Wednesday, January 30, 2019

ရန်ကုန်မြို့တော်ဝန် နှုတ်ထွက်ပေးရေး မြို့တော်ခန်းမရှေ့ဆန္ဒဖော်ထုတ်



မြို့တော်ဝန် ဦးမောင်မောင်စိုး နှုတ်ထွက်ပေးရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့သည်။ 

ရန်ကုန်မြို့တော်ဝန် နှုတ်ထွက်ပေးရေးအတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲကို မိဘမေတ္တာကမ်းလက်များအသင်း ဥက္ကဋ္ဌ ဦးညီညီထွန်းမှ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

မြို့တော်ဝန်နှုတ်ထွက်ပေးရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သည်မှာ လက်ရှိတွင် ၇ ကြိမ်ရှိပြီဖြစ်ပြီး မြို့တော်ဝန်မထွက်မချင်း ဆက်လက်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဦးညီညီထွန်း က ပြောသည်။ 

မြို့တော်ဝန်နှုတ်ထွက်ပေးရေးအပြင် " ရန်ကုန်တိုင်းဒေသကြီးအစိုးရ ပြည်သူ့အသံ နားထောင်ပါ။ ကုန်ဈေးနှုန်းကျဆင်းအောင် ပထမဦးစားပေး လုပ်ဆောင်ပေးပါ။ တရားဥပဒေစိုးမိုးရေး အလေးထား လုပ်ဆောင်ပါ။ ခွင့်ပြုချက်အဆောက်အဦ လုပ်သူများနဲ့ အမြတ်ကြီးစားလူလိမ်ကန်ထရိုက်များကို ထိရောက်စွာအရေးယူပေးပါ " စသည့်အချက်များကိုလည်း တောင်းဆိုခဲ့သည်။ 



ချမ်းငြိမ်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment