Monday, September 28, 2015

အာဆင်နယ်၊ ဘာစီလိုနာ၊ ဘိုင်ယန်၊ ချယ်လ်ဆီးကစားမည့် ယနေ့ညချန်ပီယံလိဂ်


ယနေ့ညတွင် ချန်ပီ ယံလိဂ်အုပ်စုအဆင့် ဒုတိယပွဲစဉ် များ ကစားကြမည်ဖြစ်ရာ အာ ဆင်နယ်က အိမ်ကွင်းတွင် အိုလံ ပီယာကော့စ်နှင့် တွေ့ဆုံနေပြီးဘာစီလိုနာက လေဗာကူဆင်အား ဧည့်ခံရမည်ဖြစ်ကာ ဘိုင်ယန်မြူးနစ်က ဒိုင်နမို ဇာဂရက်အား လက်ခံကစားမည်ဖြစ်သည်။ ချယ်လ်ဆီးသည် ပေါ်တို ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။အုပ်စု ပထမပွဲစဉ်တွင် ရိုး မားနှင့် တစ်ဂိုးစီသရေကျထား သော ဘာစီလိုနာအသင်း၌ စနေ နေ့ ပြည်တွင်းပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့သည့် မက်ဆီပါဝင်နိုင်မည် မဟုတ်ပေ။ ဘာကာနည်းပြ အင်း နရစ်ကမူ မက်ဆီမပါဝင်လည်း မိမိတို့ အသင်းကောင်းမှာ ကစား နိုင်မည်ဟု အခိုင်အမာဆိုသည်။

ကွင်းလယ်လူ ရာကီတစ်က မက်ဆီမပါဝင်နိုင်၍ ကျန်အသင်း သားများအတွက် စိတ်ဓာတ်လှုံ့ ဆော်မှုတစ်ရပ်ဖြစ်သည်ဟု ပြောသည်။

ပထမပွဲတွင် ဒိုင်နမိုဇာဂရက်ကို ရှုံးထားသော အာဆင်နယ် သည် အိမ်ကွင်းသုံးပွဲစလုံး အနိုင်ကစားရမည်ဟု နည်းပြ ၀င်းဂါးက ပြော ကြားပြီး ယနေ့ည အိုလံပီယာ ကော့စ်အပေါ် နိုင်ပွဲနှင့် စတင်ရ မည်ဟု အသင်းအား လှုံ့ဆော် လိုက်သည်။

အုပ်စု (F)တွင် ပထမပွဲ၌ အ နိုင်ရရှိခဲ့သော နှစ်သင်းဖြစ်သည့်ဘိုင်ယန်နှင့် ဒိုင်နမိုဇာဂရက်တို့ တွေ့ဆုံမည်ဖြစ်သည်။ ပြည်တွင်း ပွဲစဉ် ခုနစ်ပွဲစလုံး အနိုင်ရထား ပြီး လီဝမ်ဒေါစကီးခြေစွမ်းပြနေ သော ဘိုင်ယန်ကို ဇာဂရက်ဒုက္ခ ပေးနိုင်မည်လား စောင့်ကြည့်ရ မည်ဖြစ်သည်။

ယမန်နှစ်က ချန်ပီယံဖြစ်ခဲ့ သော်လည်း ယခုနှစ်ရုန်းကန်နေရ သော ချယ်လ်ဆီးမန်နေဂျာ မော် ရင်ဟိုသည် အသင်းဟောင်းပေါ်တိုတွင် သွားရောက် ကစားရမည်ဖြစ်သည်။ ချယ်လ်ဆီးအတွက် သတင်းကောင်းမှာ ပြည်တွင်း၌ပွဲပယ်ခံရသော ဒီယေဂိုကော်စတာ ပါဝင်ကစားနိုင်ခြင်းဖြစ် သည်။

ယနေ့ညအခြားပွဲစဉ်များ တွင် လိုင်ယွန်နှင့် ဗလင်စီယာ၊ ဘိတ်နှင့် ရိုးမား၊ မက်ကာဘီ တဲလ်အဗစ်နှင့် ဒိုင်နမိုကိဗ်၊ ဇင်း နစ်နှင့် ဂျန့်တို့ ကစားကြမည်ဖြစ် သည်။

ယင်းတွင် ဇင်းနစ်က သုံး မှတ်ရရှိထားပြီး လိုင်ယွန်၊ ရိုးမား၊ ဒိုင်နမိုကိဗ်နှင့် ဂျန့်တို့က တစ်မှတ် စီရထားကာ ဗလင်စီယာ၊ ဘိတ် နှင့် တဲလ်အဗစ်တို့ အမှတ်မရရှိ သေးပေ။

 —Ref:Goal
7Day Daily

0 comments:

Post a Comment