Monday, September 28, 2015

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အဖြစ် ဆောင်ရွက်သွားမည်ဟု ဦးတင်နိုင်သိန်း ပြော

ဦးတင်နိုင်သိန်း ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - နန်းအောင်)

ဒီမိုကရေစီအ သွင်ကူးပြောင်းရေး တတိယအ ဆင့်အဖြစ် လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းစဉ်များကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယင်းပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။‘‘တတိယအဆင့်ဖြစ်တဲ့ ဒီမို ကရေစီအသွင်ကူးပြောင်းရေးအ ဆင့်ကနေပြီးတော့မှ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာတဲ့ အဆင့်ကို ဆက်လက်ကူးပြောင်း ဖို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ အ ချိန်အတိုင်းအတာအရ လာမယ့် ငါးနှစ်သက်တမ်းမှာ ဆက်လက် ပြီးတော့မှ ကြိုးပမ်းဆောင်ရွက် သွားရမယ့်အပိုင်း ဖြစ်ပါတယ်’’ဟု စက်တင်ဘာ ၂၈ ရက်က နေပြည် တော် ဇေယျသီရိမြို့နယ် ပြည်စံ အောင်ရပ်ကွက်တွင် ပြုလုပ်သည့်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် လောင်းများ မိတ်ဆက်ပွဲနှင့်ပါတီ ၀င်များနှင့် တွေ့ဆုံပွဲ၌ ဦးတင် နိုင်သိန်းက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက မြန်မာနိုင်ငံ ၏ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်များကို အဆင့်သုံး ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆင့် နှစ်ဆင့်တွင် အောင်မြင်မှုအတိုင်း အတာတစ်ခုအထိရရှိခဲ့ပြီး ဒီမိုက ရေစီအသွင်ကူးပြောင်းရေး တတိ ယအဆင့်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မိဘပြည်သူများ၏ လိုအင်ဆန္ဒနှင့် လိုအပ်ချက်များကို အချိန်တိုအတွင်း ရာနှုန်းပြည့်မဖြည့်ဆည်းပေးနိုင်သော်လည်း အတိုင်းအတာတစ်ခုအထိ ပြည်သူများ၏ လူမှုအကျိုးစီးပွားတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် ပါတီဝင်များတွေ့ဆုံပွဲတွင် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြ မည့် ပါတီကိုယ်စားလှယ်လောင်း များဖြစ်သည့် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဦးမြတ်ဟိန်းတို့ အပါအ၀င် ကိုယ်စားလှယ်လောင်း ၁၀ ဦးနှင့် ပါတီဝင်ဦးရေ ၅,၀၀၀ နီးပါးတက်ရောက်ခဲ့သည်။

ပါတီခေါင်းဆောင်တစ်ဦး ကဟောပြောနေစဉ် တက်ရောက် လာကြသည့် ပါတီဝင်အချို့က ကွင်းအတွင်းမှ ထပြန်မှုများရှိခဲ့ သည့်အတွက် ‘‘အခမ်းအနားလေးပြီးဆုံးအောင် ခေတ္တအောင့်အည်း ပေးကြပါ။ မေတ္တာရပ်ခံပါတယ်’’ဟု ပါတီမှ ပုဂ္ဂိုလ်တစ်ဦးက ထပြန်နေသည့် ပါတီဝင်များအား အော်ပြောခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်း မိတ်ဆက်ပွဲနှင့်ပါ တီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ပါတီဝင်များအား ဒံပေါက်ဘူးများ ဝေငှခဲ့သည်ကို မြင်တွေ့ရသည်။

7Day Daily

0 comments:

Post a Comment