Wednesday, August 28, 2019

Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ် ရုရှားပြသ

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ သြဂုတ်လ ကျင်းပတဲ့ MAKS-2019 လေကြောင်းပြပွဲမှာ Su-57 အမျိုးအစား ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က တူရကီသမ္မတ တာရစ်အာဒိုဂန်ကို ပြသခဲ့ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင်တွဟာ Su-57 ကိုယ်ပျောက် တိုက်လေယာဉ်အပြင် ရုရှားထုတ် MC-21 ခရီးသည်တင်လေယာဉ်၊ Mi-38 ရဟတ်ယာဉ်နဲ့ Be-200 ဘက်စုံသုံး ကုန်းရေနှစ်မျိုးလုံးမှာ ဆင်းသက်နိုင်တဲ့ လေယာဉ်တွေကိုလည်း လိုက်ကြည့်ခဲ့ကြပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့မှာပဲ ရုရှားဟာ S-400 ရုရှား ဒုံးကျည် ကာကွယ်ရေးစနစ်အတွက် ဒုတိယမြောက် အမြောက်တပ်ခွဲကို တူရကီနိုင်ငံဆီကို ပို့ဆောင်လာခဲ့တယ်လို့ တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တူရကီက ရုရှား ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူတာနဲ့ ပတ်သတ်လို့ ဒါဟာ နေတိုး ကာကွယ်ရေးစနစ်နဲ့ မဆီလျော်ဘူးလို့ အမေရိကန်အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ရုရှားလုပ် လေယာဉ်တွေ အရောင်းမြှင့်တင့်ရေး ရည်ရွယ်ကျင်းပတဲ့ MAKS-2019 လေကြောင်းပြပွဲမှာ ပြည်ပနိုင်ငံတွေက စီးပွားရေးလုပ်ငန်း ၈၀၀ ကျော် လာရောက် ပြသခဲ့ကြပါတယ်။
ဒီနှစ် လေကြောင်းပြပွဲမှာ ပထမဆုံးအနေနဲ့ တရုတ် အစိုးရက ပါဝင် စီစဉ်ခဲ့တယ်လို့ RIA သတင်းဌာနမှာ ဖော်ပြပါတယ်။
DVB

0 comments:

Post a Comment