Sunday, September 29, 2019

၂၀၁၉ စက္တင္ဘာ ၂၉ရက္( ၉၉၉) ေန ့မွာ ၾကမၼာဆိုးခဲ့ၾကသည့္ ထိုင္းစက္မွုတကၠသိုလ္ ေက်ာင္းသားမ်ား

Image may contain: 3 people

စက္တင္ဘာလ ၂၉ ရက္ေန ့နံနက္အေစာပိုင္း ထိုင္းနိုင္ငံ စမုပရကန္ ခရိုင္ဘန္ဖီ အေ၀းေျပးလမ္းေပၚ တြင္ Sisaket Technical College စီစကက္ စက္မွုကၠသိုလ္ေက်ာင္းသား ၁၈ ေရာက္လိုက္ပါလာေသာ ပစ္ကပ္ကား အရွိန္အရမ္းျမန္ျမန္ေမာင္းလာခဲ့လို ့ တပါတ္လည္တိမ္းေမွာက္သြားခဲ့ကာ ေက်ာင္းသား (၁၄) ဦးေသဆံုးခဲ့ရျပီး က်န္ေက်ာင္းသားေလးဦး ဒဏ္ရာျပင္ထန္စြာရသြားခဲ့ေၾကာင္း သိရွိရသည္။

စမုပရကန္ စက္မွူဇုန္မွာ လက္ေတြ ့လာေလ့လာၾကတဲ့ ေက်ာင္းသာေတြဟာ စက္တင္ဘာ ၂၉ ရက္ေန ့မနက္ စတိတ္ရိူးပြဲၾကည့္ျပီးအျပန္ ယခုလိုၾကမၼာဆိုး၀င္သြားခဲ့ျခင္းျဖစ္ပါတယ္။
ယခု ေဖၚျပထားတဲ့ဆလ္ဖီ ဓါတ္ပံုမွတ္တမ္းမ်ားသည္ကားမေမွာက္ခင္ အခ်ိန္ရိုက္ကူးထားတာျဖစ္ၿပီး ယခုလိုေက်ာင္းသား ၁၄ ဦးေသဆံုးရတာဟာ အရွိန္ျမန္လြန္းတဲ့ ပစ္ကပ္ကားေမွာက္တဲ့အခ်ိန္ အမိုးမပါတဲ့ ကားေနာက္ခန္းကေနလြင့္စင္ထြက္ က်ခဲ့ျပီး လမ္းမနဲ ့ရိုက္မိ ေဆာင့္မိကာ ေသဆံုးရတာလို ့ ကယ္ဆယ္ေရး၀န္ထမ္းမ်ား၏ေျပာၾကားခ်က္အရသိရွိရပါသည္။
Image may contain: 12 people, people smiling, selfie
Ref-#SAW

<<Unicode>>
၂၀၁၉ စက်တင်ဘာ ၂၉ရက်( ၉၉၉) နေ့မှာ ကြမ္မာဆိုးခဲ့ကြသည့် ထိုင်းစက်မှုတက္ကသိုလ် ကျောင်းသားများ
Monday, September 30, 2019

စက်တင်ဘာလ ၂၉ ရက်နေ့နံနက်အစောပိုင်း ထိုင်းနိုင်ငံ စမုပရကန် ခရိုင်ဘန်ဖီ အဝေးပြေးလမ်းပေါ် တွင် Sisaket Technical College စီစကက် စက်မှုက္ကသိုလ်ကျောင်းသား ၁၈ ရောက်လိုက်ပါလာသော ပစ်ကပ်ကား အရှိန်အရမ်းမြန်မြန်မောင်းလာခဲ့လို့ တပါတ်လည်တိမ်းမှောက်သွားခဲ့ကာ ကျောင်းသား (၁၄) ဦးသေဆုံးခဲ့ရပြီး ကျန်ကျောင်းသားလေးဦး ဒဏ်ရာပြင်ထန်စွာရသွားခဲ့ကြောင်း သိရှိရသည်။
စမုပရကန် စက်မှူဇုန်မှာ လက်တွေ့လာလေ့လာကြတဲ့ ကျောင်းသာတွေဟာ စက်တင်ဘာ ၂၉ ရက်နေ့မနက် စတိတ်ရိူးပွဲကြည့်ပြီးအပြန် ယခုလိုကြမ္မာဆိုးဝင်သွားခဲ့ခြင်းဖြစ်ပါတယ်။
ယခု ဖေါ်ပြထားတဲ့ဆလ်ဖီ ဓါတ်ပုံမှတ်တမ်းများသည်ကားမမှောက်ခင် အချိန်ရိုက်ကူးထားတာဖြစ်ပြီး ယခုလိုကျောင်းသား ၁၄ ဦးသေဆုံးရတာဟာ အရှိန်မြန်လွန်းတဲ့ ပစ်ကပ်ကားမှောက်တဲ့အချိန် အမိုးမပါတဲ့ ကားနောက်ခန်းကနေလွင့်စင်ထွက် ကျခဲ့ပြီး လမ်းမနဲ့ရိုက်မိ ဆောင့်မိကာ သေဆုံးရတာလို့ ကယ်ဆယ်ရေးဝန်ထမ်းများ၏ပြောကြားချက်အရသိရှိရပါသည်။
Ref-#SAW

0 comments:

Post a Comment