Wednesday, August 28, 2019

ဗစ်တိုးရီးယားအမှုတွင် CCTV မှတ်တမ်း Hard Disk မပါဘဲ system Box သာ ယူလာသည့်အတွက် သက်သေအဖြစ် လက်မခံ

Image may contain: text

ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက်ရုံးချိန်းတွင် Wisdom Hill ကျောင်း၏ CCTV တာဝန်ခံဆိုသူ ကိုရန်နောင်ဌေးက မူရင်း CCTV၏ Hard Disk မပါလာဘဲ ကူးယူထားသည့် ကွန်ပြူတာ System Box ကိုသာ ရုံးတော်သို့ ယူဆောင် ခဲ့ခြင်းကြောင့် တရားလိုရှေ့နေဖြစ်သူနှင့် ဥပဒေ အရာရှိတို့က သက်သေအဖြစ် တင်ရန် လက်မခံဘဲ စစ်ဆေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ငါးကြိမ်မြောက် ရုံးချိန်းတွင် ဗစ်တိုးရီးယား၏ အဖွားဖြစ်သူနှင့် Wisdom Hill ကျောင်းမှ CCTV တာဝန်ခံဆိုသူတို့ကို စစ်ဆေးရန် ချိန်းဆိုထားခဲ့ခြင်းဖြစ်သည်။
ကိုရန်နောင်ဌေးက အဓိကအားဖြင့်တော့ CCTVရဲ့အပိုင်းပေါ့ အဲ့ဒါတွေကို ရဲမှာအပ်ထားတာရှိတဲ့အတွက် ဒီစီစီတီဗီ ဟက်ဒစ်နဲ့ တကွ တရားရုံးမှာသက်သေခံလာပြီးတော့ ဆောင်ရွက်ပေးဖို့ဆိုပြီး ဆင့်စာ ထုတ်ထားတာ ရှိပါတယ်။ ကိုရန်နောင်ဌေးက ရုံးတော်ရှေ့ကို ရောက် ချိန်မှာ CCTV မှတ်တမ်းနဲ့ ပတ်သက်တဲ့ Hard Disk မပါလာဘဲ ကွန်ပြူတာ ပုံးကြီးပဲ ပါလာပါတယ်။ အဲ့ဒီအခါကျတော့ ဟက်ဒစ်လဲ ရှိနေတာ မှန်ရင်တရားရုံးက ဟက်ဒစ်ယူလာပြီးတော့မှ တရားရုံးက သက်သေပြန်လာခံဖို့ ညွှန်ကြားလိုက်တာပါ”ဟု တရားလိုရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်ကပြောသည်။
ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ လာမည့်(၆)ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။
The Ladies News

0 comments:

Post a Comment