Wednesday, January 30, 2019

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တိုင်ကြားမှု ယနေ့စစစ်မည်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို တိုင်ကြားစာပေးပို့ခဲ့ သည့် ဒေသခံများအား ဒီချုပ်ပါတီဗဟိုဌာနချုပ်ရုံး၌ ယနေ့(ဇန်န၀ါရီ ၃၁)စတင်စစ်ဆေးမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က 7Day Daily သတင်းစာအား ပြောကြားသည်။
ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ဆွေမျိုးနီးစပ်သူများကို လုပ်ပိုင်ခွင့်များချထားပေးမှု၊ ကိုယ်ရေးအရာရှိခန့်အပ်မှုအပါအ၀င် အဂတိကျော်စောမှုရှိသည်ဆိုကာ တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများအား စုံစမ်းစစ်ဆေးပေးရန် ဒီချုပ်ပါတီဗဟိုသို့ ဇန်န၀ါရီ ၂၃ ရက်စွဲဖြင့် ဒေသခံ ၄၅ ဦးက တိုင်ကြားခဲ့သည်။ 

‘‘သူတို့ရဲ့ တိုင်ကြားမှုက ခိုင်လုံတဲ့အထောက်အထားရှိ၊ မရှိ အဲဒါ ကို အရင်စစ်မှာ။ ကျွန်တော်တို့ အခုမေးတဲ့အခါမှာ ဘာတွေပေါ်ပေါက် မလဲ။ ပေါ်ပေါက်တဲ့အလျောက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း တွေအရ ငြိစွန်းမှုရှိ၊မရှိ ဒါကိုပဲသုံးသပ်ပြီးတော့ တင်ရမှာပါ’’ ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။ 

တိုင်ကြားစာပါအချက်များ နှင့် ပတ်သက်၍ မေးမြန်းလိုသဖြင့် ဒီချုပ်ဗဟိုဌာနချုပ်ရုံးသို့ ဇန်န၀ါရီ ၃၁ရက် (ယနေ့) နံနက် ၁၁ နာရီ ထက် နောက်မကျစေဘဲ လာ ရောက်ရန် ဒေါက်တာမျိုးညွန့်က ဖုန်းဖြင့်ဆက်သွယ် ချိန်းဆိုခဲ့ သဖြင့် စစ်ဆေးခံမည်ဟုတိုင်ကြား မှုတွင် ပါဝင်သည့် ဒေသခံတစ်ဦး က ပြောသည်။ 

‘‘စာထဲမှာ ပါတဲ့အချက်တ ချို့က သူတို့ဘက်က မရှင်းမလင်း ဖြစ်နေတဲ့ အချက်တွေရှိတယ်။ရန် ကုန်တက်လာပေးစေချင်တယ် ပေါ့။ သူတို့ဘက်က မေးစရာရှိ တာပေါ့။ တကယ်လို့ မေးလို့မရ ဘူးဆိုရင် တိုင်စာပျက်ပြယ်သွား မယ်လို့ပြောတယ်။ ဒါကြောင့် ယ နေ့(ဇန်န၀ါရီ ၃၁)မှာ စစ်ဆေးခံ မယ်’’ဟု ၎င်းက ဆိုသည်။ 

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ဆွေ မျိုးနီးစပ်တော်သူ ဒီချုပ်ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင် ဦး အောင်စိုး၏သမီးကို၎င်း၏ကိုယ် ရေးအရာရှိအဖြစ် ခန့်ထားခြင်း၊ တိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန် ကြီး ဦးဖြိုးဝင်းထွန်းသည်လည်း ညီဖြစ်သူကို ၎င်း၏ကိုယ်ရေးအရာ ရှိအဖြစ်ခန့်ထားကြောင်း ဒေသခံ များ၏ တိုင်ကြားစာတွင် ဖော်ပြ ထားသည်။ ၂၀၁၆ စက်တင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရုံးအမိန့်စာတွင်ဦးအောင် စိုး၏ သမီးဒေါ်ပွင့်ဖြူဖြူအောင် အား ၀န်ကြီးချုပ်၏ ကိုယ်ရေး အရာရှိအဖြစ်လည်းကောင်း၊ စီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း သည် ၎င်း၏ညီဦးတိုးဝင်းထွန်း အား ၎င်း၏ကိုယ်ရေးအရာရှိ အဖြစ်လည်းကောင်း ခန့်အပ် ကြောင်း ဖော်ပြထား သည်။ 

ဒေါက်တာလဲ့လဲ့မော်သည် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးအောင်စိုးနှင့် ခယ်မ တော်စပ်ပြီး ဦးအောင်စိုး၏သမီး ကို ဝန်ကြီးချုပ်က ၎င်း၏ကိုယ်ရေး အရာရှိအဖြစ် လက်ရှိအချိန်ထိ ခန့်အပ်ထားကြောင်း ဒီချုပ်တိုင်း နှင့် မြို့နယ်အဆင့်ပါတီတာဝန်ရှိ သူများအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြား ထားသည်။ 

သို့သော် ၀န်ကြီးချုပ်ဒေါက် တာလဲ့လဲ့မော်ကမူ ၎င်း၏ကိုယ် ရေးအရာရှိမှာ ဆွေမျိုးနီးစပ် တော်သည့် ဦးအောင်စိုး၏ သမီး ဒေါ်ပွင့်ဖြူဖြူအောင် မဟုတ်ဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်း ကိုဇော်လင်းအောင် သာဖြစ်ပြီး ဒေါ်ပွင့်ဖြူဖြူအောင် သည် ကွန်ပျူတာနှင့်ပတ်သက် သည့်အလုပ်များရှိပါက ၎င်းအား ကူညီပေးသူသာ ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ငြင်းဆို ထားသည်။

7Day

0 comments:

Post a Comment