Tuesday, September 29, 2015

စံချိန်တင် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းမိထားသူများသည် သန်းနှင့်ချီသော စိတ်ကြွဆေးများ ပြည်ပသို့ နှစ်ကြိမ်တိုင် ပို့ဖူးသူများဖြစ်နေ

စံချိန်တင်ဖမ်းမိသည့်မူး ယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးစစ် ဆေးခံနေရသည့် ကုမ္ပဏီတာဝန် ရှိသူများသည် ထိုအမှုမတိုင်မီ အရေအတွက် သန်းနှင့်ချီသည့် စိတ်ကြွဆေးပြားများကို ပြည်ပ နိုင်ငံများသို့ နှစ်ကြိမ်တိုင် ကုန် သွယ်ရောင်းဝယ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

ယနေ့ည မယ်လ်မိုနှင့်ပွဲတွင် ရီးရဲလ်၏ ပထမကစားသမား ငါးဦး မပါဝင်နိုင်


ယနေ့ည ချန်ပီယံလိဂ် အဝေးကွင်း အုပ်စုပွဲစဉ်အဖြစ် ဆွီ ဒင်ကလပ် မယ်လ်မိုနှင့် ကစား မည့် ပွဲတွင် ရီးရဲလ်မက်ဒရစ်သည် ပထမအသင်း ကစားသမား ငါးဦး အထိ ချန်လှပ်ပြီး ကစားမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာတွင် မြန်မာ့ စစ်အင်အား အဆင့် (၄၄)ချိတ်

တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ချီတက်အလေးပြုနေသော စစ်ယာဉ်တစ်စီးကို တွေ့ရစဉ်/AFP

ကမ္ဘာတစ်ဝန်း နိုင်ငံများ၏စစ်အင်အားများကို နှိုင်းယှဉ်ဖော်ပြသော စာရင်းတွင် မြန်မာ့တပ်မတော်သည် အဆင့်(၄၄)၌ ရပ်တည်နေသည်။ နိုင်ငံပေါင်း ၁၂၆ နိုင်ငံ၏စစ်တပ် များအပေါ် သုတေသန ပြုထား သည့် Global Fire Power (GFP) ၏စစ်တမ်းကို ၂၀၁၅ စက်တင်ဘာ၁၅ ရက်၌ ထုတ်ပြန်သည်။ ဂျီ အက်ဖ်ပီသည် အမေရိကန်အစိုးရ ၏ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)၏သတင်းအချက်အလက်များ၊ သတင်းမီဒီယာများ၌ ဖော်ပြသော နောက်ဆုံးရသတင်းများ အပါအဝင် သတင်းရင်းမြစ်များအပေါ် အခြေခံ၍ ကမ္ဘာ့စစ် တပ်အင်အားများကို ခွဲခြမ်းစိတ် ဖြာလေ့လာမှုအပေါ် အခြေခံသောအချက်အလက်များအား ပြုစုပေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ပထမဆုံးအကြိမ် ကိုယ်ဝန်စဆောင်ချိန်မှာ အရက်သေစာ မှီဝဲတာဟာ ရင်သားကင်ဆာ အန္တရာယ် ပိုဖြစ်စေ


အမျိုးသမီးများ ပထမအကြိမ် ကိုယ်ဝန်ဆောင်ချိန် အရက်သေစာမှီဝဲသောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ် မြင့်တက်စေကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

ပထမအကြိမ် ကိုယ်ဝန်ဆောင်စဉ်ကာလ အရက်ပိုသောက်ဖြစ်တဲ့ အမျိုးသမီးများဟာ အဖုအကျိတ်မဖြစ်တဲ့ ရင်သားရောဂါအန္တရာယ် ပိုများကြောင်းလည်း St. Louis ရှိ Washington University school of medicine က Dr. Ying Liu မှပြုလုပ်သော လေ့လာမှုအရ သိရပါတယ်။

သစ်သူခိုးနှင့် သူခိုးအားပေးများကို ခြေရာခံခြင်း

မြန်မာတို့၏ ခေတ်အဆက်ဆက် ‘သစ်’ တွက်နည်းက ‘တန်’ ကို အခြေခံသည်။ ကျွန်းသစ်တစ်တန်၊ ပိတောက်တစ်တန် စသည်ဖြင့်။ မြန်မာ-တရုတ် နယ်စပ်တွင်မူ သစ်ကို တန်နှင့်မတွက်။

“သစ်တစ်တန် ဘယ်လောက်လဲ မဟုတ်ပါဘူး။ တောင်တစ်လုံး ဘယ်လောက်လဲပါ” ဟူသည့် လက်သုံးစကားက မြန်မာ-တရုတ်နယ်စပ် သစ်ကုန်သည်များ ပြောဆိုကြသည့် လက်သုံးစကား ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်း စစ်ဆေးရေးအဖွဲ့(EIA) ၏ Campaigns Director Mr. Julian Newman က ဆိုသည်။
အကြောင်းက….. သစ်ကို တစ်တန်ချင်း မတွက်ဘဲ တစ်တောင်လုံးခုတ်သည့် သဘောကို ညွှန်းဆိုခြင်းဖြစ်သည်။

ယင်းစကားသည် မြန်မာ့သစ်တောများ၏ တန်ဖိုးချည့်နဲ့မှုကို ဖော်နေသည်။ မြန်မာ့ သယံဇာတကို လွယ်လွယ်နှင့်ရကြောင်း ညွှန်းဆိုနေသည်။ ထိုထက်ပို၍ ဆိုရလျှင် မြန်မာ-တရုတ် နယ်စပ်တွင် သစ်မှောင်ခို မည်မျှကြီးမားကြောင်း သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။


၂၅ နှစ်ကြာ သက်တမ်းရှိ၍ အကျိုးစီးပွားနှင့် ယှဉ်သော သစ်မှောင်ခိုလုပ်ငန်း များတွင် မည်သူတွေ ပါဝင်နေကြသနည်း။ မည်သည့်လမ်းကြောင်းက ခိုးထုတ်နေ ကြသနည်း။ တစ်နှစ်လျှင် သစ်တန်ချိန် မည်မျှ ထုတ်ယူနေကြသနည်း။ စသည့် မေးခွန်းများအတွက် ဗြိတိန် အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ EIA ကွင်းဆင်း အစီရင်ခံစာက စိတ်ဝင်စားဖွယ် အတိ။
ပေါက်ဖော်တို့ရဲ့ လမ်းကြောင်း

New Face Model - May Thet Paing












တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ် လက်နက်ကိုင် ၇ ဖွဲ့လက်မှတ်ထိုးရန် ဆုံးဖြတ်ပြီ


ချင်းမိုင်၊ ၂၉။ ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်ကျင်းပရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည်။

ဟန်းနီးမွန်း အဖြစ်အပျက်တွေပါ ပါဝင်မယ့် Jennifer Lopez ရဲ့ ချစ်ရည်လူးဗီဒီယို ကို အဆက်ဟောင်းက ဖြန့် မည်


တရားရုံးမှာ မပေါက်ကြားဖို့ အမှုရင်ဆိုင်နေရတဲ့ Jennifer Lopez ရဲ့ ချစ်ရည်လူးဗီဒီယိုကို လူသိရှင်ကြားဖြစ်အောင် ဖြန့် တော့မှာဖြစ်ပါတယ်။ အဆိုတော် J-Lo ရဲ့ ပထမခင်ပွန်း Ojani Noa ကိုယ်တိုင် ရိုက်ကူးထားတဲ့ ချစ်ရည်လူး ဗီဒီိယိုတွေဟာ တရားရုံးမှာ ခြောက်နှစ်ကြာ အမှုရင်ဆိုင်နေရပြီးနောက် Noa ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ Ed Meyer က သူတို့ အိမ်ထောင်ရေး ပျက်စီးရပုံကို ဖော်ကြူးထားတဲ့ “How I Married Jennifer Lopez: The JLO and Ojani Noa Story’ နာမည်ရ ဗီဒီယိုခွေကို ထုတ်ဖို့ စီစဉ်လျက်ရှိပါတယ်။

ငွေတစ်ရာ ပြန်တောင်းသော ခရီးသည်ကို ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ရိုက်နှက်

ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်းရှိ ပန်းဆိုးတန်း ကားမှတ်တိုင်တွင် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက အောင်သိဒ္ဓိ ခရီးသည်ယာဉ်လိုင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ယာဉ်စီးခ ကျပ်တစ်ရာ ပြန်တောင်းသော အသက် ၅၇ နှစ်အရွယ် ခရီးသည် အမျိုးသားကို လက်သီးဖြင့် ထိုးကြိတ်ကာ တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

၂၀၁၅ ရွေးကောက်ပွဲသာ ဘောလုံးပွဲ ဖြစ်ခဲ့ရင်

ရွေးကောက်ပွဲတွေ ဘယ်လိုကျင်းပနေတယ်ဆိုတာကို ဘောလုံးပွဲနဲ့ တင်စား ဥပမာပေးချင်ပါတယ

အခုလက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်က စပ်ကြား/ကပြားစနစ် ဖြစ်တယ်လို့ ပြောနိုင်မယ့် စရိုက်လက္ခဏာတွေ အများကြီးရှိပါတယ်။ အဲဒီလို စနစ်တွေမှာ ရွေးကောက်ပွဲတွေရှိပေမယ့် ရွေးကောက်ပွဲတွေက တရားမျှတမှုတော့ မရှိပါ။

Monday, September 28, 2015

ခေတ်သစ် ဇိမ်ခံမယ်

“လောလောဆယ်တော့ လူတစ်ကိုယ်လုံးပုံစံ လေမှုတ်ရုပ်ပဲ ရှိတယ်အစ်ကို။ ဈေးနှုန်းကတော့ တစ်သိန်း ရှစ်သောင်းပါ။ ဒီထက်ပိုကောင်းတဲ့ လူအစစ်လို အရုပ်မျိုး လိုချင်ရင်တော့ ဈေးကြီးမယ်။ ဟိုကို လှမ်းမှာမှရမယ်”


ရန်ကုန်မြို့ရှိ နာမည်ကျော် ဖက်ရှင်စတိုးဆိုင် တစ်ခု၏ နောက်ပိုင်း အခန်းလေးတစ်ခု အတွင်းမှ ကစားစရာ အရုပ် ရောင်းချနေသည့် မြင်ကွင်းဖြစ်သည်။

စိတ်ရှည်လက်ရှည် ရှင်းပြနေသော အသက်၂၅ ဝန်းကျင် စတိုးဆိုင် အရောင်းဝန်ထမ်း လူငယ်လေး ရှေ့တွင် ထုတ်ပြသည့် ကစားစရာအရုပ်များကို ကိုင်တွယ် ကြည့်ရှုနေကြသူများ ကတော့ အရုပ်ဖြင့် ဆော့ကစားသည့် ကလေးငယ်အရွယ်များ မဟုတ်။ အသက်(၃၀)အရွယ် လူလတ်ပိုင်း နှစ်ဦးသာ ဖြစ်သည်။

အဆိုပါလူလတ်ပိုင်းအရွယ် နှစ်ဦး လာရောက်ဝယ်ယူနေသည်မှာ ယခုနောက်ပိုင်း မြို့ပြနေ လူတန်းစားအကြား တွင်ကျယ်စပြုနေပြီ ဖြစ်သည့် Sex Toy (ခေါ်) လူကြီးကစားစရာ အရုပ်များပင် ဖြစ်သည်။ ထိုလူကြီးကစားစရာ များမှာ လူကြီးများကို လိင်ဖျော်ဖြေရာတွင် အသုံးပြုသော ခေတ်သစ်ဇိမ်ခံမယ်၊ အပျော်မယ်ဟု ဆိုလျှင်လည်း မမှားနိုင်ပေ။

မြို့ပြ ရပ်ဝန်းသည် လူဦးရေသိပ်သည်းဆ နှင့်အတူ စားရေးသောက်ရေး မှအစ အခြေခံကျသည့် နေရေးထိုင်ရေး အဆုံး အကျပ်အတည်းများစွာ ဖြစ်လာခဲ့သည်။

လူငယ်လူရွယ်တို့၏ ဝန်းကျင်တွင် အိမ်ထောင်ပြု ခြင်းကို အခက်အခဲကြီး တစ်ခုအဖြစ် ရှုမြင်လာကြပြီး လိင်မှုရေးရာ ကိစ္စအတွက် အလွယ်နည်းလမ်း များဖြင့် ဖြေဖျောက်မှုများ ရှိလာသည်ကို တွေ့ရသည်။ အဆိုပါနည်းလမ်းများ အနက်မှ Sex Toy ဟု ခေါ်သော လူကြီးကစားစရာများဖြင့် စိတ်ဆန္ဒ ဖြေဖျောက်ခြင်းမှာ မြန်မာနိုင်ငံအတွင်း ဈေးကွက်တစ်ခုအဖြစ် စတင်ခဲ့ပြီ ဖြစ်သည်။

ယခင်က အမျိုးသား အင်္ဂါအတုများ၊ အမျိုးသမီး အင်္ဂါအတုများကို ရန်ကုန်မြို့လယ်၊ ပလက်ဖောင်းဘေးရှိ ကာမဆိုင်ရာ ဆေးဝါးများရောင်းချသည့် ဆိုင်လေးများတွင် လက်သိပ်ထိုး မှာယူရသည့် ဈေးကွက် ရှိခဲ့ဖူးသည်။

ယခုအခါတွင်တော့ ပိုမို အဆင့်မြင့်မားသည့် Sex Toy များကို ရန်ကုန်မြို့တွင်းရှိ ဖက်ရှင်ဆိုင်အချို့၏ သီးသန့်ခန်းများအတွင်း သီးသန့် ဈေးဝယ်သူများအား ဝန်ဆောင်မှုအဖြစ် ပေးနေပြီဟု ပြောဆိုလာသူက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဇော်ဇော်လှိုင် ဖြစ်သည်။
“သူငယ်ချင်းတစ်ယောက် ခေါ်သွားလို့ အဲဒါတွေ ရောင်းတဲ့ စတိုင်းဆိုင်ကို ရောက်ဖူးတာ။ အကြောင်း သိတွေချင်း အချက်ပြမှ ဆိုင်က နောက်ဘက်ထောင့်ချိုးမှာ ရှိတဲ့ အခန်းတစ်ခုကို ခေါ်သွားပြီး ထုတ်ပြတာ.. ပစ္စည်း ပုံစံတွေကတော့ မျိုးစုံပဲ” ဟု ၎င်းကဆိုသည်။

ဆိုင်အတွင်းတွင် အမျိုးသမီးများ အသုံးပြုသည့် အမျိုးသားအင်္ဂါအတုများ၊ တုန်ခါစက်များ၊ လျှာတုများ အပြင် အမျိုးသားများ အသုံးပြုသည့် အမျိုးသမီးအင်္ဂါ အတုများ၊ လေမှုတ်ရုပ်များ၊ အသံထွက်သည့် အမျိုးသမီး ပုံစံငယ် ရာဘာအရုပ်မများ အစရှိသည့် နိုင်ငံစုံ၊ အမှတ်တံဆိပ်အစုံ လူကြီးကစားစရာများကို တွေ့ရကြောင်းလည်း ကိုဇော်ဇော်လှိုင်က ဖြည့်စွက်သည်။

အဆိုပါ Sex Toy များမှာ မြန်မာငွေ ကျပ်သုံးသောင်းမှ အများဆုံး လေးသိန်းကျော်အထိ ရှိပြီး အမျိုးသားသုံး ပစ္စည်းများမှာ အမျိုးသမီးသုံးများထက် ပိုမိုရှားပါးကာ ဈေးနှုန်း မြင့်မားကြောင်းလည်း အွန်လိုင်းတွင် လူကြီးကစားစရာစတိုး အမည်ဖြင့် Sex Toy များ ရောင်းချနေသော ကိုထက် (အမည်လွှဲ) က ဆိုသည်။

Sex Toy များမှာ ပြင်ပစတိုးဆိုင်များတွင် လက်သိပ်ထိုး ရောင်းချသည်များ ရှိသကဲ့သို့ ကိုထက်တို့ကဲ့သို့ အွန်လိုင်းရှော့ပင်း များတွင် ရောင်းချရာမှလည်း ယခုအခါ လူကြိုက်များလာပြီ ဖြစ်သည်။

အွန်လိုင်းမှ မှာယူသူများမှာ ယခင်က လိင်တူချစ်သူများ၊ အမျိုးသားများသာ ရှိရာမှ ယခုအခါ အမျိုး သမီးအများစုပင် ရှိလာပြီဟု ကိုထက်က ဆိုသည်။ Sex Toy များကို ယခင်က ထိုင်းနယ်စပ်၊ တရုတ် နိုင်ငံနယ်စပ် လမ်းကြောင်းတို့မှ ကာမစိတ်ကြွဆေး တင်သွင်းသူတို့ထံမှ မှာယူခဲ့ရပြီး ယခုအခါ Sex Toy များကိုသာ သီးသန့် မှာယူလာနိုင်ပြီ ဖြစ်ကြောင်း ကိုထက်ထံမှ သိရသည်။



Sex Toy များမှာ ယခုမှသာ စတင်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ သမိုင်းဦးခေတ် ကပင် စတင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း http://www.alternet.org/sex-amp-relationships/sex-toy အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုအခါ Sex Toy များမှာ အဆင့်ဆင့် တိုးတက်လာပြီး ယခုအခါဂျပန်နိုင်ငံထုတ် အမျိုးသမီး ပုံစံငယ် Sex Toy များမှာ လူသားတစ်ယောက်အလား အထိအတွေ့နှင့် အသံများကိုပင် တုပ ပြုလုပ်နိုင်လာပြီ ဖြစ်ကြောင်းလည်း အင်တာနက် သတင်းများတွင် တွေ့ရသည်။

ယင်းကဲ့သို့ လိင်ကိစ္စအတွက် သုံးပြုသည့် လူကြီးကစားစရာ ဈေးကွက် မြန်မာနိုင်ငံတွင် ရေပန်းစားစ ပြုလာခြင်း အပေါ် အမြင်များကလည်း အမျိုးမျိုး အထွေထွေပင်။

လက်မထပ်ဘဲ အတူနေထိုင်ခြင်းများ၊ ပြည့်တန်ဆာများနှင့် အပျော်အပါး လိုက်စားခြင်းများ ထက်စာလျှင် ကိုယ့်ဘာသာ ကစားစရာနှင့် ဖြေဖျောက်ခြင်းက အန္တရာယ်ကင်းသည်ဟု ဆိုလာသူက အလုံမြို့နယ်နေ အသက်(၃၅) နှစ်အရွယ် နက်ဝပ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုအောင်အောင် ဖြစ်သည်။

“ဒါတွေဟာ နိုင်ငံခြားရုပ်ရှင်တွေကို ကြည့်ပြီး ကလေးတွေ အတုခိုးလာတာပဲ။ သဘာဝနဲ့က ဖီလာ ဆန့်ကျင်တဲ့ ကိစ္စတွေပါ။ အတုမြင် အတတ်သင်ပြီး ဖြစ်လာတာတွေ ဖြစ်တဲ့အတွက် ယဉ်ကျေးမှုအရ လုံးဝ တားမြစ်သင့်တယ်လို့ ထင်တယ်” ဟု အသက်(၅၀)အရွယ် အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဖြစ်သူ ဦးစောဦးက တစ်မျိုးဆိုပြန်သည်။

“မာစတာဘေးရှင်း လုပ်တယ်။ ကိုယ့်ဘာသာ စိတ်ဖြေဖျောက်မှု လုပ်တယ်ဆိုတာ သဘာဝတရား တစ်ခုပဲ။ ဆေးပညာအရလည်း ဒါကို မူမမှန်တဲ့ကိစ္စလို့ မသတ်မှတ်ထားဘူး။ ဒါပေမဲ့ စက်နဲ့ ဖြေဖျောက်တယ် ဆိုတာက သဘာဝမကျဘူး။ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ထင်တယ်။ သေချာ သုတေသနပြုချက်တွေ မရှိသေ ပေမယ့် အရမ်းကြီး အားမပေးချင်ဘူး” ဟု မီးယပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာအောင်မြင့်က ဆိုသည်။
Sex Toy များမှာ ပလပ်စတစ်၊ ဆီလီကွန်၊ ရာဘာ၊ ဗီနိုင်းလ်(Vinyl) လေးတက်စ်(Latex) စသည်တို့နှင့် ပြုလုပ်ထားလေ့ရှိပြီး ခင်ပွန်းသည် ဇနီးသည်နှင့် ဆက်ဆံသည့်အခါ ပြောင်းပြန် အကျိုးသက် ရောက်မှုများ၊ ဆီးလမ်းကြောင်းဆိုင်ရာ ပြသနာများ ဖြစ်ပွားလာနိုင်ခြေ ရှိကြောင်း ၎င်းကဖြည့်စွက်သည်။

နိုင်ငံတကာ ကျန်းမာရေး စစ်တမ်းများအရမူ အရွယ်ရောက်ပြီးသူ တစ်ဦးသည် လက်နှင့်ဖြစ်စေ၊ စက်နှင့်ဖြစ်စေ စိတ်ဆန္ဒ ဖြေဖျောက်ခြင်းသည် စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကို ထိခိုက်ဖွယ် မရှိကြောင်း ဆိုကြပြန်သည်။

အဆိုပါ Sex Toy များ အသုံးပြုမှု ရေပန်းစားလာခြင်းနှင့် ဈေးကွက်ဖြစ်ပေါ်လာမှု အပေါ် ကျန်းမာရေး ရှုထောင့်မှ အမြင်ကွဲပြားမှုများ ရှိနေသကဲ့သို့ အဆိုပါ ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချခွင့် ရှိမရှိ နှင့် သုံးစွဲသူတို့ အနေဖြင့် မည့်သို့သော ဥပဒေနှင့် ငြိစွန်းမှု ရှိမရှိကိုလည်း အငြင်းပွားမှုများ ရှိနေပြန်သည်။

“ပုဒ်မ ၃၇၇ မှာ ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံခြင်း တွေကို အရေးယူနိုင်တယ်လို့ ပါပြီးသားပဲ... ဓမ္မတာနဲ့ ဆန့်ကျင်ရင် ရာဇဝတ်မှု မြောက်တယ်” ဟု ရန်ကုန်မြို့ အလုံမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အဆင့်ရှိ အမှုစစ်ရဲအရာရှိတစ်ဦးက ဆိုသည်။

“လက်ရှိဥပဒေအရ တစ်ပါးသူကို ထိခိုက်စေမယ့် မူမမှန်သော လိင်ဆက်ဆံမှုမျိုး ဆိုရင် ပုဒ်မ ၃၇၇ နဲ့ ငြိတယ်။ သို့သော် မိမိဘာသာ အာသာဖြေဖျောက်တဲ့ ကိစ္စ၊ မည်သူ့ကိုမှ မထိခိုက်ဘူး ဆိုရင်တော့ ပြစ်မှုမမြောက်ဘူး။ အရေးမယူနိုင်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ငွေစိုးက ဆိုသည်။

“၂၀၁၀ တုန်းက ယုဇနပလာဇာ နားက ဂိုထောင်တစ်ခုကို ဝင်ဖမ်းဖူးတယ်။ ကာမစိတ်ကြွ ဆေးဝါးတွေနဲ့ Sex Toy တွေ အများကြီး ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ ဆေးဝါးတွေကိုပဲ ဆေးဝါးအက် (၂၆)နဲ့ အရေးယူနိုင်ပြီး Sex Toy တွေကိုကျ ဘာပုဒ်မနဲ့မှ အရေးယူလို့ မရပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဒုရဲအုပ်အောင်အောင်က ဆိုသည်။

လူငယ်ထုအကြား ရေပန်းစားလာသည့် Sex Toy များ အသုံးပြုခြင်းနှင့်အတူ လူကြီးကစားစရာ ဈေးကွက်ကား တဖြည်းဖြည်း တွင်ကျယ်လာနေပြီ ဖြစ်သည်။ လူမှုရေးရှုထောင့်၊ ကျန်းမာရေးရှုထောင့်၊ ဥပဒေ ရှုထောင့်တို့မှ လူကြီးကစားစရာများ ခေတ်စားလာမှုအပေါ် ဝိဝါဒ ကွဲပြားမှုများ ရှိနေသော်လည်း ကမ္ဘာ့နိုင်ငံ အနှံအပြားတွင်မူ Sex Toy သီးသန့် စတိုးဆိုင်များကား ဆယ်စု နှစ်ပေါင်းများစွာ ကတည်းက ပေါ်ပေါက်နေပြီ ဖြစ်သည်။

ပွင့်လင်းမြင်သာမှု နှင့်အတူ ဖွင့်လိုက်သော တံခါးမှ ဝင်လာသောအရာများတွင် ကောင်းကျိုးဆိုးကျိုး ဒွိဟဖြစ်စေသော ယဉ်ကျေးမှုများစွာ ပါဝင်လာခဲ့ပါသည်။ အကောင်းအဆိုး အကြောင်းအကျိုး ခွဲခြားပေးရန် အတွက် မိမိ၏ ပင်ကိုယ်အသိဉာဏ်နှင့် ခွဲခြား စိတ်ဖြာရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ…………….
လူကြီးတို့အတွက် ဆော့ကစားချင်စရာ Sex Toy ခေါ် လူကြီးကစားစရာ အသစ်အဆန်းလေးများ ကတော့ ဈေးကွက်အတွင်း အမျိုးစုံ ကြိုးခုန်လျက် စောင့်ကြိုနေလေပြီ။

ခက်ဇော်(KZ)

- See more at: http://www.thevoicemyanmar.com/index.php/society/item/8428-kst#sthash.CkLO6V4j.UdGfbkpX.dpuf

မမှီတဲ့ပန်းလေးကို မှ လှမ်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် အရမ်းလန်းတဲ့ကောင်မလေးကို ဘယ်လိုချဉ်းကပ်မလဲ


အရမ်းလန်းကောင်မလေး တစ်ယောက်နဲ့ချစ်သူဖြစ်ချင်ပါသလား။ ဒါလေးတွေ လေ့လာကြည့်ပါ။

၁။ အရမ်းတော်နေစရာ မလိုအပ်ပါဘူး။

အလန်းလွန် အလွန်လန်းတဲ့ မိန်းကလေးတစ်ယောက်ချဉ်းကပ်တဲ့နေရာမှာ အခက်ခဲဆုံးအပိုင်းကတော့ သူမရဲ့စိတ်ဝင်စားမှုကို ရရှိဖို့ပဲဖြစ်ပါတယ်။ ပင်ကိုယ်က အရမ်းလန်းတဲ့သူတွေဟာ အာရုံခံစားမှု ကောင်းကြတဲ့အတွက် ပျင်းစရာကောင်းသူတွေကို သည်းမခံနိုင်ကြပါဘူး။ ဒါ့ကြောင့် သူမရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် အရမ်းတော် အရမ်းထက်မြက်တဲ့ သင့်ရဲ့အရည်အချင်းတွေကို နောက်ပိုင်းကျမှ ထုတ်ပြောပါ။ သူမအကြောင်းကို စကားပြောရင်း တော်တော်များများသိလာပြီဆိုမှ စွဲဆောင်မှုအတွက် ထုတ်သုံးပါ။

အိုဘားမားနဲ့ပူတင် ကုလညီလာခံမှာ ထိပ်တိုက်တွေ့

ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာကြတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (စက်တင်ဘာ ၂၈၊ ၂၀၁၅)

အမေရိကန်သမ္မတ Barack Obama နဲ့ ရုရှားသမ္မတ ဗလာတီမီယာပူတင်တို့နှစ်ဦး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့မိန့်ခွန်းအတွင်း သိသာတဲ့ သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်နေပါတယ်။

သင်္ကြန်မတိုင်ခင် တစ်ကိုယ်တော်အခွေထွက်ဖို့ ကြိုးစားနေတဲ့ ရှင်ဖုန်း

ဓာတ်ပုံ−ဖြူဖွေးသန့်

သီချင်းတစ်ပုဒ်စီကို စိတ် ကြိုက်စီစဉ်နေပြီး တစ်ကိုယ်တော် အခွေကို သင်္ကြန်မတိုင်မီထွက်ရှိ ရန်ကြိုးစားမည်ဟု အဆိုတော် ရှင်ဖုန်းက ပြောသည်။

‘‘ရှင်ဖုန်း တစ်ကိုယ်တော် အခွေအတွက် အားလုံးအားတဲ့အ ချိန်ကို စောင့်မျှော်နေတာကြောင့် လည်း အချိန်နည်းနည်းကြန့်ကြာ နေတာပါ။ တော်တော်တော့ပြီး နေပါပြီ။ Mixing နဲ့ အချောသတ် လေးပဲ ကျန်တော့တယ်။ အခွေ နာမည်တော့မပေးရသေးပါဘူး’’ ဟု ရှင်ဖုန်းက ပြောသည်။

အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်၊ ချယ်လ်ဆီးကစားမည့် ယနေ့ညချန်ပီယံလိဂ်


ယနေ့ညတွင် ချန်ပီ ယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ် များ ကစားကြမည်ဖြစ်ရာ အာ ဆင်နယ်က အိမ်ကွင်းတွင် အိုလံ ပီယာကော့စ်နှင့် တွေ့ဆုံနေပြီးဘာစီလိုနာက လေဗာကူဆင်အား ဧည့်ခံရမည်ဖြစ်ကာ ဘိုင်ယန်မြူးနစ်က ဒိုင်နမို ဇာဂရက်အား လက်ခံကစားမည်ဖြစ်သည်။ ချယ်လ်ဆီးသည် ပေါ်တို ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။

ပေါက်ခေါင်းတွင် လေးနှစ်အရွယ် မိန်းကလေးကို အုတ်ခဲဖြင့် ထုသတ်မှုဖြစ်

ပေါက်ခေါင်းမြို့နယ်ရှိ ညောင်ဝန်းကျေးရွာတွင် စက်တင် ဘာ ၂၄ ရက်က ပျောက်ဆုံးခဲ့ သော လေးနှစ်အရွယ် မိန်းက လေးအလောင်းကို သုံးရက်အ ကြာ၌ ချုံနွယ်တောထဲတွင် တွေ့ ရှိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မူဆယ်တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မူဆယ်မြို့နယ် လုံခံရွာရှိ မြန်မာ့ဆက်သွယ်ရေး စခန်းမှ ၀န်ထမ်းတစ်ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်သွားကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိသည်။

လုံခံရွာ ဆက်သွယ်ရေး စခန်းမှ စက်မှုကျွမ်းကျင် (၃)အဆင့်ရှိ အသက် (၄၄) နှစ်အရွယ် ဦးစိန်မြင့်အား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

အပ်ထည်များလွန်းသဖြင့် မင်္ဂလာဒုံဈေးတွင် တပ်မတော်ဝတ်စုံသစ် အပ်ထည်သစ်များ လက်မခံတော့

တပ်မတော်မှ အသစ်ပြောင်းလဲမည့် ၀တ်စုံအချို့ကိုတွေ့ရစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အောက်တိုဘာ ၁ ရက် မှစ၍ တပ်မတော်၏ ဝတ်စုံအချို့ ကို ပြင်ဆင်ပြောင်းလဲမည်ဖြစ် ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပြီး နောက် အပ်ထည်များပြားလွန်း၍ တပ်မတော်စစ်သည်တော်များ၏ ဝတ်စုံသစ်အပ်ထည်များကို မင်္ဂလာဒုံဈေးရှိ အပ်ချုပ်ဆိုင်တွင် လက်မခံနိုင်တော့ကြောင်း သတင်းရရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အဖြစ် ဆောင်ရွက်သွားမည်ဟု ဦးတင်နိုင်သိန်း ပြော

ဦးတင်နိုင်သိန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - နန်းအောင်)

ဒီမိုကရေစီအ သွင်ကူးပြောင်းရေး တတိယအ ဆင့်အဖြစ် လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းစဉ်များကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယင်းပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။

စစ်မှန်သော အပြောင်းအလဲလိုလားလျှင် ပြည်ခိုင်ဖြိုးနှင့် လက်တွဲရန် ဒီချုပ်အား ဦးလှဌေးဝင်းဆို

ပါတီကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲတွင် တွေ့ရသည့် ဦးလှဌေးဝင်း(ဓာတ်ပုံ-နန်းအောင်)

စစ်မှန်သည့် အ ပြောင်းအလဲကို အမှန်တကယ်လို လားပါက ‘‘ပြောင်းလဲချိန်တန်ပြီ’’ ဟု ဝေဖန်ပြောဆိုနေမည့်အစား အများပြည်သူတမ်းတနေသည့် ဒီ မိုကရေစီနိုင်ငံဖော်ဆောင်ရေးအ တွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီနှင့် လက်တွဲကာ အတူတကွပါဝင်ကြရန် လက် ကမ်းကြိုဆိုကြောင်း ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်းက ပြောသည်။