Friday, September 27, 2019

ထိုင္းစစ္တပ္မွာအသံုးျပဳမည့္ အေမရိကန္ထုတ္ အေပါ့စားတိုက္ခိုက္ေရးရဟတ္ယာဥ္

Image may contain: outdoor

ထိုင္းႏိုင္ငံ ၾကည္းတပ္ တပ္ဖြဲ႕အေနနဲ႔ အေမရိကန္ႏိုင္ငံလုပ္ အေပါ့စားတိုက္ခိုက္ေရးရဟတ္ယာဥ္ American-made helicopters ၈ စီးကို ၀ယ္ယူအသံုးျပဳသြားမယ္လို႔ သိရပါတယ္။ တန္ဖိုးအားျဖင့္ ထိုင္းဘတ္ေငြ ၄.၂ ဘီလီယံ (စတာလင္ေပါင္ ၁၁၁.၄ မီလီယံေပါင္) ကုန္က်မယ္လို႔ ထိုင္းစစ္တပ္ ေျပာခြင့္ရသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ Boeing Co. AH-6i light attack reconnaissance helicopters စုစုေပါင္း ၈ စီး ၀ယ္ယူေရးေဆာင္ရြက္သြားမွာျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လတုန္းကလည္း ထိုင္းၾကည္းတပ္အေနနဲ႔ အေမရိကန္ႏိုင္ငံလုပ္ U.S.-made Stryker armoured personnel carriers ၇၀ စီးကို ၀ယ္ယူေရးျပဳလုပ္ဖို႔ ထိုင္းဘတ္ေငြ ၃.၇ ဘီလီယံနဲ႔ သေဘာတူညီမႈ ျပဳလုပ္ခဲ့ၾကၿပီးျဖစ္ပါတယ္။ ထိုင္းနဲ႔ အေမရိကန္တို႔ဟာ လြန္ခဲ့တဲ့ကာလမ်ားကတည္းက စစ္ဘက္ဆိုင္ရာ အတူပူးေပါင္းေဆာင္ရြက္မႈေတြ နီးနီးစပ္စပ္ကို ရွိခဲ့ပါတယ္။ ထိုင္းႏိုင္ငံအေနနဲ႔ တပ္မေတာ္ကို အဆင့္ျမွင့္တင္မႈေတြ ျပဳလုပ္ေနတဲ့ေနရာမွာ လက္နက္ေတြ ၀ယ္ယူအသံုးျပဳမႈကိုေတာ့ ႏိုင္ငံအေတာ္မ်ားမ်ားနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ေနျခင္းျဖစ္ပါတယ္။ စက္တင္ဘာလဆန္းပိုင္းတုန္းကလည္း ေတာ္၀င္ထိုင္းေရတပ္မွာ တပ္ေတာ္၀င္အသံုးျပဳသြားမဲ့ LPD တစ္စီးကို တရုတ္ႏိုင္ငံနဲ႔ ခ်ိတ္ဆက္တည္ေဆာက္သြားဖို႔ သေဘာတူညီမႈေတြ ျပဳလုပ္ခဲ့ေၾကာင္း သိရွိရပါတယ္။
Image may contain: sky, outdoor and nature
Image may contain: outdoor
Image may contain: one or more people, people sitting and indoor
No photo description available.
Image may contain: text
No photo description available.
Image may contain: text
Image may contain: text
No photo description available.
<Unicode>
ထိုင်းစစ်တပ်မှာအသုံးပြုမည့် အမေရိကန်ထုတ် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ်
Friday, September 27, 2019

ထိုင်းနိုင်ငံ ကြည်းတပ် တပ်ဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံလုပ် အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် American-made helicopters ၈ စီးကို ဝယ်ယူအသုံးပြုသွားမယ်လို့ သိရပါတယ်။ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၄.၂ ဘီလီယံ (စတာလင်ပေါင် ၁၁၁.၄ မီလီယံပေါင်) ကုန်ကျမယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ Boeing Co. AH-6i light attack reconnaissance helicopters စုစုပေါင်း ၈ စီး ဝယ်ယူရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လတုန်းကလည်း ထိုင်းကြည်းတပ်အနေနဲ့ အမေရိကန်နိုင်ငံလုပ် U.S.-made Stryker armoured personnel carriers ၇၀ စီးကို ဝယ်ယူရေးပြုလုပ်ဖို့ ထိုင်းဘတ်ငွေ ၃.၇ ဘီလီယံနဲ့ သဘောတူညီမှု ပြုလုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ ထိုင်းနဲ့ အမေရိကန်တို့ဟာ လွန်ခဲ့တဲ့ကာလများကတည်းက စစ်ဘက်ဆိုင်ရာ အတူပူးပေါင်းဆောင်ရွက်မှုတွေ နီးနီးစပ်စပ်ကို ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ တပ်မတော်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတဲ့နေရာမှာ လက်နက်တွေ ဝယ်ယူအသုံးပြုမှုကိုတော့ နိုင်ငံအတော်များများနဲ့ ချိတ်ဆက်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ စက်တင်ဘာလဆန်းပိုင်းတုန်းကလည်း တော်ဝင်ထိုင်းရေတပ်မှာ တပ်တော်ဝင်အသုံးပြုသွားမဲ့ LPD တစ်စီးကို တရုတ်နိုင်ငံနဲ့ ချိတ်ဆက်တည်ဆောက်သွားဖို့ သဘောတူညီမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

0 comments:

Post a Comment