Thursday, January 31, 2019

"လေ့ကျင့်ခန်း ဘုရင့်နောင်"တပ်မတော်(ကြည်း)(လေ)အမြောက်နှင့်သံချပ်ကာ စစ်ဆင်ရေးလေ့ကျင့်ခန်းပြုလုပ်


(၉)ကြိမ်မြောက် တပ်မတော်(ကြည်း)(လေ)အမြောက်နှင့်သံချပ်ကာ "လေ့ကျင့်ခန်း ဘုရင့်နောင်"စစ်ဆင်ရေးလေ့ကျင့်ခန်းကို ဒီကနေ့မနက်က မိထ္တီလာမှာပြုလုပ်နေစဉ် မြင်ကွင်းတွေဖြစ်ပါတယ်။ 

Wednesday, January 30, 2019

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ သဘောဆန္ဒအလျောက် နုတ်ထွက်ဟုဆို



ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်သည် ဇန်န၀ါရီလ ၃၁ ရက်တွင် မိမိသဘောဆန္ဒအရ ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ကြောင်း ၁၅ ကြိမ်မြောက် တိုင်းလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားလိုက်သည်။ 

ရန်ကုန်မြို့တော်ဝန် နှုတ်ထွက်ပေးရေး မြို့တော်ခန်းမရှေ့ဆန္ဒဖော်ထုတ်



မြို့တော်ဝန် ဦးမောင်မောင်စိုး နှုတ်ထွက်ပေးရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့သည်။ 

"ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့" သူရဦးရွှေမန်း ပါတီထောင်ဟု ဆို


ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းကိုယ်တိုင် နိုင်ငံရေးပါတီ တရပ် ထူထောင်ရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီရန်အတွက် ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ 

တရုတ်အထူးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ကူမင်းမှာ တွေ့ဆုံ


မြောက်ပိုင်းမဟာ မိတ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးနေကြောင်း ရက္ခိုင့်တပ်မတော် AA ပြောခွင့်ရ ခိုင်သုခက RFA ကို ပြောပါတယ်။ 

ဒုရဲမှူးဟောင်း မိုးရန်နိုင် ထောင်ကနေ မနက်ဖြန် လွတ်မည်


ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လွတ်လာတော့မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။ 

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တိုင်ကြားမှု ယနေ့စစစ်မည်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို တိုင်ကြားစာပေးပို့ခဲ့ သည့် ဒေသခံများအား ဒီချုပ်ပါတီဗဟိုဌာနချုပ်ရုံး၌ ယနေ့(ဇန်န၀ါရီ ၃၁)စတင်စစ်ဆေးမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောကြားသည်။

YBS ယာဉ် မတော်တဆဖြစ်ပွားမှု ယခင်နှစ်ထက်မြင့်

YBS ယာဉ်များအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု ၁၅၅ မှုဖြစ်ပွားခဲ့ရာ ၂၁၁၇ ခုနှစ်ထက် ၅၃ မှုပိုမိုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။ 

သုံးခွတွင် ညီအစ်မနှစ်ဦး အဆိပ်သောက်သေဆုံး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ နယ် (၉) ရပ်ကွက်ရှိ ဗန္ဓုလလမ်းသွယ် ၃ လမ်းတွင် အသက် ၂၃ နှစ်နှင့် ၁၉ နှစ်အရွယ်ရှိ ညီအစ်မနှစ်ဦး နေအိမ်ရှိ ကြွက်သတ်ဆေးသောက်၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

တပ်မတော်ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းပြုလုပ်


တပ်မတော်မှ ကြည်း၊ လေ၊အမြှောက် သံချပ်ကာပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ရေး ဘုရင့်နောင်ကို မိတ္ထီလာလွင်ပြင် မုန်တိုင်ဒေသတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။ 

ရွှေတိဂုံစေတီမှ ရွှေပြားများကိုစစ်ဆေးခွင့်ပေးရန် ပညာရှင်ငါးဦး အဆိုပြု


ရွှေတိဂုံစေတီရှိ ကြာမှောက်၊ ကြာလန်ဧရိယာမှ ရွှေစင်ပြား ၃၉၂၁ ချပ်၏ ရွှေအရည်အသွေးကို စစ်ဆေးခွင့်ပေးရန် ပညာရှင်ငါးဦးက အဆိုပြုထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောကြားသည်။ 

ငွေကြေးစနစ်တွင် ဒေါ်လာအပြင် ဂျပန်ယန်းနှင့် တရုတ်ယွမ်ပါ အသုံးပြုနိုင်ရန် ဗဟိုဘဏ် စတင်ခွင့်ပြု

ငွေကြေးသုံးစွဲမှုစနစ်တွင် အမေရိကန် ဒေါ်လာတစ်ခုတည်းအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် ဂျပန်ယန်းနှင့် တရုတ်ယွမ်ငွေများ အသုံးပြု၍ ဘဏ်များအကြား နိုင်ငံတကာငွေပေးချေခြင်း၊ စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ 

ပုဂံဘုရားတစ်ဆူပေါ်မှ ပြင်သစ်နိုင်ငံသားတစ်ဦးပြုတ်ကျ

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ် ၁၂၈၉ ပေါ်မှနေ၍ ပြင်သစ်နိုင်ငံသာတစ်ဦး ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ပြုတ်ကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ 

လိုင်စင်မရှိဘဲ ထိုင်းသို့ မြန်မာလုပ်သား ၂၀၀ ကျော်ပို့သူကိုဖမ်းမိ


ပြည်ပလုပ်သား ပို့ဆောင်ခွင့် လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံသို့ မြန်မာလုပ်သမား ၂၀၀ ကျော် ပို့ဆောင်ခဲ့သူကို ဇန်နဝါရီလ ၂၉ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

“၂၀၂၀ အတွက် အားစမ်းတဲ့ပွဲ သက်သက် ဖြစ်သွားလိမ့်မယ်”


ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်တွင် ပြုလုပ်တော့မည် ဖြစ်ရာ နိုင်ငံရေး ပါတီ တချို့ကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ 

ဦးသန့်နေအိမ်ပြတိုက်နှင့် UNICEF ပူးပေါင်းပြီး လူငယ်ပညာပေး အစီအစဉ်များ ပြုလုပ်မည်


ကွယ်လွန်သူ သံတမန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ယခုနှစ်တွင် ကျရောက်သော ၁၁၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးကို အားပေးသော လှုပ်ရှားမှုများကို ကုလသမဂ္ဂ ကမ္ဘာ့ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးသန့် နေအိမ်ပြတိုက်က ဇန်နဝါရီလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ 

တိုက်ပွဲများရပ်ရန် ဒုက္ခသည် လက်မှတ်များ ရှမ်းလက်နက်ကိုင်များထံ ပေးပို့


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ဘေးရှောင် ရှမ်းတိုင်းရင်းသားဒုက္ခသည် ၃၀၀၀ ကျော်တို့က ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့တို့ကို တိုက်ပွဲများ အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရန် အသနားခံ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုခဲ့ကြကြောင်း ဒေသခံ သတင်းရင်းမြစ်များ၏အဆိုအရ သိရသည်။ 

စွန့်လွှတ်မြေများ ခွဲဝေချထားပေးရေး ကြန့်ကြာ၍ ရေကြည် လယ်သမားများ ထပ်မံ ဆန္ဒပြ


ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရေကြည် မြို့နယ်ရှိ ဌာနဆိုင်ရာ စွန့်လွှတ်မြေ ဧက ၁၃၀၀ ကို မြေယာမဲ့ လယ် သမားများအား ခွဲဝေပေးရန် ကြန့်ကြာနေသည့် အတွက် ဒေသခံ လယ်သမား ၁၅၀ ကျော် ယမန်နေ့က ဆန္ဒဖော် ထုတ် သည်။ 

လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်နိုင်ရေးအဖွဲ့ဖွဲ့၍ စဉ်းစားနေပြီး အခြေခံလူတန်းစားများ မထိခိုက်စေရေးနှင့် လူတိုင်းလျှပ်စစ်သုံးစွဲနိုင်ရေးအတွက် မျှတသည့် ဈေးနှုန်းဖြစ်စေရေး ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား


လျှပ်စစ်ဓာတ်အားသုံးစွဲမှု မီတာခနှုန်းထားများ ပြင်ဆင်နိုင်ရေး အဖွဲ့ဖွဲ့ကာ စဉ်းစားနေပြီး အခြေခံလူတန်းစားများ မထိခိုက်စေရေးနှင့် လူတိုင်းလျှပ်စစ်သုံးစွဲနိုင်ရေးအတွက် မျှတသည့် ဈေးနှုန်းဖြစ်စေရေး ဆောင်ရွက်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။ 

ပြည်တွင်းသို့ ၀င်ရောက်လာသည့် ၅ နှစ်တာအတွင်း ၂၀၁၈ သည် ရောင်းအားအနည်းဆုံးဖြစ်ကြောင်း FUSO Myanmar ပြော


၂၀၁၄ ခုနှစ်ကစတင်၍ ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်လာသော FUSO ကားများမှာ ၂၀၁၈ ခုနှစ်တွင် ရောင်းအား အနည်းဆုံးဖြစ်ခဲ့ကြောင်း FUSO Myanmar မှ Sale Manager မအေးဝင်းထွန်းက ပြောသည်။