Monday, September 28, 2015

သင်္ကြန်မတိုင်ခင် တစ်ကိုယ်တော်အခွေထွက်ဖို့ ကြိုးစားနေတဲ့ ရှင်ဖုန်း

ဓာတ်ပုံ−ဖြူဖွေးသန့်

သီချင်းတစ်ပုဒ်စီကို စိတ် ကြိုက်စီစဉ်နေပြီး တစ်ကိုယ်တော် အခွေကို သင်္ကြန်မတိုင်မီထွက်ရှိ ရန်ကြိုးစားမည်ဟု အဆိုတော် ရှင်ဖုန်းက ပြောသည်။

‘‘ရှင်ဖုန်း တစ်ကိုယ်တော် အခွေအတွက် အားလုံးအားတဲ့အ ချိန်ကို စောင့်မျှော်နေတာကြောင့် လည်း အချိန်နည်းနည်းကြန့်ကြာ နေတာပါ။ တော်တော်တော့ပြီး နေပါပြီ။ Mixing နဲ့ အချောသတ် လေးပဲ ကျန်တော့တယ်။ အခွေ နာမည်တော့မပေးရသေးပါဘူး’’ ဟု ရှင်ဖုန်းက ပြောသည်။၎င်းထွက်ရှိမည့် တစ်ကိုယ် တော်အခွေတွင် ကျော်သီဟ၊ ဖြိုး ပြည့်စုံ၊ ရွှေရည်ဖြိုးမောင်တို့နှင့် သီချင်းဟောင်းတစ်ပုဒ်ဖြစ်သည့် ကျောင်းသီချင်းကိုလည်း ပြန် လည်သီဆိုထားကြောင်း သိရ သည်။ လက်ရှိတွင် ရှင်ဖုန်းသည် ခင်ပွန်းနှင့်အတူ စီးပွားရေးလုပ် ငန်းများ လုပ်ဆောင်နေခြင်းဖြစ် သည်။

‘‘ရှင်ဖုန်း အိမ်ထောင်ကျ သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ် လည်း အသက်ကြီးသွားသလို ခံစားရတာကြောင့် အနုပညာကို သိပ်မလုပ်ဖြစ်တော့တာပါ။ အခု တော့ တစ်ကိုယ်တော်အခွေကို ပြန်စီစဉ်နေတယ်။ ကြားထဲမှာ တော့ လူကြီးပွဲလေးတွေလောက် ပဲ ဆိုဖြစ်တော့တယ်’’ဟု ရှင်ဖုန်း က ပြောသည်။

ရှင်ဖုန်းသည် ၂၀၁၂ တွင် ကြင်နာသူကမ်းမယ့်လက် တစ် ကိုယ်တော်အခွေစီဒီကို နောက် ဆုံးထွက်ရှိထားကာ ယင်းအခွေ ထဲမှ သီချင်းအချို့ကိုလည်း ပြန် လည်ထုတ်ဝေရန် စီစဉ်နေ ကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment