Sunday, September 29, 2019


Image may contain: 7 people, crowd and outdoor


Image may contain: 4 people, outdoor
Image may contain: 6 people, people standing and outdoor
Image may contain: one or more people, people standing, sky and outdoor
<<Unicode>>
ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္တု စမ်းသပ်တူးဖော်မည့် စီမံကိန်းအားဒေသခံများ ထပ်မံကန့်ကွက်
Monday, September 30, 2019

စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင် မြို့နယ် ဝါးစိမ်းတောင်ဒေသရှိ မြန်မာယန်စီကုမ္ပဏီမှ ဓါတ်သတ္တု ရှာဖွေစမ်းသပ်တိုင်းတာခြင်း နှင့် ပတ်သက်ပြီး ဒေသခံများသည် မုံရွာမြို့မှာ ဒုတိယအကြိမ် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
၂၀၁၈ ဒီဇင်ဘာလကပင် တရုတ်နိုင်ငံ ယန်စီကုမ္ပဏီမှ ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္တု စမ်းသပ်တူးဖော်မည့် စီမံကိန်းကို ဒေသခံပြည်သူများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ကုမ္ပဏီမှ သတ္တု စမ်းသပ်ရှာဖွေမည့် စီမံကိန်းနယ်မြေသည် ယင်းမာပင် မြို့နယ်တွင် တည်ရှိပြီး ဧက တစ်သိန်းကျော် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းကြီးကျောင်း ၁၃၉ ကျောင်းနှင့် စက်ရုံမြေ၊သာသနာ့မြေ၊ကြိုးဝိုင်း ကြိုးပြင် သစ်တောမြေများ ပါဝင်မည်ဖြစ်သည်။ အဆိုပါဒေသတွင် နေထိုင်သူ လူဦးရေ ၈ သောင်းကျော်ရှိကြောင်း သိရသည်။

0 comments:

Post a Comment