Monday, September 28, 2015

မူဆယ်တွင် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မူဆယ်မြို့နယ် လုံခံရွာရှိ မြန်မာ့ဆက်သွယ်ရေး စခန်းမှ ၀န်ထမ်းတစ်ဦးကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်သွားကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိသည်။

လုံခံရွာ ဆက်သွယ်ရေး စခန်းမှ စက်မှုကျွမ်းကျင် (၃)အဆင့်ရှိ အသက် (၄၄) နှစ်အရွယ် ဦးစိန်မြင့်အား အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားကာ သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရှမ်း ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
‘‘စက်တင်ဘာ ၁၅ ရက်က ပျောက်သွားတာ။ စခန်းကနေ။ စက်တင်ဘာ ၂၇ ရက်က တော ထဲမှာ အလောင်းတစ်လောင်း တွေ့တယ်ဆိုလို့ ရဲတပ်ဖွဲ့ဝင်တွေ သွားကြည့်တော့ အသတ်ခံရတာ ကို အတည်ပြုနိုင်တာ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

စက်တင်ဘာ ၁၅ ရက် ည က အဆိုပါ ဆက်သွယ်ရေးစခန်း မီးလောင်နေခြင်းကို တွေ့ရ သောကြောင့် ဦးစိန်မြင့်က သွား ရောက်ကြည့်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု အမည်မဖော်လို သည့် ဒေသခံ ရပ်မိရပ်ဖတစ်ဦးကပြောသည်။

‘‘ဆက်သွယ်ရေးစခန်းအ တွက် ဂျူတီကို အဲဒီညမှာ ချိန်း တာ။ ဟိုကောင်တွေက စခန်းကို မီးရှို့နေတဲ့အချိန် မီးခိုးတွေ အူ ထွက်နေတော့ သွားကြည့်တဲ့အခါ ဖမ်းသွားတာ။ သူက မျက်မြင် သက်သေလို ဖြစ်သွားတာကိုး’’ဟု ၎င်းကပြောသည်။

ဆက်သွယ်ရေးစခန်း အ ဆောက်အအုံအနည်းငယ်ပျက်စီး သွားပြီး ယင်းစခန်းမှ အခြားဝန် ထမ်းများက၎င်းတို့အား လုံခြုံရေးတာဝန်ယူပေးရန် ရဲတပ်ဖွဲ့ထံတောင်းဆိုထားသည်ဟု မူဆယ်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးအောင်က လက်နက်ကိုင်တပ်ဖွဲ့မဟုတ်သည့် ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းတစ်ဦးကို ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းမှာ မိုက်ရူးရဲဆန်သည်ဟု ပြောသည်။

မူဆယ်ခရိုင်အတွင်း ကေအိုင်အေနှင့် တအာင်န်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအ၀င် လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ထက်မနည်း လှုပ်ရှားလျက်ရှိသည်။


7Day Daily

0 comments:

Post a Comment