကတော့ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အဆင့်မီ သုခုမ အနုပညာကို ကမ္ဘာက သိအောင်လုပ်နိုင်တဲ့ ကနဦး ခြေလှမ်းတစ်ရပ်ပါပဲ’’

7Day Daily

0 comments:

Post a Comment