Wednesday, January 30, 2019

ဒုရဲမှူးဟောင်း မိုးရန်နိုင် ထောင်ကနေ မနက်ဖြန် လွတ်မည်


ထောင်ဒဏ်တစ်နှစ် ကျခံနေရတဲ့ ဒု ရဲမှူးဟောင်း မိုးရန်နိုင်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လွတ်လာတော့မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ နေ့လယ်ပိုင်းမှာ အတည်ပြု ပြောကြားပါတယ်။ 
ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရိုက်တာ သတင်းထောက် ၂ ဦး အမှုမှာ တရားလိုပြသက်သေအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး တရားရုံးမှာ သူကြုံတွေ့ သိရှိတဲ့အတိုင်း မကြောက်မရွံ့ ထွက်ဆိုခဲ့တဲ့အတွက် တရားလိုရှေ့နေဘက်က မယုံကြည်ရသက်သေအဖြစ် တင်သွင်းခံခဲ့ရသူဖြစ်သလို ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

RFA

0 comments:

Post a Comment