Monday, September 30, 2019

ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းမှ ခုန်ချသော သီလရှင်တစ်ပါးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

Image may contain: one or more people, ocean, sky, outdoor, water and natureImage may contain: 1 person, sitting, ocean, shorts, outdoor, water and nature
ဧရာဝတီတံတား ရတနာပုံ စစ်ကိုင်းဘက်ခြမ်းမှ ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ၁၁ နာရီ အချိန်ခန့်တွင် ခုန်ချသော သီလရှင်ဆရာလေးတစ်ပါး အား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း SERT မှ ရေပြင်ကယ်ဆယ်ရေးအဖွဲ့ မှ တွေ့ရှိပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်း(PH-09779900100/ 09792119119)မှ သိရသည်။

လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား၃၀၀ ကျော် အလုပ်သမားဥပဒေပါ ခံစားခွင့်များ မရသောကြောင့် ဆန္ဒထုတ်ဖော်

Image may contain: one or more people, sky and outdoorImage may contain: 10 people, people standing, crowd and outdoor

စက်တင်ဘာလ ၃ဝရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမားဥပဒေပါ ခံစားခွင့်များကို အလုပ်ရှင်ဘက်မှ မပေးသောကြောင့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)ရှိ လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ကျော်သည် စက်ရုံဘေး၌ ဆန္ဒထုတ်ဖော်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ ဒေါ်နှင်းသဇင်မှ ပြောကြားခဲ့သည်။

Sunday, September 29, 2019

လှိုင်သာယာမြို့နယ်အတွင်း ခိုးမှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

Image may contain: 3 people, sunglasses and text

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက 'ခိုးမှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ' မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၁.၉.၂၀၁၉ ရက်နေ့ ၂၂၁၅ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ နေရဲလင်း(ခ)ရဲကြီး၊ သော်ဇင်မိုး(ခ)ဓါးငမိုး နှင့် ဇော်မင်းဦး(ခ)တက်တူး တို့(၃)ဦး အား တွေ့ရှိစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်း လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ များအတွင်း လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ်(၁၃)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ MI အမျိုး အစား ဖုန်း(၁)လုံး၊ အောင်မင်းခေါင် (၂)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး၊ ဗိုလ်အောင်ကျော်လမ်းမဘေးရှိ အဆောင်(၁)ခုအတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ တံတားဖြူ မှတ်တိုင်အနီးရှိ နေအိမ်(၂)အိမ်အတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၂)လုံး၊ အောင်မေတ္တာလမ်းရှိ နေအိမ် (၁)အိမ်အတွင်းမှ VIVO အမျိုးအစား ဖုန်း(၁)လုံး၊ မီးခွက်ဈေးအနီးရှိ အဆောင်(၁)ဆောင်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၆)ရပ်ကွက်၊ ချမ်းမြေ့လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၈)ရပ်ကွက်၊ ဦးဖိုးလှိုင်လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ ဦးပုညလမ်းအတွင်းရှိ အဆောင်(၁)ဆောင် အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ အဆောင်(၁) ဆောင်အတွင်းမှ Redmi မျိုးအစား ဖုန်း(၁)လုံး၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၁၅)ရပ်ကွက်၊ နွယ်နီလမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ OPPO မျိုးအစား ဖုန်း(၁)လုံး၊ (၁၀) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ နေအိမ်(၁)အိမ်အတွင်းမှ I Phone 7 မျိုးအစား ဖုန်း(၁)လုံး နှင့် OPPO အမျိုးအစား ဖုန်း(၁)လုံး၊ စိန်ပန်းမြိုင်(၃)လမ်းရှိ အဆောင်(၂)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး နှင့် VIVO မျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၂)၊ မင်းကြီး မဟာမင်းခေါင်လမ်းရှိ နေအိမ်(၁)အိမ် အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၃)၊ ဗန်မော် အတွင်းဝန်လမ်းဘေးရှိ ဈေးဆိုင်(၁)ဆိုင် အတွင်းမှ HONOR အမျိုးအစား ဖုန်း(၁)လုံး၊ စုစုပေါင်း ဖုန်း(၁၉)လုံး အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

ဆော်ဒီနယ်စပ်ခရိုင်ဒေသအနီးတိုက်ပွဲ၌ ဆော်ဒီစစ်ယာဉ်များချေမှုန်းခံရပြီး တပ်ဖွဲ့ဝင်များအပြားဖမ်းဆီးခံရ

Image may contain: one or more people and outdoor

ဆော်ဒီနယ်စပ် နာ့ဂ်ျရမ် ခရိုင်ဒေသအနီး ယီမင်မြေအား စိုးမိုးရန်ကြိုးစားသည့် ဆော်ဒီဦးဆောင် တိုက်ပွဲ၌ ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂ်ျရမ် ခရိုင်ဒေသအနီးတိုက်ပွဲ၌ အင်အား ၇,၀၀၀ ခန့်ရှိမည့် ဆော်ဒီဦးဆောင် တပ်မဟာ ၃ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရှိရသည်။

စစ်ကိုင်းတံတားအဟောင်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချမှု ဖြစ်ပွား

Image may contain: sky, bridge, cloud and outdoorImage may contain: ocean, sky, outdoor, water and nature

စစ်ကိုင်းတံတားအဟောင်း စစ်ကိုင်းဘက်ခြမ်းမှ အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၁၀နာရီအချိန်ခန့် တွင် ခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

" ICC နဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး။"လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေပြောကြား

Image may contain: 1 personNo photo description available.

စက်တင်ဘာလ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲရဲ့ ပဉ္စမနေ့အစည်းအဝေးကိုကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

လန်ဒန်နဲ့ ဆစ်ဒနီကို ၄ နာရီနဲ့ ပျံသန်းပေးနိုင်မယ့် Hypersonic အာကာသ လေယာဉ်

Image may contain: cloud, sky and outdoor

လာမယ့် ၂၀၃၀ နှစ်တွေမှာ လန်ဒန်ကနေ ဆစ်ဒနီဆီ ပျံသန်းတဲ့ အသံထက် ငါးဆမြန်တဲ့ hypersonic ဒုံးအင်ဂျင်တစ်ခုပါ အာကာသလေယာဉ်ရဲ့ ခရီးစဉ်ပျံသန်းချိန်တွေဟာ ၈၀ ရာခိုင်နှုန်းလောက် အချိန်ပိုမိုတိုတောင်းသွားနိုင်ဖို့ ရှိနေပါတယ်။ လက်ရှိမှာတော့ ဒီလုပ်ငန်းစဉ်ကတော့ အတော်လေးလည်း ခရီးပေါက်နေကြောင်း သိရှိရပါတယ်။

အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၀ အထိရှိလာ

Image may contain: one or more people and outdoorImage may contain: cloud, sky, mountain and outdoor
စက်တင်ဘာလ ၂၇ ရက် အစောပိုင်းကအင်ဒိုနီးရှားနိုင်ငံတွင် လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၅ ရှိ ငလျင်ကြောင့် သေဆုံးသူ ဦးရေ ၃၀ အထိ ရှိလာခဲ့ပြီး၊ ၁၅၀ ကျော် ဒဏ်ရာရခဲ့ရသည်။

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္တု စမ်းသပ်တူးဖော်မည့် စီမံကိန်းအားဒေသခံများ ထပ်မံကန့်ကွက်

Image may contain: 7 people, crowd and outdoor

စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင် မြို့နယ် ဝါးစိမ်းတောင်ဒေသရှိ မြန်မာယန်စီကုမ္ပဏီမှ ဓါတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခြင်း နှင့် ပတ်သက်ပြီး ဒေသခံများသည် မုံရွာမြို့မှာ ဒုတိယအကြိမ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

၂၀၁၉ စက်တင်ဘာ ၂၉ရက်( ၉၉၉) နေ့ မှာ ကြမ္မာဆိုးခဲ့ကြသည့် ထိုင်းစက်မှုတက္ကသိုလ် ကျောင်းသားများ

Image may contain: 3 people

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်း ထိုင်းနိုင်ငံ စမုပရကန် ခရိုင်ဘန်ဖီ အဝေးပြေးလမ်းပေါ် တွင် Sisaket Technical College စီစကက် စက်မှုက္ကသိုလ်ကျောင်းသား ၁၈ ရောက်လိုက်ပါလာသော ပစ်ကပ်ကား အရှိန်အရမ်းမြန်မြန်မောင်းလာခဲ့လို့  တပါတ်လည်တိမ်းမှောက်သွားခဲ့ကာ ကျောင်းသား (၁၄) ဦးသေဆုံးခဲ့ရပြီး ကျန်ကျောင်းသားလေးဦး ဒဏ်ရာပြင်ထန်စွာရသွားခဲ့ကြောင်း သိရှိရသည်။

နေပြည်တော်တွင် အင်အား ၃.၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၃) နာရီ၊ (၅၁)မိနစ်၊ (၅၁)စက္ကန့် အချိန်တွင် နေပြည်တော်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၃) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပျဉ်မနားမြို့၏ အနောက်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၇၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၇)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်လျှက်ရှိစဉ် အိတ်စ်ပို့ တင်ပို့ခြင်းကို အကန့်အသတ်မရှိ အိန္ဒိယပိတ်ပင်


အိန္ဒိယထုတ်ကုန်/သွင်းကုန်အုပ်စုခွဲခြားသတ်မှတ်ခြင်းနည်းဥပဒေ ITC (HS) ပါ အစီအစဉ်-၂၊ အခန်း-၇၊ ကြက်သွန်နီပြည်ပတင်ပို့ခြင်း အမှတ်စဉ် ၅၁ နှင့် ၅၃ ဖော်ပြချက်မှ လွတ်လပ်စွာတင်ပို့နိုင်ခြင်းကို ပြင်ဆင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ တားမြစ်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ကရေးသားဖော်ပြထားကြောင်း သတင်းရရှိသည်။

မဟာမုနိဘုရား၌ ပြည်တွင်း ပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို အသံစနစ်ဖြင့် ကြေညာမည်

Image may contain: 1 person, standing and indoor

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ လာရောက်ကြသည့် တရုတ်ခရီးသွားများ အပါအဝင် ပြည်တွင်းပြည်ပ ခရီးသွားများလိုက်နာရန် စည်းကမ်းချက်များကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ် စသည့် ဘာသာစကားသုံးမျိုး အသံစနစ်ဖြင့် ကြေညာမည်ဖြစ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

Friday, September 27, 2019

ထိုင်းစစ်တပ်မှာအသုံးပြုမည့် အမေရိကန်ထုတ် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ်

Image may contain: outdoor

ထိုင်းနိုင်ငံ ကြည်းတပ် တပ်ဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံလုပ် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် American-made helicopters ၈ စီးကို ၀ယ်ယူအသုံးပြုသွားမယ်လို့ သိရပါတယ်။ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၄.၂ ဘီလီယံ (စတာလင်ပေါင် ၁၁၁.၄ မီလီယံပေါင်) ကုန်ကျမယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Boeing Co. AH-6i light attack reconnaissance helicopters စုစုပေါင်း ၈ စီး ၀ယ်ယူရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ရေနံဈေးများကျဆင်းနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တက်နေ

No photo description available.

စက်တင်ဘာလအတွင်းမှာ ဆော်ဒီရေနံ လုပ်ငန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့တွက် ထိခိုက်ဆုံးရှုံးမှုတွေရှိပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်သွားတဲ့အတွက် ပြည်တွင်းက စက်သုံးဆီဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ရားမဝင် ခိုးဝင်ရောက်ရှိလာသည့် ဘင်္ဂါလီ ၂၉ ဦးဖမ်းမိ

Image may contain: one or more people, people sitting and indoor

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စုရှိ ကားလမ်းမိုင်တိုင်အမှတ် ၁၆ /၁-၂ တွင် အထောက်အထားမဲ့ ခိုးဝင်ရောက်ရှိလာသည့် ဘင်္ဂါလီ ၂၉ ဦးကို ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Thursday, September 26, 2019

လူတစ်ယောက်ကိုသေအောင် နောက်ပြောင်ခြင်းကို မပြုလုပ်သင့်ပါ

Image may contain: one or more people, people standing and indoor

ဒီနေ့ ရန်ကုန်ဆေးရုံ့ကြီးကနေ ထိန်ပင်ပို့မယ့် dead body သယ်ဖို့သွားရင်း သေဆုံးသူရဲ့ ဇနီးနဲ့တွေ့တော့ အလောင်းမှာ ဝတ်ဖို့ အဝတ်အစားပါလား အစ်မ?

"မြမြ" ရုပ်ရှင်အတွက် ကန်တော့ပွဲအခမ်းအနားကျင်းပပြုလုပ်

Image may contain: 3 people, people smiling, people standing
မြစိမ်းရောင်ဆရာတော်ဘုရားကိုယ်တိုင်ဦးစီးစီစဉ်တဲ့ "မြမြ"ရုပ်ရှင်ဇာတ်ကားရဲ့ ကန်တော့ပွဲပေးအခမ်းအနားကို ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၏အောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ခရီးသွားနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တင်းကြပ်ထား

Image may contain: 5 people, people standing

ယနေ့နေပြည်တော်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ခရီးသွားနေ့ အထမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တင်းကြပ်ထားကြောင်း တွေ့ရှိရသည်။

👏ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြှော်ရန် ကျန်းမာရေးမကောင်းသောအဖိုးအို၏ နောက်ဆုံးဆန္ဒပြည့်ဝ👏

Image may contain: 1 person, sitting

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်စောစောတွင် မွန်ပြည်နယ် စက်စဲမြို့သို့ ပြန်မည့် အဆုတ်ကင်ဆာ လူနာအဖိုး၏ အပြင်းပြဆုံး ဆန္ဒတစ်ခုအား ဖြည့်ဆည်းပေးခဲ့ပါသည်။