

စက္တင္ဘာလ ၃ဝရက္ေန႔ နံနက္ပိုင္းတြင္ အလုပ္သမားဥပေဒပါ ခံစားခြင့္မ်ားကို အလုပ္ရွင္ဘက္မွ မေပးေသာေၾကာင့္ လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၂)ရွိ လွ်န္ခ်မ္း(စ္) အထည္ခ်ဳပ္ကုမၸဏီမွ အလုပ္သမား ၃၀၀ ေက်ာ္သည္ စက္႐ုံေဘး၌ ဆႏၵထုတ္ေဖာ္ေနေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္(CTUM) မွ ေဒၚႏွင္းသဇင္မွ ေျပာၾကားခဲ့သည္။
လႈိင္သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၂) တြင္ ယေန႔ နံနက္ပိုင္းမွ စတင္ကာ လွ်န္ခ်မ္း(စ္)အထည္ခ်ဳပ္ကုမၸဏီမွ အလုပ္သမား ၃၀၀ ေက်ာ္ခန႔္က စက္႐ုံ၏ မ်က္ႏွာစာေဘးဘက္ ျခမ္းတြင္ ဆႏၵထုတ္ေဖာ္ခဲ့ၿပီး မြန္းလြဲပိုင္း အခ်ိန္ထိ စက္႐ုံဘက္မွ လာေရာက္ညႇိႏႈိင္းျခင္း မရွိေသး ေၾကာင္း သိရသည္။
အလုပ္သမားမ်ားက လုပ္သက္ခြင့္၊ ေရွာင္တစ္ခင္ခြင္ ၊ေဆးခြင့္မ်ားမရွိျခင္း၊ အစိုးရ႐ုံးပိတ္ရက္မ်ားတြင္ နားရက္မရွိျခင္း၊ ညဘက္အခ်ိန္ပိုဆင္းရျခင္းမ်ား ႏွင့္ Sunday ပိတ္ရက္နားခြင့္မရွိ စသည္တို႔ အပါအဝင္အခ်က္ ၂၂ ခ်က္ကို ေတာင္းဆိုထားေၾကာင္း သိရသည္။
<<Unicode>>
လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား၃၀၀ ကျော် အလုပ်သမားဥပဒေပါ ခံစားခွင့်များ မရသောကြောင့် ဆန္ဒထုတ်ဖော်
Monday, September 30, 2019
စက်တင်ဘာလ ၃ဝရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမားဥပဒေပါ ခံစားခွင့်များကို အလုပ်ရှင်ဘက်မှ မပေးသောကြောင့် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)ရှိ လျှန်ချမ်း(စ်) အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ကျော်သည် စက်ရုံဘေး၌ ဆန္ဒထုတ်ဖော်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(CTUM) မှ ဒေါ်နှင်းသဇင်မှ ပြောကြားခဲ့သည်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ လျှန်ချမ်း(စ်)အထည်ချုပ်ကုမ္ပဏီမှ အလုပ်သမား ၃၀၀ ကျော်ခန့်က စက်ရုံ၏ မျက်နှာစာဘေးဘက် ခြမ်းတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး မွန်းလွဲပိုင်း အချိန်ထိ စက်ရုံဘက်မှ လာရောက်ညှိနှိုင်းခြင်း မရှိသေး ကြောင်း သိရသည်။
အလုပ်သမားများက လုပ်သက်ခွင့်၊ ရှောင်တစ်ခင်ခွင် ၊ဆေးခွင့်များမရှိခြင်း၊ အစိုးရရုံးပိတ်ရက်များတွင် နားရက်မရှိခြင်း၊ ညဘက်အချိန်ပိုဆင်းရခြင်းများ နှင့် Sunday ပိတ်ရက်နားခွင့်မရှိ စသည်တို့ အပါအဝင်အချက် ၂၂ ချက်ကို တောင်းဆိုထားကြောင်း သိရသည်။
0 comments:
Post a Comment