Friday, September 27, 2019

ကမာၻ႔ေရနံေဈးမ်ားက်ဆင္းေနေသာ္လည္း ျပည္တြင္းစက္သုံးဆီေဈးမ်ား ဆက္တက္ေန

No photo description available.

စက္တင္ဘာလအတြင္းမွာ ေဆာ္ဒီေရနံ လုပ္ငန္းေတြကို ဒ႐ုန္းနဲ႔တိုက္ခိုက္ခံရတဲ့တြက္ ထိခိုက္ဆုံးရႈံးမႈေတြရွိၿပီး ကမာၻ႔ေရနံေဈးႏႈန္းေတြ ျမင့္တက္သြားတဲ့အတြက္ ျပည္တြင္းက စက္သုံးဆီေဈးႏႈန္းေတြလည္း လိုက္ပါျမင့္တက္ခဲ့ေၾကာင္း သိရွိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁ ရက္ေန႔မွာ လူသုံးမ်ားတဲ့ ေအာက္တိန္း ၉၂ ရဲ႕တစ္လီတာေဈးႏႈန္းဟာ က်ပ္ ၇၈၀ ဝန္းက်င္သာ ရွိခဲ့ၿပီး လက္ရွိမွာ ေအာက္တိန္း ၉၂ ရဲ႕ တစ္လီတာေဈးႏႈန္းဟာ ၈၆၅ က်ပ္ ရွိတဲ့အတြက္ တစ္လအတြင္းမွာ တစ္လီတာ ၈၅ က်ပ္အထိ ျမင့္တက္ေနတာ ျဖစ္ပါတယ္။
ဒ႐ုန္းနဲ႔တိုက္ခိုက္တဲ့ ျပႆနာေတြေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းဟာ တစ္စည္ကို ၆၃ ေဒၚလာဝန္းက်င္အထိ ျမင့္တက္ခဲ့ရာက မၾကာမီ အရင္လို ျပန္လည္ထုတ္လုပ္ႏိုင္ေတာ့မယ္ဆိုတဲ့ သတင္းေတြေၾကာင့္ ကမာၻ႔ေရနံေဈးႏႈန္းဟာ ၅၈ ေဒၚလာအထိ ျပန္လည္က်ဆင္းလာပါတယ္။
ေဆာ္ဒီေရနံလုပ္ငန္းေတြကို ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ ေဆာ္ဒီရဲ႕ ေရနံထုတ္လုပ္မႈပမာဏ စုစုေပါင္းရဲ႕တစ္ဝက္ေက်ာ္ေလာက္ကို ထိခိုက္ခဲ့ၿပီး ရပ္နားထားရပါတယ္။ သည္လကုန္မွာေတာ့ အဲသည္ ရပ္နားထားရတဲ့ လုပ္ငန္းေတြဟာ ျပန္လည္စတင္ႏိုင္မွာ ျဖစ္တယ္လို႔ ေဆာ္ဒီက ေၾကညာထားၿပီးျဖစ္တယ္။ အဲဒါေၾကာင့္ ေရနံအဝယ္လုပ္တာေတြ ထိန္းကုန္ၾကရာကေန ေရနံေဈးဟာ အက်ဘက္ကို ျပန္ေရာက္လာပါတယ္။
သည္တစ္ပတ္ထဲမွာ က်င္းပမယ့္ ကုလသမဂၢအေထြေထြညီလာခံကိုအီရန္အေနနဲ႔တက္ေရာက္ခြင့္မရေအာင္ ဗီဇာပိတ္ဖို႔အထိ လုပ္ေဆာင္မယ္လို႔အသံ ထြက္ခဲ့ေပမဲ့ ဂ်ာမနီနဲ႔ ျပင္သစ္တို႔လို ႏိုင္ငံေတြက ေတာင္းဆိုခဲ့တာေၾကာင့္ အီရန္ေခါင္းေဆာင္ကို တက္ခြင့္ျပဳမယ္လို႔ ဆိုလာျပန္တယ္။ အဲသည္ညီလာခံမွာ အီရန္အေရးအေပၚ ေဆြးေႏြးၾကၿပီး ဆုံးျဖတ္ခ်က္တစ္ခုခု ခ်မွတ္သြားႏိုင္တဲ့ အေနအထားကေရနံေဈးကြက္ကို ေမာင္းႏွင္သြားဖို႔ ရွိႏိုင္ပါတယ္။
<<unicode>>
ကမ္ဘာ့ရေနံဈေးများကျဆင်းနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများ ဆက်တက်နေ
Friday, September 27, 2019

စက်တင်ဘာလအတွင်းမှာ ဆော်ဒီရေနံ လုပ်ငန်းတွေကို ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့တွက် ထိခိုက်ဆုံးရှုံးမှုတွေရှိပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်သွားတဲ့အတွက် ပြည်တွင်းက စက်သုံးဆီဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ လူသုံးများတဲ့ အောက်တိန်း ၉၂ ရဲ့တစ်လီတာဈေးနှုန်းဟာ ကျပ် ၇၈၀ ဝန်းကျင်သာ ရှိခဲ့ပြီး လက်ရှိမှာ အောက်တိန်း ၉၂ ရဲ့ တစ်လီတာဈေးနှုန်းဟာ ၈၆၅ ကျပ် ရှိတဲ့အတွက် တစ်လအတွင်းမှာ တစ်လီတာ ၈၅ ကျပ်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်တဲ့ ပြဿနာတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းဟာ တစ်စည်ကို ၆၃ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ရာက မကြာမီ အရင်လို ပြန်လည်ထုတ်လုပ်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းဟာ ၅၈ ဒေါ်လာအထိ ပြန်လည်ကျဆင်းလာပါတယ်။
ဆော်ဒီရေနံလုပ်ငန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှုပမာဏ စုစုပေါင်းရဲ့တစ်ဝက်ကျော်လောက်ကို ထိခိုက်ခဲ့ပြီး ရပ်နားထားရပါတယ်။ သည်လကုန်မှာတော့ အဲသည် ရပ်နားထားရတဲ့ လုပ်ငန်းတွေဟာ ပြန်လည်စတင်နိုင်မှာ ဖြစ်တယ်လို့ ဆော်ဒီက ကြေညာထားပြီးဖြစ်တယ်။ အဲဒါကြောင့် ရေနံအဝယ်လုပ်တာတွေ ထိန်းကုန်ကြရာကနေ ရေနံဈေးဟာ အကျဘက်ကို ပြန်ရောက်လာပါတယ်။
သည်တစ်ပတ်ထဲမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံကိုအီရန်အနေနဲ့တက်ရောက်ခွင့်မရအောင် ဗီဇာပိတ်ဖို့အထိ လုပ်ဆောင်မယ်လို့အသံ ထွက်ခဲ့ပေမဲ့ ဂျာမနီနဲ့ ပြင်သစ်တို့လို နိုင်ငံတွေက တောင်းဆိုခဲ့တာကြောင့် အီရန်ခေါင်းဆောင်ကို တက်ခွင့်ပြုမယ်လို့ ဆိုလာပြန်တယ်။ အဲသည်ညီလာခံမှာ အီရန်အရေးအပေါ် ဆွေးနွေးကြပြီး ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်သွားနိုင်တဲ့ အနေအထားကရေနံဈေးကွက်ကို မောင်းနှင်သွားဖို့ ရှိနိုင်ပါတယ်။

0 comments:

Post a Comment