Wednesday, August 28, 2019

ဗစ်တိုးရီးယားအမှုတွင် CCTV မှတ်တမ်း Hard Disk မပါဘဲ system Box သာ ယူလာသည့်အတွက် သက်သေအဖြစ် လက်မခံ

Image may contain: text

ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ CCTV တာဝန်ခံဆိုသူ ကိုရန်နောင်ဌေးက မူရင်း CCTV၏ Hard Disk မပါလာဘဲ ကူးယူထားသည့် ကွန်ပြူတာ System Box ကိုသာ ရုံးတော်သို့ ယူဆောင် ခဲ့ခြင်းကြောင့် တရားလိုရှေ့နေဖြစ်သူနှင့် ဥပဒေ အရာရှိတို့က သက်သေအဖြစ် တင်ရန် လက်မခံဘဲ စစ်ဆေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

မုံရွာစတိုးဆိုင်ဝန်ထမ်းများအား တိုင်းတရားရုံးက တရားသေလွှတ်မိန့်ချ

ပြစ်မှုမကျူးလွန်ဘဲ တရားစွဲထောင်ချခံခဲ့ရတဲ့ မုံရွာမြို့ရှိ ငြိမ်းချမ်းရေးဂျိုးငှက်စတိုး ဆိုင်က ဝန်ထမ်းတွေကို  စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးက တရားသေလွှတ်မိန့်ချ မှတ်လိုက်ပါတယ်။

Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ် ရုရှားပြသ

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ သြဂုတ်လ ကျင်းပတဲ့ MAKS-2019 လေကြောင်းပြပွဲမှာ Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တူရကီသမ္မတ တာရစ်အာဒိုဂန်ကို ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ထပ်လောင်းအတည်ပြု ပြောကြား

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ သြဂုတ် ၂၇ ရက်က တွေ့ဆုံစဉ်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ထပ်လောင်းအတည်ပြုပြောကြားကြောင်း သြဂုတ် ၂၈ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။  

မန္တလေးမြို့ ဖိနပ်ဆိုင်တဆိုင်တွင် သေနတ်၊ ဓားနှင့် ခဲကျည်များ ဖမ်းဆီးရမိ၊ လွိုင်ကော်တွင် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများဖမ်းမိမှုမှကွင်းဆက်ဖြစ်ဟုဆို

Image may contain: 2 people, people sitting

လွိုင်ကော်မြို့တွင် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများ ဖမ်းဆီးရမိမှုမှကွင်းဆက်မျာကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ မန္တလေးမြို့ပေါ်ရှိ ဖိနပ်အရောင်းဆိုင်တဆိုင်တွင် သေနတ်၊ ဓားနှင့် ခဲကျည်များကို သြဂုတ်(၂၈)ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုလကုန်တွင် ရန်ကုန်၌ ထူးကဲဒီရေ မြင့်တက်မည်

Image may contain: sky and outdoor
ယခုလ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက် နေ့တို့တွင် ရန်ကုန်မြို့၌ ထူးကဲဒီရေ မြင့်တက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

မန္တလေးရှိ ဖိနပ် အရောင်းဆိုင် တဆိုင်မှ လေသေနတ်များနှင့် ကျည်ဆန်များ ဖမ်းမိ


မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၇၁ လမ်းနှင့် ၇၂ လမ်းကြား တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်တိုက်တန်း အခန်းအမှတ် J (1/2)တွင် ဖွင့်လှစ်ထားသော ဖိနပ်ဆိုင် တဆိုင်မှ လေသေနတ်များနှင့် ကျည်ဆန်များ ရှာဖွေ ဖမ်းဆီးရမိ ကြောင်း ခရိုင် ရဲတပ်ဖွဲ့က သိရသည်။

အမေရိကတွင် မော်တော်ယာဉ်များ၌ မှန်မဲ့နောက်ကြည့်ကင်မရာစနစ်ကို စမ်းသပ်မည်

အမေရိကန် အမျိုးသားအဝေးပြေး လမ်းဘေး ကင်းလုံခြုံရေးဌာန NHTSA က သမားရိုးကျ နောက်ကြည့်မှန်စနစ်နေရာတွင် အခြားနိုင်ငံများ၌ ခွင့်ပြုထားပြီးသော နည်းပညာဖြစ်သည့် မှန်မဲ့ကင်မရာစနစ်ဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု အင်္ဂါနေ့က ပြောကြားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

SME လုပ်ငန်း ၁၀၀ ကျော်ကို ချေးငွေထုတ်ပေးရန် ရန်ကုန်ဝန်ကြီးချုပ် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စား (MSME) လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ချေးငွေများထုတ်ချေးရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရိုဟင်ဂျာ နောက်ဆုံးအခြေအနေ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး ဒါကာမှာ ရှင်းလင်း

မြန်မာပြည်က ထွက်ပြေးရမှု ၂ နှစ်ပြည့် အခမ်းအနားကို သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေရှ့်ရောက် ရိုဟင်ဂျာတွေ ကျင်းပခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ဟာ ကြာသပတေးနေ့ ညနေ ၄ နာရီမှာ ဒါကာ အခြေစိုက် သံတမန်တွေနဲ့ ကုလသမဂ္ဂ အေဂျင်စီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာအရေး နောက်ဆုံး အခြေအနေတွေကို ရှင်းလင်းပြောကြားဖို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတစ်ဦးက ပြောပြတယ်။

အီရန်ကွန်ရက် နှစ်ခုအပေါ် ကန် ဒဏ်ခတ်အရေးယူ

အီရန်စစ်တပ်ရဲ့ အကျိုးအတွက် လျှို့ဝှက်လုပ်ကိုင်နေတယ်လို့ စွပ်စွဲပြီး အီရန်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ကွန်ယက် ၂ ခုအပေါ် အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

ဗြိတိန်လွှတ်တော် ယာယီဆိုင်းငံ့ဖို့ ဘုရင်မကြီး သဘောတူ

ဗြိတိန် ၀န်ကြီးချုပ် Boris Johnson ကို ဆန္ဒပြကြသူများ။
ဗြိတိသျှ ပါလီမန်ကို အောက်တိုဘာ လလယ်အထိ ခေတ္တ ရပ်ဆိုင်းထားဖို့ ဗြိတိန် ၀န်ကြီးချုပ် Boris Johnson ရဲ့ မေတ္တာရပ်ခံချက်ကို ဘုရင်မကြီး Elizabeth က လက်ခံလိုက်ပါတယ်။ ဒီလို ပါလီမန်ကို ခေတ္တ ရပ်ဆိုင်းထားမှုဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂကနေ သဘောတူညီချက် မရရှိဘဲ နုတ်ထွက်မှာကို မလိုလားတဲ့ ဗြိတိသျှ ပါလီမန် အမတ်တွေကို စိတ်ဆိုး ဒေါသထွက်စေပါတယ်။

တရုတ်နဲ့ မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တရုတ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေတို့ တွေ့ဆုံဆွေးနွေး။ (ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook)
မြန်မာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေဟာ သြဂုတ်လ ၂၇ အင်္ဂါနေ့က တရုတ် နိုင်ငံတော်ကောင်စီဝင်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမှာ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ၂ နိုင်ငံ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ရှားပါး ယောက်သွားမျိုးစိတ်သစ်များ မြန်မာနိုင်ငံမှာ တွေ့ရှိ

( ဓာတ်ပုံ - Fauna & Flora International - Myanmar Programme)
ရေချိုမှာနေထိုင်တဲ့ ခရုတွေထဲက ယောက်သွား (mussels) ဂုံးမျိုးစိတ်အသစ် ၈ ခုကို နိုင်ငံတကာပညာရှင်တွေ ပါဝင်တဲ့ သိပ္ပံပညာရှင်တစုက မြန်မာနိုင်ငံမှာတွေ့ရှိခဲ့ပါတယ်။ မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒီရေချိုသတ္တဝါလေးတွေကို အကာကွယ်ပေးဖို့ သိပ္ပံပညာရှင်တွေက တောင်းဆို လိုက်ကြပါတယ်။

ဖမ်းဆီးခံ စာရေးဆရာ အရေး ၀င်မစွက်ဖို့ သြစတေးလျကို တရုတ် သတိပေး

သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံမှာ အဖမ်းဆီးခံနေရတဲ့ တရုတ်နွယ်ဖွား သြစတေးလျနိုင်ငံသား ရန်ဟန်းဂျွန်ရဲ့ အမှုမှာ သြစတေးလျ အစိုးရဘက်က ဘာမှဝင်မစွက်ဖို့ တရုတ်အာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။ ဇန်နဝါရီလကတည်းက ဘေဂျင်းမှာ အဖမ်းခံနေရတဲ့ ရန် ဟန်းဂျွန် နဲ့ ပတ်သက်ပြီး လတ်တလော တရုတ်အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ သြစတေးလျ အစိုးရက ပိုပြီး ဝေဖန်လာနေကြောင်း ဆစ်ဒနီက VOA သတင်းထောက် Phil Mercer ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ပြည်ထောင်စုဝန်ကြီးဌာနများ အကောင်းကြိုက်ခြင်းလျှော့ချရန် မေတ္တာရပ်ခံ

Image may contain: 2 people, people sitting, people standing and indoor
ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်းများအနေဖြင့် ICT ပစ္စည်းများနှင့်ပတ်သက်၍ အကောင်း ကြိုက်ခြင်း လျှော့ချရန် အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာလှမိုးက မေတ္တာရပ်ခံ ပြောကြားလိုက်သည်။

လိပ်ကျွန်းလူသတ်မှု သေဒဏ် အယူခံ ထိုင်းတရားရုံး ချမှတ်မည်

ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားမောင် ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခေါ်) ဝေဖြိုး တို့နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ထိုင်း ဗဟိုတရားရုံးက ဒီကနေ့ မနက် (၁၀) နာရီမှာ အမိန့်ချမှတ်မှာဖြစ်ပါတယ်။

အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံ၌ဆွေးနွေးမည် ကိုယ်စားလှယ်များ လုံခြုံရေး အစိုးရ အာမခံ

အစိုးရနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အ ဖွဲ့(AA) တို့၏  အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် ကျိုင်းတုံ မြို့၌ ပြုလုပ်ရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ် မြောက်ရေး ညှိနှိုင်းနေသည့် ငြိမ်း ချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန် ဂျာက ပြောသည်။

လာမည့်စက်တင်ဘာတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ်ပြောင်းလဲနိုင်

စက်တင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌  လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ လမိုးလေဝသခန့်မှန်းချက်အရ သိရသည်။

Tuesday, August 27, 2019

လုပ်ငန်းရှင်များထံမှ ချေးငွေများပြန်လည်တောင်းရန် ဗဟိုဘဏ် ညွှန်ကြားထားခြင်း မရှိဟုဆို

စက်တင်ဘာလကုန်ချိန် တွင် လုပ်ငန်းရှင်များထံမှ ချေးငွေ များ ပြန်လည်တောင်းယူရန် ဗဟို ဘဏ်က ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားထားမှု မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။