Tuesday, September 29, 2015

ဟန်းနီးမွန်း အဖြစ်အပျက်တွေပါ ပါဝင်မယ့် Jennifer Lopez ရဲ့ ချစ်ရည်လူးဗီဒီယို ကို အဆက်ဟောင်းက ဖြန့် မည်


တရားရုံးမှာ မပေါက်ကြားဖို့ အမှုရင်ဆိုင်နေရတဲ့ Jennifer Lopez ရဲ့ ချစ်ရည်လူးဗီဒီယိုကို လူသိရှင်ကြားဖြစ်အောင် ဖြန့် တော့မှာဖြစ်ပါတယ်။ အဆိုတော် J-Lo ရဲ့ ပထမခင်ပွန်း Ojani Noa ကိုယ်တိုင် ရိုက်ကူးထားတဲ့ ချစ်ရည်လူး ဗီဒီိယိုတွေဟာ တရားရုံးမှာ ခြောက်နှစ်ကြာ အမှုရင်ဆိုင်နေရပြီးနောက် Noa ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ Ed Meyer က သူတို့ အိမ်ထောင်ရေး ပျက်စီးရပုံကို ဖော်ကြူးထားတဲ့ “How I Married Jennifer Lopez: The JLO and Ojani Noa Story’ နာမည်ရ ဗီဒီယိုခွေကို ထုတ်ဖို့ စီစဉ်လျက်ရှိပါတယ်။

J-Lo အချစ်ဗီဒီယို အပိုင်းအားလုံးရဲ့ မာစတာအခွေကို တရားရုံးရဲ့ညွှန်ကြားချက်အရ ဗဟိုပစ္စည်းထိန်းသိမ်းရေးဌာနမှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။ ဒါပေမယ့် အမှုကြားနာနေတုန်းမှာပဲ J-Lo ဟာ ဗီဒီယိုရ ပိုင်ခွင့်တောင်းဆိုချက်ကို ရုပ်သိမ်းလိုက်ပြီးနောက် ဒီ ဗီဒီယိုတွေကို တရားဝင်ဖြန့် ချိဖို့ ဥပဒေ ဟာကွက်တစ်ကွက် ရရှိထားပြီဖြစ်တယ်လို့ Ed Meyer က ဆိုပါတယ်။

“ J.Lo ရဲ့ အိမ်တွင်းဖြစ် ဗီဒီယိုအပိုင်းတွေကို streaming ထုတ်သွားမှာဖြစ်သလို၊ DVD ချပ်နဲ့ လည်း ထုတ်သွားဖို့ ရှိပါတယ်” လို့ Ed က စာနယ်ဇင်းတွေကို ပြောကြားခဲ့ပါတယ်။ “ အ၀တ်အစားမပါတဲ့ J.Lo နဲ့ သူမ ချစ်ရည်လူးနေတဲ့ အခိုက်အတန့် တွေကို လှစ်ဟပြမယ့် ဗီဒီယိုဖြစ်ပါတယ်။ အထူးသဖြင့် ဟန်းနီးမွန်းခရီးက ဟိုတယ်အခန်းတွင်း ဇာတ်လမ်းတွေမှာပေါ့”

ဒီ ဗီဒီယိုအပိုင်းတွေဟာ သူမရဲ့ပရိတ်သတ်တွေကို မှင်သက်စေမှာဖြစ်ပြီး သူဟာ J.Lo နဲ့ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေရှိနေကြောင်း J.Lo ရဲ့ ကိုယ်ရေးကိုယ်တာ အပိုင်းကို လှစ်ဟပြဖို့ ကြိုးစားနေတဲ့ Ed Meyer က ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: Mirror
Trend Myanmar

0 comments:

Post a Comment