Sunday, September 29, 2019

ေဆာ္ဒီနယ္စပ္ခ႐ိုင္ေဒသအနီးတိုက္ပြဲ၌ ေဆာ္ဒီစစ္ယာဥ္မ်ားေခ်မႈန္းခံရၿပီး တပ္ဖြဲ႕ဝင္မ်ားအျပားဖမ္းဆီးခံရ

Image may contain: one or more people and outdoor

ေဆာ္ဒီနယ္စပ္ နာ့ဂ်္ရမ္ ခ႐ိုင္ေဒသအနီး ယီမင္ေျမအား စိုးမိုးရန္ႀကိဳးစားသည့္ ေဆာ္ဒီဦးေဆာင္ တိုက္ပြဲ၌ ေဆာ္ဒီအာေရးဗီးယားေတာင္ပိုင္းနယ္စပ္ နာ့ဂ်္ရမ္ ခ႐ိုင္ေဒသအနီးတိုက္ပြဲ၌ အင္အား ၇,၀၀၀ ခန္႔ရွိမည့္ ေဆာ္ဒီဦးေဆာင္ တပ္မဟာ ၃ ခုကို ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း ဟူသီေျပာေရးဆိုခြင့္ရွိသူ အဆိုအရ သိရွိရသည္။

လေပါင္းမ်ားစြာအခ်ိန္ယူျပင္ဆင္ခဲ့သည့္ ထိုးစစ္ကို လြန္ခဲ့သည့္ရက္မ်ား၌ ဟူသီတို႔က စတင္ဆင္ႏႊဲခဲ့ျခင္း ျဖစ္သည္။အင္အားအလုံးအရင္းျဖင့္ ခ်ီတက္လာေသာ ေဆာ္ဒီစစ္ဖက္ယာဥ္တန္းကို က်ဥ္းေျမာင္းေတာင္ၾကားအနီး ၿခဳံခိုတိုက္ခိုက္ျခင္းျဖစ္သည္။ ယာဥ္တန္းတြင္ ကေနဒါလုပ္ LAV-25s ဟု မွန္းဆရေသာ စစ္သည္တင္ သံခ်ပ္ကာယာဥ္အမ်ားအျပားပါဝင္ၿပီး ဟူသီတို႔က လက္လုပ္ဗုံး၊ လက္နက္ႀကီး လက္နက္ငယ္တို႔အသုံးျပဳ၍ တိုက္ခိုက္ေၾကာင္း သိရွိရသည္။
ေဆာ္ဒီဖက္မွ အက်အဆုံးအလြန္မ်ားၿပီး ေဒသတြင္းမွ စုေဆာင္းထားေသာ ကေလးစစ္သားမ်ားအပါဝင္၊ တပ္ဖြဲ႕ဝင္ ၂,၀၀၀ ခန္႔မွာ လက္နက္ခ် အညံ့ခံေၾကာင္း၊ ဆုတ္ခြာသြားေသာ တပ္ဖြဲဝင္တို႔ကို ေဆာ္ဒီစစ္ေလယာဥ္ မ်ားက လိုက္လံတိုက္ခိုက္ေနသည္ကို ေတြ႕ျမင္ရေၾကာင္း ဟူသီတို႔က ေျပာဆိုသည္။
ေဆာ္ဒီဖက္မွ ၆ ေျပာင္းတြဲ APCs စက္ေသနတ္ႀကီးမ်ားအပါအဝင္ အေမရိကန္လုပ္ Oshkosh မိုင္းဒါဏ္ခံ ယာဥ္ႏွင့္ စက္ေသနတ္တင္ တိုယိုတာေမာ္ေတာ္ယာဥ္အမ်ားအျပားမွာ ေနရာ၌ပင္ ဖ်က္ဆီးျခင္းခံရသည္။ သံခ်ပ္ကာႏွင့္ အေပါ့စားစစ္ယာဥ္မ်ား၊ လက္နက္ႀကီးမ်ား၊ က်ည္ေသတၱာမ်ား၊ ေရာ့ကက္ေလာင္ခ်ာမ်ားႏွင့္ စစ္ဝတ္စုံအေျမာက္အမ်ားကို ဟူသီတို႔က တိုက္ခိုက္သိမ္းယူႏိုင္သည္။
ဖမ္းဆီးရမိသူမ်ားတြင္ ေဒသတြင္းျပည္ပႏိုင္ငံမ်ားမွ စစ္သားမ်ားႏွင့္ ေဆာ္ဒီအႀကီးတန္းအရာရွိမ်ားပါဝင္သည္။ ေဆာ္ဒီစစ္ဖက္ရာထူးတပ္ဆင္ထားေသာ ယူနီေဖာင္းဝတ္ဆင္ထားမ်ား၊ ေဆာ္ဒီအမွတ္အသားပါ သံခ်ပ္ကာ ယာဥ္မ်ားအား ဖမ္းဆီးသိမ္းယူႏိုင္ခဲ့ေၾကာင္း ဟူသီမွတ္တမ္းဗြီဒီယိုက ႐ိုက္ကူးတင္ျပထားသည္။
ထိုးစစ္မွာ ယခုလအတြင္း ဒုတိယအႀကိမ္ေျမာက္ျဖစ္ၿပီး ဗြီဒီယိုႏွင့္ပတ္သက္၍ ေဆာ္ဒီတပ္မေတာ္ဖက္မွ တစ္စုံတစ္ရာ သတင္းထုတ္ျပန္ျခင္း မေတြ႕ရေခ်။ စက္တင္ဘာလတြင္ ေဆာ္ဒီေရနံခ်က္စက္႐ုံမ်ားအား ဟူသီတို႔က မစ္ဆိုင္းလ္၊ ဒ႐ုန္းမ်ားအသုံးျပဳ၍ ေအာ္ျမင္စြာတိုက္ခိုက္ခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္ ေဆာ္ဒီႏွင့္ အေမရိကန္ကဲ့သို႔ ႏိုင္ငံမ်ားက မည္သည့္ေနရာမွ ပစ္လႊတ္တိုက္ခိုက္သည္ကို အတိအက်မေျပာႏိုင္ပဲ အီရန္အေပၚ၌သာ အျပစ္ပုံခ်ဆဲျဖစ္သည္။
အေမရိကန္ႏွင့္ ၿဗိတိန္ေက်ာ္ေထာက္ေနာက္ခံျပဳ ေဆာဒီဦးေဆာင္ၫြန္႔ေပါင္းတို႔သည္ ဖယ္ရွားခံယီမင္သမၼတ မန္ဆာဟာဒီအား ျပန္လည္အာဏာအပ္ႏွင္းေရးအတြက္ ယီမင္ျပည္တြင္းစစ္တြင္ ၂၀၁၅ ခုႏွစ္မွ စတင္ကာ ဝင္ေရာက္ပါဝင္လွ်က္ရွိသည္။ ယီမင္ပဋိပကၡသည္ လူသန္းေပါင္းမ်ားစြာတို႔အား က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ သန္႔ရွင္းေသာ ေသာက္သုံးေရ ျပတ္လပ္ေစခဲ့သည္။ အခ်ိဳ႕မွာ ႏိုင္ငံတကာအကူအညီေပးေရးအဖြဲ႕မ်ား၏ အေထာက္အပံ့အေပၚ မွီခိုအသက္ရွင္ေနရသည့္အထိ မ်က္ေမွာက္ကမာၻတြင္ အဆိုး႐ြားဆုံး လူသားမ်ိဳး ႏြယ္ဆိုင္ရာ အၾကပ္အတည္းကို ဖန္တီးရာ ေရာက္ခဲ့သည္။
တိုက္ခိုက္ခံရေသာ ေဆာ္ဒီေရနံစက္႐ုံမ်ားမွာလည္း ႏိုင္ငံအေရွ႕ပိုင္းတြင္ တည္ရွိ၍ ယီမင္ႏွင့္ ေဝးကြာလွပါသည္။ ထို႔ျပင္ အေမရိကန္ေလတပ္အေျခစိုက္စခန္းႏွင့္ တူရကီတိုက္ေလယာဥ္အုပ္တို႔ တပ္စြဲထားရာ ကာတာႏိုင္ငံ အနီးတြင္တည္ရွိသည္။ အီရန္ သို႔မဟုတ္ အီရတ္နယ္ေျမဖက္မွ တိုက္ခိုက္ျခင္းျဖစ္လွ်င္ ေဟာ္မုဇ္ေရလက္ၾကား တစ္ခုလုံး ျဖတ္ေက်ာ္လာရမည္ျဖစ္၍ အေမရိကန္ႏွင့္ တူရကီတို႔က သိႏိုင္ေလာက္ပါသည္။
ပါရွားပင္လယ္ေကြ႕တြင္ ၂၀၁၇ ခုႏွစ္၌ အၾကမ္းဖက္သမားႏွင့္ ပတ္သက္သည္ဟု စြပ္စြဲလွ်က္ ကာတာႏိုင္ငံ အေပၚ ေဆာ္ဒီ- ယူေအအီး-ဘာရိန္း-အီဂ်စ္ အုပ္စုက သံတမန္အဆက္အသြယ္ျဖတ္ေတာက္ျခင္းျဖင့္ အေရး ယူခဲ့သည္။ ကာတာႏိုင္ငံတြင္ အေမရိကန္ေလတပ္အေျခစိုက္စခန္းရွိသကဲ့သို႔ တူရကီ၏ တိုက္ခိုက္ေရး ေလယာဥ္ အုပ္မ်ားလည္း ရွိေနသည္။
အိမ္နီးခ်င္းျဖစ္ေသာ ကာတာက သမိုင္းဝင္ မသင့္ျမတ္သူ အီရန္ႏွင္ ဖက္လွဲတကင္းရွိေနျခင္းမွာ ေဆာ္ဒီအတြက္ စိတ္မသက္သာစရာျဖစ္သည္။
ေဆာ္ဒီအာေရးဗီးယားေတာင္ပိုင္းနယ္စပ္ နာ့ဂ်္ရမ္ ခ႐ိုင္ေဒသအနီး တိုက္ပြဲ၌ ယီမင္သူပုန္တို႔၏ ထိုးစစ္ေအာင္ ျမင္ပုံ ဟူသီတို႔က ဗြီဒီယို႐ုပ္သံမွတ္တမ္းလႊင့္တင္ခဲ့ရာ ေဆာ္ဒီစစ္ယာဥ္မ်ားဖ်က္ဆီးခံရၿပီး၊ ေဆာ္ဒီအရာရွိမ်ားအ ပါဝင္ တပ္ဖြဲ႕ဝင္မ်ားအျပား ဖမ္းဆီးခံရပုံကို ေတြ႕ျမင္ရသည္ဟု Russia Today က ယေန႔ေရးသားသည္။
ေျမျပင္တိုက္ပြဲျဖစ္ပြားစဥ္ မွတ္တမ္းအေသးစိတ္ကို ဟူသီသူပုန္တို႔၏ Al Masirah TV က “ အရွင္ျမတ္က ေအာင္ပြဲခ်ီးျမႇင့္ျခင္း အျဖစ္ ႐ုပ္သံလႊင့္ထုတ္ခဲ့ေၾကာင္း သိရွိရသည္။
Image may contain: one or more people and outdoor
Image may contain: one or more people
Image may contain: one or more people and text

<<Unicode>>
ဆော်ဒီနယ်စပ်ခရိုင်ဒေသအနီးတိုက်ပွဲ၌ ဆော်ဒီစစ်ယာဉ်များချေမှုန်းခံရပြီး တပ်ဖွဲ့ဝင်များအပြားဖမ်းဆီးခံရ
Monday, September 30, 2019

ဆော်ဒီနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီး ယီမင်မြေအား စိုးမိုးရန်ကြိုးစားသည့် ဆော်ဒီဦးဆောင် တိုက်ပွဲ၌ ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီးတိုက်ပွဲ၌ အင်အား ၇,၀၀၀ ခန့်ရှိမည့် ဆော်ဒီဦးဆောင် တပ်မဟာ ၃ ခုကို ချေမှုန်းနိုင်ခဲ့ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူ အဆိုအရ သိရှိရသည်။
လပေါင်းများစွာအချိန်ယူပြင်ဆင်ခဲ့သည့် ထိုးစစ်ကို လွန်ခဲ့သည့်ရက်များ၌ ဟူသီတို့က စတင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။အင်အားအလုံးအရင်းဖြင့် ချီတက်လာသော ဆော်ဒီစစ်ဖက်ယာဉ်တန်းကို ကျဉ်းမြောင်းတောင်ကြားအနီး ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ ယာဉ်တန်းတွင် ကနေဒါလုပ် LAV-25s ဟု မှန်းဆရသော စစ်သည်တင် သံချပ်ကာယာဉ်အများအပြားပါဝင်ပြီး ဟူသီတို့က လက်လုပ်ဗုံး၊ လက်နက်ကြီး လက်နက်ငယ်တို့အသုံးပြု၍ တိုက်ခိုက်ကြောင်း သိရှိရသည်။
ဆော်ဒီဖက်မှ အကျအဆုံးအလွန်များပြီး ဒေသတွင်းမှ စုဆောင်းထားသော ကလေးစစ်သားများအပါဝင်၊ တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့်မှာ လက်နက်ချ အညံ့ခံကြောင်း၊ ဆုတ်ခွာသွားသော တပ်ဖွဲဝင်တို့ကို ဆော်ဒီစစ်လေယာဉ် များက လိုက်လံတိုက်ခိုက်နေသည်ကို တွေ့မြင်ရကြောင်း ဟူသီတို့က ပြောဆိုသည်။
ဆော်ဒီဖက်မှ ၆ ပြောင်းတွဲ APCs စက်သေနတ်ကြီးများအပါအဝင် အမေရိကန်လုပ် Oshkosh မိုင်းဒါဏ်ခံ ယာဉ်နှင့် စက်သေနတ်တင် တိုယိုတာမော်တော်ယာဉ်အများအပြားမှာ နေရာ၌ပင် ဖျက်ဆီးခြင်းခံရသည်။ သံချပ်ကာနှင့် အပေါ့စားစစ်ယာဉ်များ၊ လက်နက်ကြီးများ၊ ကျည်သေတ္တာများ၊ ရော့ကက်လောင်ချာများနှင့် စစ်ဝတ်စုံအမြောက်အများကို ဟူသီတို့က တိုက်ခိုက်သိမ်းယူနိုင်သည်။
ဖမ်းဆီးရမိသူများတွင် ဒေသတွင်းပြည်ပနိုင်ငံများမှ စစ်သားများနှင့် ဆော်ဒီအကြီးတန်းအရာရှိများပါဝင်သည်။ ဆော်ဒီစစ်ဖက်ရာထူးတပ်ဆင်ထားသော ယူနီဖောင်းဝတ်ဆင်ထားများ၊ ဆော်ဒီအမှတ်အသားပါ သံချပ်ကာ ယာဉ်များအား ဖမ်းဆီးသိမ်းယူနိုင်ခဲ့ကြောင်း ဟူသီမှတ်တမ်းဗွီဒီယိုက ရိုက်ကူးတင်ပြထားသည်။
ထိုးစစ်မှာ ယခုလအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဗွီဒီယိုနှင့်ပတ်သက်၍ ဆော်ဒီတပ်မတော်ဖက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရချေ။ စက်တင်ဘာလတွင် ဆော်ဒီရေနံချက်စက်ရုံများအား ဟူသီတို့က မစ်ဆိုင်းလ်၊ ဒရုန်းများအသုံးပြု၍ အော်မြင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ သို့သော် ဆော်ဒီနှင့် အမေရိကန်ကဲ့သို့ နိုင်ငံများက မည်သည့်နေရာမှ ပစ်လွှတ်တိုက်ခိုက်သည်ကို အတိအကျမပြောနိုင်ပဲ အီရန်အပေါ်၌သာ အပြစ်ပုံချဆဲဖြစ်သည်။
အမေရိကန်နှင့် ဗြိတိန်ကျော်ထောက်နောက်ခံပြု ဆောဒီဦးဆောင်ညွန့်ပေါင်းတို့သည် ဖယ်ရှားခံယီမင်သမ္မတ မန်ဆာဟာဒီအား ပြန်လည်အာဏာအပ်နှင်းရေးအတွက် ယီမင်ပြည်တွင်းစစ်တွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ ဝင်ရောက်ပါဝင်လျှက်ရှိသည်။ ယီမင်ပဋိပက္ခသည် လူသန်းပေါင်းများစွာတို့အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်စေခဲ့သည်။ အချို့မှာ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ အထောက်အပံ့အပေါ် မှီခိုအသက်ရှင်နေရသည့်အထိ မျက်မှောက်ကမ္ဘာတွင် အဆိုးရွားဆုံး လူသားမျိုး နွယ်ဆိုင်ရာ အကြပ်အတည်းကို ဖန်တီးရာ ရောက်ခဲ့သည်။
တိုက်ခိုက်ခံရသော ဆော်ဒီရေနံစက်ရုံများမှာလည်း နိုင်ငံအရှေ့ပိုင်းတွင် တည်ရှိ၍ ယီမင်နှင့် ဝေးကွာလှပါသည်။ ထို့ပြင် အမေရိကန်လေတပ်အခြေစိုက်စခန်းနှင့် တူရကီတိုက်လေယာဉ်အုပ်တို့ တပ်စွဲထားရာ ကာတာနိုင်ငံ အနီးတွင်တည်ရှိသည်။ အီရန် သို့မဟုတ် အီရတ်နယ်မြေဖက်မှ တိုက်ခိုက်ခြင်းဖြစ်လျှင် ဟော်မုဇ်ရေလက်ကြား တစ်ခုလုံး ဖြတ်ကျော်လာရမည်ဖြစ်၍ အမေရိကန်နှင့် တူရကီတို့က သိနိုင်လောက်ပါသည်။
ပါရှားပင်လယ်ကွေ့တွင် ၂၀၁၇ ခုနှစ်၌ အကြမ်းဖက်သမားနှင့် ပတ်သက်သည်ဟု စွပ်စွဲလျှက် ကာတာနိုင်ငံ အပေါ် ဆော်ဒီ- ယူအေအီး-ဘာရိန်း-အီဂျစ် အုပ်စုက သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းဖြင့် အရေး ယူခဲ့သည်။ ကာတာနိုင်ငံတွင် အမေရိကန်လေတပ်အခြေစိုက်စခန်းရှိသကဲ့သို့ တူရကီ၏ တိုက်ခိုက်ရေး လေယာဉ် အုပ်များလည်း ရှိနေသည်။
အိမ်နီးချင်းဖြစ်သော ကာတာက သမိုင်းဝင် မသင့်မြတ်သူ အီရန်နှင် ဖက်လှဲတကင်းရှိနေခြင်းမှာ ဆော်ဒီအတွက် စိတ်မသက်သာစရာဖြစ်သည်။
ဆော်ဒီအာရေးဗီးယားတောင်ပိုင်းနယ်စပ် နာ့ဂျ်ရမ် ခရိုင်ဒေသအနီး တိုက်ပွဲ၌ ယီမင်သူပုန်တို့၏ ထိုးစစ်အောင် မြင်ပုံ ဟူသီတို့က ဗွီဒီယိုရုပ်သံမှတ်တမ်းလွှင့်တင်ခဲ့ရာ ဆော်ဒီစစ်ယာဉ်များဖျက်ဆီးခံရပြီး၊ ဆော်ဒီအရာရှိများအ ပါဝင် တပ်ဖွဲ့ဝင်များအပြား ဖမ်းဆီးခံရပုံကို တွေ့မြင်ရသည်ဟု Russia Today က ယနေ့ရေးသားသည်။
မြေပြင်တိုက်ပွဲဖြစ်ပွားစဉ် မှတ်တမ်းအသေးစိတ်ကို ဟူသီသူပုန်တို့၏ Al Masirah TV က “ အရှင်မြတ်က အောင်ပွဲချီးမြှင့်ခြင်း အဖြစ် ရုပ်သံလွှင့်ထုတ်ခဲ့ကြောင်း သိရှိရသည်။
Ref-#Oung_Marine
#Myanmar_Online_News #ဆော်ဒီ #ဟူသီ #ယီမင် #Al_Masirah_TV

0 comments:

Post a Comment