Wednesday, August 28, 2019

အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ သြဂုတ် ၃၁ ရက်တွင် ကျိုင်းတုံ၌ဆွေးနွေးမည် ကိုယ်စားလှယ်များ လုံခြုံရေး အစိုးရ အာမခံ

အစိုးရနှင့် ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အ ဖွဲ့(AA) တို့၏  အပစ်အခတ်ရပ်စဲ ရေးဆွေးနွေးပွဲကို သြဂုတ် ၃၁ ရက်တွင် ရှမ်းပြည်နယ် ကျိုင်းတုံ မြို့၌ ပြုလုပ်ရန် သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ် မြောက်ရေး ညှိနှိုင်းနေသည့် ငြိမ်း ချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွန် ဂျာက ပြောသည်။

‘‘အခုတော့ အတည်ဖြစ်ပြီ။ ၃၁ ရက်နေ့ ကျိုင်းတုံမှာ တွေ့ဆုံ ဖို့အတွက် မြောက်ပိုင်းလေးဖွဲ့နဲ့ NRPC (အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များပါဝင်သည့် အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)နဲ့ တွေ့ဆုံ မယ်’’ဟု ဦးလမိုင်ဂွန်ဂျာက သြ ဂုတ် ၂၈ ရက် ညနေတွင် ပြော သည်။
နှစ်ဖက်တွေ့ဆုံနိုင်ရေး နေ ရာကိစ္စ ညှိနှိုင်းရာတွင် အခက်အ ခဲများစွာရှိခဲ့ကြောင်း၊ လာမည့် ဆွေးနွေးပွဲတွင် ဆွေးနွေးမည့်အ ကြောင်းအရာ အသေးစိတ် မသိ သော်လည်း  Bilateral အပစ်ရပ် စဲရေး လက်မှတ်ထိုးနိုင်ရန်အဓိက ဆွေးနွေးဖွယ်ရှိကြောင်း ၎င်းကဆို သည်။
‘‘ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က ၀မ်းသာတာပေါ့ဗျာ။ ဒီလို နှစ် ဖက်တိုက်ပွဲဖြစ်နေတဲ့ ကြားကနေ နိုင်ငံတော် အစိုးရရော၊ လက်နက် ကိုင်အဖွဲ့တွေကလည်း အမှန်တ ကယ် ငြိမ်းချမ်းရေးလိုချင်တယ်၊ လက်နက်နဲ့ ဖြေရှင်းတာကို မဖြစ် စေချင်ဘူး။ နိုင်ငံရေးနည်းလမ်း အရ ဖြေရှင်းချင်တယ်ဆိုတဲ့ သင်္ကေတလေး ပေါ်လွင်သွား  တာပေါ့။ ဘယ်လောက်ပဲ  တိုက် ပွဲဖြစ်နေ၊ ဖြစ်နေ တွေ့ဆုံဆွေးနွေး မှ အဖြေရမယ်’’ ဟု ဦးလမိုင်ဂွန် ဂျာက ပြောသည်။
ကျိုင်းတုံ အပစ်ရပ်စဲရေး ဆွေးနွေးပွဲသို့ လာရောက်မည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များ၏ လုံခြုံရေးအတွက်လည်း မြန်မာအစိုးရက အာမခံခဲ့သည်ဟု  ၎င်းက ဆိုသည်။
အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင် လေးဖွဲ့သည် ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ တွေ့ဆုံစဉ် Bilateral  အပစ်ရပ်စဲရေးဆောင် ရွက်နိုင်ရေး ဆက်လက်ညှိနှိုင်းရန်  သဘောတူခဲ့သော်လည်း ဆွေး နွေးပွဲကျင်းပမည့်နေရာ ညှိနှိုင်း မရခြင်းကြောင့် လေးလခန့်ကြာ သည်အထိ ထပ်မံမတွေ့ဆုံနိုင် ဖြစ်နေခဲ့သည်။ အစိုးရက မိုင်း လား၌ ဆွေးနွေးပွဲကျင်းပရန်အဆို ပြုခဲ့ရာ KIA က လက်ခံသော် လည်း မြောက်ပိုင်းသုံးဖွဲ့က  တစ်လကျော် ကြာသည်အထိ  အကြောင်းပြန်ကြားခြင်းမရှိဟု  အစိုးရကိုယ်စားလှယ်တစ်ဦးက  ဆိုသည်။
ထိုအခြေအနေတွင် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့အနက်  TNLA, MNDAA နှင့် AA တို့သုံးဖွဲ့ က သြဂုတ် ၁၅ရက်တွင် တပ်မ တော်၏ ထိုးစစ်ကို တုံ့ပြန်သည် ဆိုကာ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအ၀င် ပြင်ဦးလွင် နှင့် နောင်ချိုမြို့နယ်အတွင်းတိုက် ခိုက်မှုများပြုလုပ်၍ ရှမ်းပြည် မြောက်ပိုင်း၌ တိုက်ပွဲများ ပြင်း ထန်ခဲ့သည်။ သြဂုတ် ၂၀ရက်တွင်  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ များကို တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဆွန်ကော်ရှန်း က ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ဆက် လက်ညှိနှိုင်းရာ အစိုးရက မူလ အဆိုပြုသည့် မိုင်းလားအစား ကျိုင်းတုံသို့ ပြန်လည်အဆိုပြုခဲ့ သည်။
‘‘မိုင်းလားမှာ တစ်လခွဲ လောက် အချိန်ပေးထားတာ။ မိုင်းလားမှာ မဆွေးနွေးဘဲ အခု ကျမှ ကျိုင်းတုံမှာ လာဆွေးနွေးရ တယ်ဆိုတာ ပရက်ရှာပေးလို့  လာဆွေးနွေးရတာလို့ မြင်ပါ တယ်။ အမှန်ကတော့ တရုတ် ဖိအားကြောင့် လာဆွေးနွေးတာ ပါ’’ ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  လေ့လာသုံးသပ်သူ တစ်ဦးက  ပြောသည်။

7Day

0 comments:

Post a Comment