Friday, April 17, 2015

ဖုန်ကြားရှင်နှင့်အပေါင်းအပါများကို တိုင်းရင်းသားညီလာခံမှာမဖိတ်သင့်ပါ


ယခုဆိုလျှင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်ကိုလက်မှတ်ရေးထိုးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တိုင်းရင်းသားခေါင်းဆောင်များညီလာခံကို “၀” နယ်မြေထဲမှာ ဧပြီလအတွင်းပြုလုပ်သွားမယ်လို့သိရပါတယ်။ UNFC ရဲ့ အကြံအစည်နဲ့ပြုလုပ်တဲ့ဒီညီလာခံအနေနဲ့ အမှန်တကယ်သာရိုးရိုးသားသားနဲ့ပြုလုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေး အတွက်တကယ်ကို အထောက်အကူဖြစ်စေမယ်လို့ အကောင်းမြင်သုံးသပ်မိပါတယ်။ သို့ပေမယ့်လည်း စစချင်း ဆောက်နဲ့ထွင်းဆိုသလိုပဲ အခုပြုလုပ်မယ့်တိုင်းရင်းသားညီလာခံမှာ ဖုန်ကြားရှင်သောင်းကျန်းသူတပ်ဖွဲ့ (MNDAA) အပါအ၀င်သူနဲ့အတူပူးပေါင်းပါဝင်နေတဲ့ အပေါင်းအပါတွေဖြစ်တဲ့ AA နဲ့ TNLA တို့ကိုပါဖိတ်ကြားထားခဲ့တယ်ဆိုတော့ အဲဒီတိုင်းရင်းသားညီလာခံဆိုတာကြီးကို အယုံအကြည်လျော့ပါးခဲ့ရပါတယ်။
UWSA “၀” တပ်ဖွဲ့အနေနဲ့ အခုပြုလုပ်မယ့်ညီလာခံမှာ ဖုန်ကြားရှင်အပါအ၀င် AA၊ TNLA တို့ကိုလုံးဝ မဖိတ်ကြားသင့် ဘူးလို့ပဲပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့တွေဟာငြိမ်းချမ်းရေးမတန်တဲ့အဖွဲ့တွေဖြစ်လို့ပါပဲ။ “၀” တပ်ဖွဲ့ အနေနဲ့အရင်တုန်းကတော့ ဖုန်ကြားရှင်တပ်ဖွဲ့နဲ့ပတ်သက်မှုမရှိပါဘူး၊ ချိတ်ဆက်ဆောင်ရွက်မှုတွေမရှိပါဘူးလို့ ယတိပြတ် ငြင်းချက်ထုတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အခု ပန်ဆန်းမှာပြုလုပ်ဖို့လျာထားတယ်ဆိုတဲ့ တိုင်းရင်းသားညီလာခံမှာ ဖုန်ကြားရှင်နဲ့ သူ့ရဲ့အပေါင်းအပါတပ်ဖွဲ့တွေကိုဖိတ်ကြားလိုက်ခြင်းက
ငြိမ်းချမ်းရေးကိုထိခိုက်သွားစေနိုင်တယ်ဆိုတာ “၀” တပ်ဖွဲ့အနေနဲ့သတိရှိစေချင်ပါတယ်။ ဖုန်ကြားရှင်ဆိုတာ မြန်မာပြည်သူအားလုံးက ခါးခါးသီးသီးရွံ့မုန်းနေတဲ့ ပြည်သူ့ ချဉ်ဖတ်တစ်ယောက်ပါ။ ဒီလိုစစ်ဘီလူး လူယုတ်မာတစ်ယောက်ကိုဘယ်ပြည်သူကမှလက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူ့ကိုလက်ခံတဲ့ “၀” တပ်ဖွဲ့ပါ ပြည်သူ့ချဉ်ဖတ်ဖြစ်သွားနိုင်တယ်ဆိုတာသတိပေးပါရစေ။
ဒါတွေဟာ UWSA အနေနဲ့ တိုင်းရင်းသားညီလာခံမှာ ကိုးကန့်အဖွဲ့အပါအ၀င် AA၊ TNLA တို့ကိုလုံးဝမဖိတ်ကြားသင့်ဘူး ဆိုတဲ့အချက်တွေပါပဲ။ တကယ်လို့ဖိတ်ကြားခဲ့ပြီး ညီလာခံမှာတက်ရောက်ဆွေးနွေးစေခဲ့မယ်ဆိုရင်တော့ ဖြစ်လာမယ့် ပြဿနာတွေနဲ့အတူ ဆိုးကျိုးတွေအားလုံးကို ၀ တပ်ဖွဲ့ကတာဝန်ယူသွားရပါလိမ့်မယ်။
အခုဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ရဲ့ကြိုးပမ်းမှုကြောင့် ငြိမ်းချမ်းရေးလက်တစ်ကမ်းအလိုကိုရောက်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ UPWC အနေနဲ့ UNFC ရဲ့မငြိမ်းချမ်းလိုတဲ့သဘောထားတွေကိုသိသွားတာကြောင့်UNFC ကိုအသိအမှတ်မပြု လို့ UNFC ရဲ့အာဏာပါဝါမရှိတော့တဲ့အနေခြအနေဖြစ်နေရပါတယ်။ ဒါ့ကြောင့် အဓိကကြိုးကိုင်သူ KIA ခေါင်းဆောင် အင်ဘန်လအနေနဲ့ UNFC ကနေ ပွဲလန့်တုန်းဖျာခင်းချင်တဲ့အတွက် “၀” ကို အသုံးချ နေတယ်လို့ပဲသုံးသပ်နိုင်ပါတယ်။
အင်ဘန်လဆိုတာကလည်း အမေရိကန်အထောက်အပံ့နဲ့ ၀မ်ပေါင်နိုင်ငံတော်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်မက်နေတဲ့ KIA ကြိုးကိုင်သူ။ အခု KIA ကနေ UNFC ကိုကြိုးကိုင်ပြီး တစ်နိုင်ငံလုံး မငြိမ်းချမ်းဖို့အတွက် ခွန်ဥက္ကာ၊နိုင်ဟံသာတို့လို လူတွေမွေးပြီး မွှေနှောက်နေတဲ့သူ။ ဒါကိုအစိုးရကသိသွားလို့ UNFC ကိုဘေးထုတ်တဲ့အတွက် ဖုန်ကြားရှင်ကို UNFC ထဲ ဆွဲထည့်၊ “၀” ကိုစည်းရုံး၊ တိုင်းရင်းသားညီလာခံမှာ ဖုန်ကြားရှင်နဲ့ AA၊ TNLA တို့ကိုဖိတ်ခေါ်ပြီး ကျားကွက်ရွှေ့ချင်တဲ့ သဘော။ ဒါ့ကြောင့် UWSA အနေနဲ့ကလည်း ဒီလိုမျိုးမရိုးမသားလုပ်ဇာတ်ကိုခင်းနေမှန်းသိပါလျက်နဲ့ အင်ဘန်လနဲ့ UNFC စကားနားယောင်ကာ ဖုန်ကြားရှင်နဲ့အပေါင်းအပါတွေကိုလူရာသွင်းပြီး တိုင်းရင်းသားညီလာခံကိုဖိတ်ကြားဆွေး နွေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးပျက်ပြားသွားစေနိုင်မယ့် မဟာအမှားတစ်ခုသာဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြု စေချင်တယ်။

လက်ယျာမင်းဒင်
Shwenaingan

0 comments:

Post a Comment