Monday, November 4, 2013

God Armyမှ ကရင်ခေါင်းဆောင် အမွှာညီအစ်ကိုနှစ်ဦး နှစ်ပေါင်းများစွာကြာမြင့်အပြီး ထိုင်းနိုင်ငံ၌ ပြန်လည်ဆုံစည်း


မြင့်မြတ်သောတောင်တန်း၏ ဘုရားသခင်တပ်မတော် (God’s Army of the Holy Mountain ) အတိုကောက်အားဖြင့် ဘုရားတပ်မတော်မှ ကရင်ခေါင်းဆောင် ဂျွန်နီ ထူးနှင့် အဩာညီအစ်ကိုနှစ်ဦးသည် နှစ်ပေါင်းများစွာကွဲကွာခဲ့ကြအပြီး ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီပြည်နယ်၊ ဆန်ခလာဘူရီခရိုင်ရှိ စားသောက်ဆိုင်တစ်ခုတွင် ပြန်လည်ဆုံစည်းနိုင်ခဲ့ကြကြောင်း အေပီသတင်း တစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ အဩာညီအစ်ကိုနှစ်ဦးသည် ကရင်တိုင်းရင်းသားများဖြစ်ကြပြီး ၁၉၉၇ မတ်လအတွင်းတွင် ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ကိုးနှစ်အရွယ် ၎င်းတို့ညီအစ်ကိုနှစ်ဦးအား ကရင်ခေါင်းဆောင်တစ်ဦးထံသို့ ခေါင်းဆောင်သွားကာ ယင်းညီအစ်ကိုနှစ်ဦးသည် ကရင်လူမျိုးတို့ကို ကယ်တင် မည့်သူများဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ထူး”ညီအစ်ကိုတို့၌ ထူးခြားသောစွမ်းအင်များပိုင် ဆိုင်ပြီး၊ ကျည်မထွက်ခြင်း၊ မိုင်းမပေါက်ကွဲခြင်းများအပြင် မြေပေါ်တွင် ရှိသော ရိုင်ဖယ်အား စိတ်စွမ်းအင်ဖြင့် ပစ်ခတ်နိုင်ခြင်း အစရှိသောစွမ်းအင် များပိုင်ဆိုင် ကြောင်း ဒေသခံတို့က ယုံကြည်ကြသည်။ 

ဒေသခံတို့အကြား ၌ KNUသည် အကျင့်ပျက်ခြစားခြင်း၊ စစ်ရေး၊ နိုင်ငံရေးတို့တွင် ထိထိ ရောက်ရောက် စွမ်းဆောင်နိုင်မှုမရှိ ခြင်းတို့ကြောင့် “ထူး”ညီအစ်ကိုနှစ်ဦး ဦးဆောင်ဖွဲ့စည်းသည့် ဘုရားသခင် တပ်မတော် အား အာပေးကြိုဆိုခဲ့ကြ သည်။ ဘုရားသခင်တပ်မတော်မှ တပ်ဖွဲ့ဝင်တို့သည် လိင်ဆက်ဆံခြင်း၊ အရက်၊ နွားနို့၊ ဥအမျိုးမျိုးနှင့် ၀က်သားများရှောင်ကြဉ်ကြရသည်။

“ဘုရားသခင်တပ်မတော် သည် လူငယ်အများစုဖြင့် ဖွဲ့စည်းထားပြီး မိန်းကလေးငယ်များလည်း ပါဝင်သည်။ 
အမွှာကလေးငယ်နှစ်ဦးမှ ဦးဆောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်တိုက်ရတာပျော်ဖို့ကောင်းတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ ကျွန်တော် သေရမှာကြောက်ပါတယ်။ စစ်မတိုက်ဘဲ နေလို့ရမယ်ဆိုရင် ဘယ် သူကမှ စစ်တိုက်ချင်မှာ မဟုတ်ပါဘူး”ဟု လူသာထူးက ပြောကြား သည်။

ကရင်ပြည်နယ်အား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန်အတွက် လက်နက် ကိုင်တိုက်ပွဲဝင်ကြသော ကရင် တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များအကြား နှစ်ပေါင်းငါးဆယ်ကျော်ကာလအတွင်း တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ 

၁၉၉၀ပြည့်လွန်နှစ်များ၏ အစောပိုင်း ကာလများတွင်မူ ကရင်ပြည်နယ်အ တွင်း ဖြတ်သန်းဖောက်လုပ် လျက်ရှိသော ရေနံပိုက်လိုင်း လုံခြုံရေး အတွက် မြန်မာစစ်ဘက်မှ အကြီးစား စစ်ဆင် ရေးများ ပြုလုပ်ခဲ့ သည်။

“ဘုရားသခင်းတပ်မတော်””သည် ၂၀၀၁ခုနှစ်၊ ဇန်န၀ါရီ ၁၆ရက် တွင် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ထံ၌ တပ်ဖွဲ့ဝင် ၁၄ဦးပါဝင်၍ လက်နက်ချ ခဲ့ကာ ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းတစ်ခုတွင် နေထိုင်ခဲ့ ကြသည်။ 

၂၀၀၆ ဇူလိုင်လအစောပိုင်းတွင် ဂျွန်နီထူးဦးဆောင်သော“ဘုရား သခင်တပ်မတော်””အဖွဲ့ဝင်ရှစ်ဦးတို့ သည် ဒုက္ခသည် စခန်းမှထွက်ခွာကာ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တွင် လက် နက်ချခဲ့သည်။ 

ဂျွန်နီသည် လက်နက်ချအပြီးတွင် လယ်လုပ်ကိုင် အသက်မွေးခဲ့သော်လည်း နောက်ပိုင်းတွင် ယခင်နေထိုင် ခဲ့ရာ ဒုက္ခသည်စခန်းသို့ ပြန်လည် သွားရောက်ခဲ့သည်။လူသာထူးမှာ ယခုအခါ ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်းမြို့ အနောက်ဘက် ၂၀၈မိုင်ခန့်အကွာရှိ ဂိုတီးမြို့တွင် နေထိုင်လျက်ရှိပြီး စီးပွားရေး၊ သမိုင်းနှင့် အနုပညာ ဘာသာရပ်များ လေ့လာလျက်ရှိသည်။ 

လူသာသည် ဆွီဒင်တွင်နေထိုင်စဉ်အတွင်း ကရင်မိန်းကလေးတစ်ဦးနှင့်လက်ထပ်ကာ သားသမီးတစ်ဦး
ထွန်းကားခဲ့အပြီး ကွာရှင်းခဲ့ရာ ကလေးငယ်မှာ မိခင် ဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိသည်။ ၁၉၉၉-တွင် စွမ်းအားမြင့်ဗမာကျောင်း သားစစ်သည်များအဖွဲ့ ( VBSW)သည် ဘန်ကောက်ရှိ မြန်မာသံရုံးအား ၀င်ရောက်စီးနင်းရာ ထိုင်း အာဏာပိုင်များက ထိုင်း-မြန်မာနယ်စပ်ရှိ “ဘုရားသခင်တပ်မတော်”အခြေ စိုက်ရာဒေသသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သွားခဲ့သည်။ 

“ဘုရားသခင် တပ်မတော်”မှ တပ်ဖွဲ့ဝင် ၁၀ဦးသည် ၂၀၀၀ပြည့်နှစ် ဇန်န၀ါရီလအတွင်းက ထိုင်းနိုင်ငံ ရတ်
ချာဘူရီခရိုင်ရှိ ဆေးရုံ တစ်ရုံအား ၀င်ရောက်စီးနင်းရာ တစ်ကမ္ဘာလုံးမှ အာရုံစိုက်ခြင်းခံခဲ့ရ သည်။ 

၎င်းတို့တပ်ဖွဲ့သည် ဆေးရုံတက် လူနာနှင့် အမှုထမ်း ၈၀၀ခန့်အား ဓားစာခံအဖြစ် ၂၂နာရီကြာ စီးနင်း ထိန်း
သိမ်းထားခဲ့ကြပြီး၊ ကရင်စခန်း များအား ဗုံးကြဲမှုရပ်ဆိုင်းရန်နှင့် ၎င်းတို့၏ ဒဏ်ရာများကုသပေးရန် တောင်းဆိုခဲ့သည်။

People power

0 comments:

Post a Comment