Tuesday, September 29, 2015

ပထမဆုံးအကြိမ် ကိုယ်ဝန်စဆောင်ချိန်မှာ အရက်သေစာ မှီဝဲတာဟာ ရင်သားကင်ဆာ အန္တရာယ် ပိုဖြစ်စေ


အမျိုးသမီးများ ပထမအကြိမ် ကိုယ်ဝန်ဆောင်ချိန် အရက်သေစာမှီဝဲသောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုအန္တရာယ် မြင့်တက်စေကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

ပထမအကြိမ် ကိုယ်ဝန်ဆောင်စဉ်ကာလ အရက်ပိုသောက်ဖြစ်တဲ့ အမျိုးသမီးများဟာ အဖုအကျိတ်မဖြစ်တဲ့ ရင်သားရောဂါအန္တရာယ် ပိုများကြောင်းလည်း St. Louis ရှိ Washington University school of medicine က Dr. Ying Liu မှပြုလုပ်သော လေ့လာမှုအရ သိရပါတယ်။နေ့စဉ် အရက် (၁၀) ဂရမ်ပုံမှန်သောက်သုံးတာ ရင်သားကင်ဆာ ၁၁% မြင့်တက်စေကြောင်း လေ့လာမှုက ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ အကြမ်းဖင်းအားဖြင့် (၂)ယူနစ် သို့မဟုတ် ဝိုင်ဖန်ခွက် အလယ်လတ်ဆိုဒ်လေးဖြစ်ဖြစ် တစ်နေ့အနည်းဆုံး အရက် ၁၅ ဂရမ်သောက်တဲ့ အမျိုးသမီးတွေအနေနဲ့ မသောက်မစားသူတွေထက် ရောဂါအန္တရာယ် ၃၄% ပိုများပါတယ်။

ပထမအကြိမ် ကိုယ်ဝန်ဆောင်ဖို့ နှောင့်နှေးလေလေ ရင်သားကင်ဆာရောဂါ အန္တရာယ် ပိုစိုးရိမ်ရလေ ဖြစ်တယ်။ ဒီကာလမှာ အမျိုးသမီးများရဲ့ ရင်သားကိစ္စနဲ့ ပတ်သက်လို့ အထူးသဖြင့် ထိခိုက်လွယ်တယ်လို့ မှတ်ယူထားရပါတယ်။

ဒီကာလမှာ အရက်သေစာသောက်သုံးမှု လျော့ချတာ ထိရောက်တဲ့ ကာကွယ်နည်းလေးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုတေသီများ မှတ်ချက်ချကြပါတယ်။

ဒီတွေ့ရှိချက်များကိုတော့ အသက် ၁၅ မှ ၄၀ ဝန်းကျင်ရှိ သူနာပြုအယောက် ၉၁,၀၀၀ ဆီမှ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုပုံစံအကြောင်း လေ့လာမှုမှ ကိုးကားဖော်ပြထားတာပါ။

Ref: theguardian
Trend Myanmar

0 comments:

Post a Comment