Tuesday, September 29, 2015

ယနေ့ည မယ်လ်မိုနှင့်ပွဲတွင် ရီးရဲလ်၏ ပထမကစားသမား ငါးဦး မပါဝင်နိုင်


ယနေ့ည ချန်ပီယံလိဂ် အဝေးကွင်း အုပ်စုပွဲစဉ်အဖြစ် ဆွီ ဒင်ကလပ် မယ်လ်မိုနှင့် ကစား မည့် ပွဲတွင် ရီးရဲလ်မက်ဒရစ်သည် ပထမအသင်း ကစားသမား ငါးဦး အထိ ချန်လှပ်ပြီး ကစားမည်ဖြစ် ကြောင်း သိရသည်။ရီးရဲလ်သည် နောက်တန်း တွင် အားထားရသည့် နောက်ခံ လူ ရာမို့စ်၊ တောင်ပံလူ ဘေးလ် နှင့် ရိုဒရီဂွက်ဇ်တို့မှာ ဒဏ်ရာများ ကြောင့် ထည့်သွင်းနိုင်မည် မ ဟုတ်ဘဲ ဒန်နီလိုနှင့် ပပ်တို့လည်း မပါဝင်ပေ။

သို့သော် ကွင်းလယ်တွင် က ရူးစ်၊ ကိုဗာဆစ်၊ အစ္စကို၊ မိုဒရစ်၊ လော်ရန်တီတို့ ပါဝင်ပြီး ရှေ့ တန်းတွင်လည်း ဂျက်ဆီနှင့် ဘန် ဇီးမား၊ ရော်နယ်ဒို၊ ဗက်ဇကွက်၊ မာယိုရယ်တို့ အပါအဝင် လူ ၂၀ ဦး ပါဝင်မည် ဖြစ်သည်။

ရီးရဲလ်သည် အုပ်စု (A) တွင် တစ်ပွဲကစား တစ်ပွဲနိုင် သုံး မှတ်ဖြင့် ထိပ်ဆုံးမှ ရှိနေသည်။

—Ref: Goal
7Day Daily

0 comments:

Post a Comment