Sunday, September 29, 2019

ျပည္တြင္းၾကက္သြန္နီေစ်း ျမင့္တက္လွ်က္ရွိစဥ္ အိတ္စ္ပို႔ တင္ပို႔ျခင္းကို အကန္႔အသတ္မရွိ အိႏၵိယပိတ္ပင္


အိႏၵိယထုတ္ကုန္/သြင္းကုန္အုပ္စုခြဲျခားသတ္မွတ္ျခင္းနည္းဥပေဒ ITC (HS) ပါ အစီအစဥ္-၂၊ အခန္း-၇၊ ၾကက္သြန္နီျပည္ပတင္ပို႔ျခင္း အမွတ္စဥ္ ၅၁ ႏွင့္ ၅၃ ေဖာ္ျပခ်က္မွ လြတ္လပ္စြာတင္ပို႔ႏိုင္ျခင္းကို ျပင္ဆင္၍ ေနာက္ထပ္အမိန္႔တစ္စံုတစ္ရာ မထုတ္ျပန္မီအထိ တားျမစ္လိုက္ေၾကာင္း အိႏၵိယအစိုးရက ေၾကညာသည္ဟု ဘဂၤလားအေျခစိုက္ bdnews24 ကေရးသားေဖာ္ျပထားေၾကာင္း သတင္းရရွိသည္။

အထက္ေဖာ္ျပသည့္အတိုင္း ၾကက္သြန္နီအမ်ိဳးကြဲအားလံုး ျပည္ပတင္ပို႔ျခင္းကို ခ်က္ခ်င္းအတည္ျဖစ္ေစရန္ တားျမစ္လိုက္ေၾကာင္း သိရွိရသည္။
စက္တင္ဘာ ၁၃ ရက္ေန႔မွစကာ ျပည္ပပို႔ ၾကက္သြန္နီေစ်းႏွဳန္းကို တစ္တန္လွ်င္ အနည္းဆံုး အေမရိကန္ ေဒၚလာ ၈၅ဝ သတ္မွတ္ေၾကာင္း ျပ႒ာန္းျပီးေနာက္ ယခုကဲ့သို႔ျပည္ပတင္ပို႔ျခင္း ဟန္႔တားအမိန္႔ထုတ္ျပန္ျခင္း ျဖစ္သည္ကို ေတြ႔ရွိရသည္။
အိမ္နီးခ်င္းႏိုင္ငံတြင္ ၾကက္သြန္နီအိတ္စ္ပို႔ ရပ္ဆိုင္းေၾကာင္း သတင္းေၾကာင့္ ဘဂၤလားဒက္ရွ္ႏိုင္ငံ ဒါကာျမိဳ႔ ကုန္ေျခာက္တန္းတြင္ ေန႔စဥ္သံုးဟင္းခတ္အေမႊးအၾကိဳင္ၾကက္သြန္နီေစ်းႏွုန္းမ်ား ခုန္တက္သြားေၾကာင္း သတင္း၌ ဆက္လက္ေဖာ္ျပသည္။
<unicode>
ပြည်တွင်းကြက်သွန်နီဈေး မြင့်တက်လျှက်ရှိစဉ် အိတ်စ်ပို့ တင်ပို့ခြင်းကို အကန့်အသတ်မရှိ အိန္ဒိယပိတ်ပင်
Monday, September 30, 2019

အိန္ဒိယထုတ်ကုန်/သွင်းကုန်အုပ်စုခွဲခြားသတ်မှတ်ခြင်းနည်းဥပဒေ ITC (HS) ပါ အစီအစဉ်-၂၊ အခန်း-၇၊ ကြက်သွန်နီပြည်ပတင်ပို့ခြင်း အမှတ်စဉ် ၅၁ နှင့် ၅၃ ဖော်ပြချက်မှ လွတ်လပ်စွာတင်ပို့နိုင်ခြင်းကို ပြင်ဆင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ တားမြစ်လိုက်ကြောင်း အိန္ဒိယအစိုးရက ကြေညာသည်ဟု ဘင်္ဂလားအခြေစိုက် bdnews24 ကရေးသားဖော်ပြထားကြောင်း သတင်းရရှိသည်။
အထက်ဖော်ပြသည့်အတိုင်း ကြက်သွန်နီအမျိုးကွဲအားလုံး ပြည်ပတင်ပို့ခြင်းကို ချက်ချင်းအတည်ဖြစ်စေရန် တားမြစ်လိုက်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၃ ရက်နေ့မှစကာ ပြည်ပပို့ ကြက်သွန်နီဈေးနှုန်းကို တစ်တန်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၈၅ဝ သတ်မှတ်ကြောင်း ပြဋ္ဌာန်းပြီးနောက် ယခုကဲ့သို့ပြည်ပတင်ပို့ခြင်း ဟန့်တားအမိန့်ထုတ်ပြန်ခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
အိမ်နီးချင်းနိုင်ငံတွင် ကြက်သွန်နီအိတ်စ်ပို့ ရပ်ဆိုင်းကြောင်း သတင်းကြောင့် ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာမြို့ ကုန်ခြောက်တန်းတွင် နေ့စဉ်သုံးဟင်းခတ်အမွှေးအကြိုင်ကြက်သွန်နီဈေးနှုန်းများ ခုန်တက်သွားကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။
#OungMarine

0 comments:

Post a Comment