Thursday, September 26, 2019

လူတစ်ယောက်ကိုသေအောင် နောက်ပြောင်ခြင်းကို မပြုလုပ်သင့်ပါ

Image may contain: one or more people, people standing and indoor

ဒီနေ့ ရန်ကုန်ဆေးရုံ့ကြီးကနေ ထိန်ပင်ပို့မယ့် dead body သယ်ဖို့သွားရင်း သေဆုံးသူရဲ့ ဇနီးနဲ့တွေ့တော့ အလောင်းမှာ ဝတ်ဖို့ အဝတ်အစားပါလား အစ်မ?

မပါဘူး မောင်လေး

သေဆုံးသူက အစ်မနဲ့ဘာတော်လဲ ?
ယောင်္ကျား

ဘယ်လိုသေတာလဲ?
ရေနစ်တာ

ရေဆင်းကူးရင်းသေတာလား အစ်မ?
မဟုတ်ဘူး မောင်လေး
အစ်မယောင်္ကျားက မော်တင်မှာ ဆိုက်ကားနင်းတယ် ။ သူ့သူငယ်ချင်းတွေက ဆိုက်ကားကို ဖွက်ပြီး နောက်ထားတာ။ သူက ဆိုက်ကားပျောက်ပြီဆိုပြီး အုံနာကို သူမရှင်းနိုင်တော့ဘူး ဒုက္ခရောက်ပြီဆိုပြီး မော်တင်ကမ်းနားမှာ ရေထဲ ခုန်ချသွားတာ
( ကိုယ့်ကိုကိုယ် သတ်သေလောက်တဲ့အထိ ငွေကြေးရဲ့ ဖိနှိပ်မှုတွေက ဘယ်လောက်များ ဆိုးရွားစွာ ခံခဲ့ရပြီလဲ.......)

ဆိုးလိုက်တဲ့ အဖြစ်တွေ...........😢
ကျန်ရစ်သူ မိန်းမကို သေစာရင်းမှာ လက်မှတ်ထိုးခိုင်းတော့ ကြက်ခြေခတ်လေးပဲ ခြစ်တတ်တယ်။ စာလုံးဝမရေးတတ်
(ပညာမဲ့ခဲ့ရတဲ့ ဘဝတွေ )

နေတော့ လှိုင်သာယာ ကျူးကျော်တဲ
အသုဘကို လိုက်ပို့တဲ့သူက တစ်ယောက်မှ မရှိ
( လူဆင်းရဲတွေရဲ့ဘဝဟာ နောက်ဆုံးထွက်သက်မှာတောင် လိုက်ပါပို့ဆောင်သူမဲ့)

နောက်ဆုံး မီးသဂြိုလ်စက်ထဲ ထည့်ခါနီးတော့ မှန်ခေါင်းလေးကိုဖွင့် ယောင်္ကျားရဲ့လက်လေးကိုင်ပြီး ငိုနေတဲ့ ဒီအစ်မမျက်နှာ
(လင်မယားဆိုတာ မေတ္တာကိုသာ အခြေခံထားရင် ဘယ်လိုဘဝတွေပဲရောက်ရောက် နောက်ဆုံးထွက်သက်အထိ အတူရှိနေတာပါလား......💕 )

ဒီလောက် ခက်ခဲတဲ့ လူ့ဘဝကို သူတစ်ယောက်ထဲ ဘယ်လိုနည်းနဲ့ ဆက်လျှောက်အုန်းမလဲလို့ ထိန်ပင်သုဿန်ကအပြန် လမ်းတစ်လျှောက်လုံး စဉ်းစားမိရင်း........
လူစဉ်မမှီတဲ့ လူဆင်းရဲဘဝများမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ...
🙏🙏🙏

#CRD KS

0 comments:

Post a Comment