Sunday, September 29, 2019

လႈိင္သာယာၿမိဳ႕နယ္အတြင္း ခိုးမႈက်ဴးလြန္သူမ်ားကို ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ဖမ္းဆီးရမိ

Image may contain: 3 people, sunglasses and text

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉးက 'ခိုးမႈက်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီေဆာင္႐ြက္သြားရန္ ၫႊန္ၾကားခ်က္အရ' ေျမာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕ဝင္မ်ားသည္ ၂၁.၉.၂၀၁၉ ရက္ေန႔ ၂၂၁၅ အခ်ိန္တြင္ လႈိင္သာယာၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးတာဝန္မ်ား ေဆာင္႐ြက္ ေနစဥ္ ခိုးမႈမ်ားက်ဴးလြန္ထားေၾကာင္း ႀကိဳတင္သတင္းရရွိထားသူ ေနရဲလင္း(ခ)ရဲႀကီး၊ ေသာ္ဇင္မိုး(ခ)ဓါးငမိုး ႏွင့္ ေဇာ္မင္းဦး(ခ)တက္တူး တို႔(၃)ဦး အား ေတြ႕ရွိစစ္ေဆးရာ ၎တို႔(၃)ဦးသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ အတြင္း လႈိင္သာယာၿမိဳ႕နယ္၊ (၁၄)ရပ္ကြက္၊ မႏၲေလးလမ္းမေဘးရွိ ေနအိမ္(၁)အိမ္အတြင္းမွ SAMSUNG အမ်ိဳးအစား ဖုန္း(၁)လုံးအား ခိုးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ဖမ္းဆီးခဲ့ၿပီး အျခားခိုးမႈမ်ား က်ဴးလြန္ခဲ့ျခင္းရွိ/မရွိ အေသးစိတ္စစ္ေဆးခဲ့ရာ ၎တို႔(၃)ဦးသည္ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လႏွင့္ စက္တင္ဘာလ မ်ားအတြင္း လႈိင္သာယာၿမိဳ႕နယ္၊ (၇)ရပ္ကြက္၊ ေတးဥယ်ာဥ္(၁၃)လမ္းရွိ အေဆာင္(၁)ခုအတြင္းမွ MI အမ်ိဳး အစား ဖုန္း(၁)လုံး၊ ေအာင္မင္းေခါင္ (၂)လမ္းရွိ အေဆာင္(၁)ခုအတြင္းမွ HUAWEI အမ်ိဳးအစား ဖုန္း(၁)လုံး၊ ဗိုလ္ေအာင္ေက်ာ္လမ္းမေဘးရွိ အေဆာင္(၁)ခုအတြင္းမွ SAMSUNG အမ်ိဳးအစား ဖုန္း(၁)လုံး၊ တံတားျဖဴ မွတ္တိုင္အနီးရွိ ေနအိမ္(၂)အိမ္အတြင္းမွ HUAWEI အမ်ိဳးအစား ဖုန္း(၂)လုံး၊ ေအာင္ေမတၱာလမ္းရွိ ေနအိမ္ (၁)အိမ္အတြင္းမွ VIVO အမ်ိဳးအစား ဖုန္း(၁)လုံး၊ မီးခြက္ေဈးအနီးရွိ အေဆာင္(၁)ေဆာင္အတြင္းမွ VIVO မ်ိဳးအစား ဖုန္း(၁)လုံး၊ (၆)ရပ္ကြက္၊ ခ်မ္းေျမ့လမ္းရွိ အေဆာင္(၁)ေဆာင္အတြင္းမွ MI မ်ိဳးအစား ဖုန္း(၁)လုံး၊ (၈)ရပ္ကြက္၊ ဦးဖိုးလႈိင္လမ္းရွိ အေဆာင္(၁)ေဆာင္အတြင္းမွ MI မ်ိဳးအစား ဖုန္း(၁)လုံး၊ ဦးပုညလမ္းအတြင္းရွိ အေဆာင္(၁)ေဆာင္ အတြင္းမွ MI မ်ိဳးအစား ဖုန္း(၁)လုံး၊ (၅)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းေဘးရွိ အေဆာင္(၁) ေဆာင္အတြင္းမွ Redmi မ်ိဳးအစား ဖုန္း(၁)လုံး၊ (၁၄)ရပ္ကြက္၊ မႏၲေလးလမ္းမေဘးရွိ ေနအိမ္(၁)အိမ္အတြင္းမွ VIVO မ်ိဳးအစား ဖုန္း(၁)လုံး၊ (၁၅)ရပ္ကြက္၊ ႏြယ္နီလမ္းရွိ အေဆာင္(၁)ေဆာင္အတြင္းမွ OPPO မ်ိဳးအစား ဖုန္း(၁)လုံး၊ (၁၀) ရပ္ကြက္၊ ဆင္ျဖဴရွင္လမ္းရွိ ေနအိမ္(၁)အိမ္အတြင္းမွ I Phone 7 မ်ိဳးအစား ဖုန္း(၁)လုံး ႏွင့္ OPPO အမ်ိဳးအစား ဖုန္း(၁)လုံး၊ စိန္ပန္းၿမိဳင္(၃)လမ္းရွိ အေဆာင္(၂)ခုအတြင္းမွ HUAWEI အမ်ိဳးအစား ဖုန္း(၁)လုံး ႏွင့္ VIVO မ်ိဳးအစား ဖုန္း(၁)လုံး၊ စက္မႈဇုန္(၂)၊ မင္းႀကီး မဟာမင္းေခါင္လမ္းရွိ ေနအိမ္(၁)အိမ္ အတြင္းမွ SAMSUNG အမ်ိဳးအစား ဖုန္း(၁)လုံး၊ စက္မႈဇုန္(၃)၊ ဗန္ေမာ္ အတြင္းဝန္လမ္းေဘးရွိ ေဈးဆိုင္(၁)ဆိုင္ အတြင္းမွ HONOR အမ်ိဳးအစား ဖုန္း(၁)လုံး၊ စုစုေပါင္း ဖုန္း(၁၉)လုံး အား ခိုးယူခဲ့ေၾကာင္း ထပ္မံစစ္ေဆး ေပၚေပါက္ခဲ့ပါသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ အမႈမွ သက္ေသခံပစၥည္းမ်ားကို ျပန္လည္သိမ္းဆည္းရရွိၿပီးျဖစ္၍ ခိုးမႉးက်ဴးလြန္သူ ေနရဲလင္း(ခ)ရဲႀကီး ပါ(၃)ဦးအား ဥပေဒႏွင့္အညီ အျမန္တရားစြဲတင္ပို႔ႏိုင္ေရး ေဆာင္႐ြက္ လ်က္ရွိေၾကာင္းႏွင့္ ပိုင္ရွင္မ်ားအေနျဖင့္ လႈိင္သာယာၿမိဳ႕မရဲစခန္းသို႔ စုံစမ္းေမးျမန္းႏိုင္ေၾကာင္း သတင္းရရွိ ပါသည္။

<<Unicode>>
လှိုင်သာယာမြို့နယ်အတွင်း ခိုးမှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
Monday, September 30, 2019

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက 'ခိုးမှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ' မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၂၁.၉.၂၀၁၉ ရက်နေ့ ၂၂၁၅ အချိန်တွင် လှိုင်သာယာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များ ဆောင်ရွက် နေစဉ် ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ နေရဲလင်း(ခ)ရဲကြီး၊ သော်ဇင်မိုး(ခ)ဓါးငမိုး နှင့် ဇော်မင်းဦး(ခ)တက်တူး တို့(၃)ဦး အား တွေ့ရှိစစ်ဆေးရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ အတွင်း လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ များအတွင်း လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ တေးဥယျာဉ်(၁၃)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ MI အမျိုး အစား ဖုန်း(၁)လုံး၊ အောင်မင်းခေါင် (၂)လမ်းရှိ အဆောင်(၁)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး၊ ဗိုလ်အောင်ကျော်လမ်းမဘေးရှိ အဆောင်(၁)ခုအတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ တံတားဖြူ မှတ်တိုင်အနီးရှိ နေအိမ်(၂)အိမ်အတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၂)လုံး၊ အောင်မေတ္တာလမ်းရှိ နေအိမ် (၁)အိမ်အတွင်းမှ VIVO အမျိုးအစား ဖုန်း(၁)လုံး၊ မီးခွက်ဈေးအနီးရှိ အဆောင်(၁)ဆောင်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၆)ရပ်ကွက်၊ ချမ်းမြေ့လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၈)ရပ်ကွက်၊ ဦးဖိုးလှိုင်လမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ ဦးပုညလမ်းအတွင်းရှိ အဆောင်(၁)ဆောင် အတွင်းမှ MI မျိုးအစား ဖုန်း(၁)လုံး၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ အဆောင်(၁) ဆောင်အတွင်းမှ Redmi မျိုးအစား ဖုန်း(၁)လုံး၊ (၁၄)ရပ်ကွက်၊ မန္တလေးလမ်းမဘေးရှိ နေအိမ်(၁)အိမ်အတွင်းမှ VIVO မျိုးအစား ဖုန်း(၁)လုံး၊ (၁၅)ရပ်ကွက်၊ နွယ်နီလမ်းရှိ အဆောင်(၁)ဆောင်အတွင်းမှ OPPO မျိုးအစား ဖုန်း(၁)လုံး၊ (၁၀) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းရှိ နေအိမ်(၁)အိမ်အတွင်းမှ I Phone 7 မျိုးအစား ဖုန်း(၁)လုံး နှင့် OPPO အမျိုးအစား ဖုန်း(၁)လုံး၊ စိန်ပန်းမြိုင်(၃)လမ်းရှိ အဆောင်(၂)ခုအတွင်းမှ HUAWEI အမျိုးအစား ဖုန်း(၁)လုံး နှင့် VIVO မျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၂)၊ မင်းကြီး မဟာမင်းခေါင်လမ်းရှိ နေအိမ်(၁)အိမ် အတွင်းမှ SAMSUNG အမျိုးအစား ဖုန်း(၁)လုံး၊ စက်မှုဇုန်(၃)၊ ဗန်မော် အတွင်းဝန်လမ်းဘေးရှိ ဈေးဆိုင်(၁)ဆိုင် အတွင်းမှ HONOR အမျိုးအစား ဖုန်း(၁)လုံး၊ စုစုပေါင်း ဖုန်း(၁၉)လုံး အား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှူးကျူးလွန်သူ နေရဲလင်း(ခ)ရဲကြီး ပါ(၃)ဦးအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ပိုင်ရှင်များအနေဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိ ပါသည်။
#Yangon_Police

0 comments:

Post a Comment