Wednesday, August 28, 2019

မန္တလေးမြို့ ဖိနပ်ဆိုင်တဆိုင်တွင် သေနတ်၊ ဓားနှင့် ခဲကျည်များ ဖမ်းဆီးရမိ၊ လွိုင်ကော်တွင် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများဖမ်းမိမှုမှကွင်းဆက်ဖြစ်ဟုဆို

Image may contain: 2 people, people sitting

လွိုင်ကော်မြို့တွင် မူးယစ်ဆေးဝါးနှင့် ကျည်ဆံများ ဖမ်းဆီးရမိမှုမှကွင်းဆက်မျာကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ မန္တလေးမြို့ပေါ်ရှိ ဖိနပ်အရောင်းဆိုင်တဆိုင်တွင် သေနတ်၊ ဓားနှင့် ခဲကျည်များကို သြဂုတ်(၂၈)ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးကာဂိတ်မှတဆင့် မန္တလေးမြို့သို့ပို့ဆောင်မည့် ဆာလာအိတ်တလုံးအတွင်းမှ စိတ်ကြွဆေးပြားနှင့် ကျည်ဆံအချို့ ကို သြဂုတ် ၂၇ ရက်က ဖမ်းဆီးရမိခဲ့ပြီးနောက် ဖြစ်စဉ်မှ အမှုကွင်းဆက်အဖြစ် မန္တလေး၊ မဟာအောင်မြေမြို့နယ်ရှိ ဖိနပ်ဆိုင်တဆိုင်ကို ဝင်ရောက်ရှာဖွေရာမှ လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး မှုခင်းနိမ်နင်းရေးဌာနမှ ရဲအုပ် ဝင်းကျော် ဦးစီးသောအဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်းဝင်းတို့ပါအဖွဲ့သည် လွိုင်ကော်အမှုကွင်းဆက်မှရရှိသော လိပ်စာအတိုင်း မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက် တက္ကသိုလ်တိုက်တန်း၊ ၄၁ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား အခန်းအမှတ် J (1/2) တွင် ဖွင့်လှစ်ထားသော Smile ဖိနပ်အမျိုးမျိုးအရောင်းဆိုင် အပေါ်ထပ်ရှိ အာကာမောင်(ခ) အာကာ၊ အသက်(၃၁) နှစ် နေသောအခန်းကိုဝင်ရောက်ရှာဖွေရာ အဆိုပါ အခန်းအတွင်း ဗီရိုကြားမှ လေသေနတ်အရှည် စနိုက်ပါတပ်လျှက် (၁)လက်၊ ဆွစ်ဇာလန်နိုင်ငံထုတ် လေသေနတ် ပစ္စတို (၁)လက်နှင့် ဆက်စပ်ပစ္စည်းများ၊ လေသေနတ်ခဲကျည် (၇)ဘူး၊ ပွိုင့် ၂၂ ကျည် (၁)ဘူးလျှင် (၅၀) ပါ (၂) ဘူး၊ ငှက်ကြီးထောင် ဓားရှည် (၂)လက်အပါအဝင် ဓားတိုဓားရှည် (၈) ချောင်း၊ စနိုက်ဘာမှန်ပြောင်း တခု၊ အသံတိတ်ပြောင်းတို (၁)ခု၊ ကျောပိုးအိပ်(၁)လုံး၊ ခရီးဆောင်အိပ် (၁)လုံး ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်။
"လက်နက်တွေ ဖမ်းဆီးရမိမူနဲ့ပတ်သတ်ပြီး ဖိနပ်ဆိုင်က အမျိုးသားတဦးကို ဖမ်းဆီးထားတယ်။ တိုင်းမှုခင်းနိမ်နင်းရေးတပ်ဖွဲ့မှာ ထပ်ပြီးစစ်ဆေးနေတုန်းပါ"ဟု မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ပြောသည်။
သြဂုတ်(၂၇)ရက် ညနေပိုင်းက လွိုင်ကော်မြို့တွင် စိတ်ကြွဆေးပြား(၁၁၁)ပြားနှင့် ပွိုင့် ၂၂ သေနတ်ကျည်ဆံ (၁၅၀၀) ဖမ်းဆီးရမိမှုနှင့်ပတ်သတ်၍ မမြကေသီ၊ အသက်(၃၃)နှစ်နှင့် နေအောင် အသက်(၃၄)နှစ်တို့ကို လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၄၂၇/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ-၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
No photo description available.
ဦးရာဇ

0 comments:

Post a Comment