Monday, September 28, 2015

မမှီတဲ့ပန်းလေးကို မှ လှမ်းချင်ပါတယ်ဆိုတဲ့ သူတွေအတွက် အရမ်းလန်းတဲ့ကောင်မလေးကို ဘယ်လိုချဉ်းကပ်မလဲ


အရမ်းလန်းကောင်မလေး တစ်ယောက်နဲ့ချစ်သူဖြစ်ချင်ပါသလား။ ဒါလေးတွေ လေ့လာကြည့်ပါ။

၁။ အရမ်းတော်နေစရာ မလိုအပ်ပါဘူး။

အလန်းလွန် အလွန်လန်းတဲ့ မိန်းကလေးတစ်ယောက်ချဉ်းကပ်တဲ့နေရာမှာ အခက်ခဲဆုံးအပိုင်းကတော့ သူမရဲ့စိတ်ဝင်စားမှုကို ရရှိဖို့ပဲဖြစ်ပါတယ်။ ပင်ကိုယ်က အရမ်းလန်းတဲ့သူတွေဟာ အာရုံခံစားမှု ကောင်းကြတဲ့အတွက် ပျင်းစရာကောင်းသူတွေကို သည်းမခံနိုင်ကြပါဘူး။ ဒါ့ကြောင့် သူမရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့အတွက် အရမ်းတော် အရမ်းထက်မြက်တဲ့ သင့်ရဲ့အရည်အချင်းတွေကို နောက်ပိုင်းကျမှ ထုတ်ပြောပါ။ သူမအကြောင်းကို စကားပြောရင်း တော်တော်များများသိလာပြီဆိုမှ စွဲဆောင်မှုအတွက် ထုတ်သုံးပါ။၂။ အဆိုးမြင် ညည်းတွားတတ်သူ မဖြစ်ပါစေနဲ့။

သင့်ရဲ့ဆုံးရှုံးမှုတွေအကြောင်းကို ရှင်းပြညည်းတွားမနေပါနဲ့။ အရာရာတိုင်းကို သင်ထိန်းချုပ်နိုင်စွမ်း မရှိဘူးဆိုတာကို သူမကလည်း နားလည်ထားမှာပါ။ သင့်အနေနဲ့ သဘာဝကျကျဆက်ဆံတတ်ဖို့ပဲ လိုပါတယ်။

၃။ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ပါစေ။

စွန့်လွှတ်စွန့်စားရတဲ့ အပြုအမူတွေက စိတ်ကိုနိုးကြားစေပါတယ်။ မိန်းကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါမှာ စိတ်နိုးကြားတတ်ပြီး လိင်စိတ်ပါ ကြွလာတတ်ပါတယ်။ ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ စိတ်လှုပ်ရှားစရာတွေကို အတူတူလုပ်ဆောင်ပါ။




၎။ သူမရဲ့ ကသိကအောက်ဖြစ်စရာ အကျင့်တွေကို နားလည်ပေးပါ။

သူမရဲ့ ကကျိုးကကြောင်စိတ်ကူးတွေကို ထောက်ခံပါ။ ထူးထူးဆန်းဆန်း ပေါက်ကရအကျင့်တွေကို လက်ခံနားလည်ပေးပါ။ ဒီအကွက် သူမရဲ့စိတ်ကို ပိုင်စိုးနိုင်မယ့် အကွက်ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ သင့်အပေါ် သူမရဲ့ယုံကြည်မှုပျက်စီးသွားနိုင်ပါတယ်။

၅။ သင့်အရေးကိစ္စများမှာ ပါဝင်ပတ်သက်ခွင့်ပေးပါ။

စိတ်ဝင်စားတက်ကြွမှုဟာ ကူးစက်တတ်တဲ့သဘောရှိပါတယ်။ သူမကို သင်စိတ်ဝင်စားတဲ့ အရေးကိစ္စတွေမှာ ပါဝင်ပတ်သက်စေခြင်းအားဖြင့် မကြုံဖူးတာတွေ တွေ့ကြုံခံစားမိပါစေ။ တဖြည်းဖြည်းနဲ့ စိတ်ချင်းနီးစပ်လာပြီး သင့်ကို ပိုပြီးအလိုရှိလာပါလိမ့်မယ်။

နောက် ဆုံးအချက် လုံးဝကို မရှိမဖြစ် ကတော့ ယုံကြည်ချက်ပါ မိမိကိုယ်ကို ယုံကြည်မှုထားပါ..

Gentleman Magazine

0 comments:

Post a Comment