Tuesday, August 27, 2019

လုပ်ငန်းရှင်များထံမှ ချေးငွေများပြန်လည်တောင်းရန် ဗဟိုဘဏ် ညွှန်ကြားထားခြင်း မရှိဟုဆို

စက်တင်ဘာလကုန်ချိန် တွင် လုပ်ငန်းရှင်များထံမှ ချေးငွေ များ ပြန်လည်တောင်းယူရန် ဗဟို ဘဏ်က ပုဂ္ဂလိကဘဏ်များကို ညွှန်ကြားထားမှု မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးလောကတွင် သ တင်းများ ပျံ့နှံ့နေသော်လည်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများကိုယ် တိုင် ချေးငွေများ ပြန်လည်တောင်း ယူမည့် အစီအစဉ်ညွှန်ကြားထား ခြင်းနှင့်ပတ်သက်၍ သိရှိခြင်း မရှိ ကြောင်း အထက်ပါပုဂ္ဂိုလ်က အ တည်ပြုသည်။
သြဂုတ် ၂၂ ရက် မြန်မာ နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအ သင်း ဖွဲ့စည်းခြင်း မိတ်ဆက်ပွဲ တွင် စက်တင်ဘာ ကုန်ဆုံးချိန်၌ ဘဏ်များမှ အကြွေးပြန်တောင်း ရန် ရှိနေပြီး ပြန်ဆပ်နိုင်ခြင်းမရှိပါ က စီးပွားရေး လုပ်ငန်းရှင်များ တရားစွဲခံရနိုင်သည်ဟု ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေကသတင်း မီဒီယာများအား ပြောကြားသည်။
 ထိုကဲ့သို့ ပြောကြားပြီး နောက် ပြည်တွင်းစီးပွားရေးလော ကတွင် နိုင်ငံ့စီးပွားရေးအခြေအ နေနှင့် ပတ်သက်၍ စိုးရိမ်သံများ လည်း ပေါ်ထွက်လာသည်။ အ ထူးသဖြင့် ဆောက်လုပ်ရေးလော ကသားများနှင့် အိမ်ခြံမြေအကျိုး ဆောင်အချို့လည်း ပါဝင်သည်။
 အိမ်ခြံမြေ ဈေးကွက်အ တွက် အသစ်ပြဋ္ဌာန်းမည့် ပြည် ထောင်စု အခွန်အကောက်ဥပဒေ ကြမ်းတွင်ပါဝင်သော အခွန်သက် သာခွင့်က တွန်းအားဖြစ်လာနိုင် သော်လည်း စက်တင်ဘာကုန် ချိန် ဘဏ်အကြွေး ပြန်ဆပ်ရမည့် အခြေအနေက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီ ကို တည်ထောင်ထားသည့်ဦးစိုင်း  ခွန်နောင်က ပြောသည်။
စီးပွားရေးလောကတွင်စက် တင်ဘာလကုန် အကြွေးပြန်ဆပ် ရမည့် အခြေအနေအတွက် ကြို တင်ပူပန်နေသော်လည်း ‘‘ဒုဥက္ကဋ္ဌ ဦးစိုးသိန်းနဲ့တွေ့တဲ့အခါ အကြွေးပြန်ဆပ်မယ့် ကိစ္စမေးကြည့်တော့ ဘဏ်တွေအနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီပဲ လုပ်ဖို့ရှိတယ်လို့ သူကပြောတယ်’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကဆိုသည်။
ပြည်တွင်းဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ ၂၀၁၇ ကစတင်ပြီး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ဗဟိုဘဏ်က ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့်အညီ ပြည်တွင်း ဘဏ်များကို ဗဟိုဘဏ်က စည်း မျဉ်းများ လိုက်နာဆောင်ရွက်နိုင် ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဘဏ်များမှ စီး ပွားရေး လုပ်ငန်းရှင်များသို့ ချေး ထားသည့် ငွေများ ပြန်လည် တောင်းယူရန် ၂၀၁၈ နှစ်လယ် ပိုင်းတွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၉ အတွင်း ၃၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ တွင် ချေးငွေများ၏ ၅၀ ရာခိုင်နှုန်း အောက် လျှော့ချရန် ဗဟိုဘဏ်  က ညွှန်ကြားချက်ထုတ်ပြန်ထား ကြောင်း အသေးစားနှင့်အလတ် စား စီးပွားရေးဖွံ့ဖြိုးရေးဘဏ် အ မှုဆောင်အရာရှိချုပ် ဒေါက်တာ ဇေယျာညွန့်က ပြောသည်။
လက်ရှိပြည်တွင်း ပုဂ္ဂလိက ဘဏ်များအနေဖြင့် နိုင်ငံတကာ ဘဏ်များနှင့် ချိတ်ဆက်ဆောင် ရွက်ရန် ကြိုးစားနေခြင်းကြောင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်းများကို အတိအကျ လိုက်နာရန် ကြိုးစားနေကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် ပြန်လည်ရရှိရန် မသေချာသည့် ချေးငွေ (NPL) များ လျှော့ချနိုင်ရန် ဘဏ်များက ကြိုးစားနေပြီး ၂၀၁၈-၁၉ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ချေး ငွေအချို့ ပြန်လည်တောင်းယူခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ ဗဟိုဘဏ် စည်းမျဉ်းများအရ NPL များသော ဘဏ်များတွင် အမြတ်ဝေစု ခွဲဝေခွင့်မရခြင်း၊ NPL လျှော့ချသည့်နည်းဖြင့်ဘဏ်၏ ခိုင်မာမှုဖြင့်ယှဉ်ပြိုင်ခြင်းတို့သည် ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ယန့ခေတ်စားနေသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
သို့သော် အင်္ဂါလီ အရေး ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုလျော့ကျသလို အနောက်နိုင်ငံများမှ ခရီးသွားဝင်ရောက်မှု လျော့ကျခြင်းက မြန်မာနိုင်ငံကို အထိနာစေခြင်း၊ ရင်းနှီးမြှုပ်နှံမှုများထပ်မံမလုပ်တော့ဘဲ လုပ်ငန်းပမာဏလျှော့ချသူများလာ၍ လုပ်ငန်းအားလုံး တစ်ခုနှင့်တစ်ခု ဆက်စပ်ကာ စီးပွားရေးအဆောက်အအုံ တစ်ခုလုံး နှေးကွေးလာခြင်း၊ယင်းအချိန်တွင် ဘဏ်များမှ ချေးငွေများ ပြန်လည်တောင်းယူလာမည်ကို စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်နေခြင်းဖြစ်သည်။
စက်တင်ဘာ ကုန်ချိန်တွင် ဘဏ်များမှ အကြွေးပြန်တောင်း မည်ဆိုပါက ထိပ်သီးစီးပွားရေး လုပ်ငန်းရှင် တစ်သောင်းကျော် တရားစွဲခံရနိုင်ပြီး နိုင်ငံစီးပွားရေး ထိခိုက်နိုင်ကြောင်း ဦးခင်ရွှေက ပြောကြားထားသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ် လောကတွင် ချေးငွေအများစုသည် မြေနှင့် အဆောက်အအုံကဏ္ဍ ၌သာ အဓိက ထုတ်ချေးထား သည်။
ပုဂ္ဂလိကဘဏ် ချေးငွေစုစု ပေါင်း၏ ၇၇ ရာခိုင်နှုန်းကျော်ကို မြေနှင့်အဆောက်အအုံသို့ ထုတ် ချေးထားကြောင်း ၂၀၁၆-၁၇ ဗဟိုဘဏ်၏ နှစ်ပတ်လည်အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ကြောင့် ဘဏ်များမှ ချေး ငွေများ အတင်းအကျပ်ပြန်လည် တောင်းယူမည်ဆိုပါက အပေါင် ပစ္စည်းများ ထိုးအပ်ရသည့် အခြေ အနေမျိုး ဖြစ်လာနိုင်သည်ဟု စီး ပွားရေးလုပ်ငန်းရှင်အချို့က ပြော သည်။ လည်ပတ်နေသော စီးပွား ရေးလုပ်ငန်းများ ပိုမိုခက်ခဲစေနိုင် သည်ဟုလည်း ၎င်းတို့ကဆိုသည်။
ထိုအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အစိုးရ၊ ဘဏ် နှင့် ငွေချေးသူများ တွေ့ဆုံဆွေး နွေးသင့်သည်ဟု ဒေါက်တာစိုး ထွန်းက အကြံပြုသည်။
7Day

0 comments:

Post a Comment